ကိုဗစ်ကုသရေးမှာ အကျင့်ပျက်ခြစားမှုကြောင့် အဖမ်းခံလိုက်ရတဲ့ ဇင်ဘာဘွေ ကျန်းမာရေးဝန်ကြီး

ကိုဗစ်ကုသရေးမှာ အကျင့်ပျက်ခြစားမှုကြောင့် ဇင်ဘာဘွေ ကျန်းမာရေးဝန်ကြီး ဖမ်းဆီးခံရ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်သည့် ဆေးဝါးဆိုင်ရာ ပစ္စည်းကိရိယာများ ထောက်ပံ့မှုနှင့်စပ်လျင်းသော အကျင့်ပျက်ခြစားမှုကြောင့် ဇင်ဘာဘွေ ကျန်းမာရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးဝန်ကြီး အိုဘာဒီယာမိုယိုအား ဖမ်းဆီးခဲ့ကြောင်း ဇင်ဘာဘွေ အဂတိတိုက်ဖျက်ရေးကော်မရှင် (ZACC) က ပြောကြားလိုက်သည်။

ဇင်ဘာဘွေ အဂတိတိုက်ဖျက်ရေးကော်မရှင် (ZACC) က ဝန်ကြီး အိုဘာဒီယာမိုယိုအား ယမန်နေ့ညနေပိုင်းက ဖမ်းဆီးခဲ့မှုကို အတည်ပြုခဲ့သည်။ “ဝန်ကြီး မိုယိုကို လက်ရှိမှာ ရိုဒီဗီလီ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး မနက်ဖြန် ရုံးထုတ်ဖွယ်ရှိပါတယ်” ဟု ZACC ပြော ရေးဆိုခွင့်ရှိသူ ဂျွန်မာကာမူရီက ပြောကြားသည်။

မာကာမူရီ၏ အဆိုအရ ဝန်ကြီး မိုယိုအား ကိုရိုနာဗိုင်းရပ်စ်ကုသရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာဝယ်ယူရေးစာချုပ်မှာ အကျင့်ပျက်ခြစားမှုပြုလုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစိုးရကို ယင်းဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ခဲ့တဲ့

Drax International ကုမ္ပဏီမှ ဒေသဆိုင်ရာ ကိုယ်စားလှယ်ကိုလည်း အလားတူစွဲချက်နဲ့ ဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင်ဇင်ဘာဘွေ အသံလွှင့်ဌာနက ပြောကြားခဲ့ပါတယ်။ ဇင်ဘာဘွေသမ္မတ Emmerson Mnangagwa က အဆိုပါစာချုပ်ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၅၀၀ နီးပါးနဲ့ သေဆုံးသူ ၄ ယောက်ရှိနေတဲ့ ဇင်ဘာဘွေနိုင်ငံဟာ ဆယ်စုနှစ်တစ်ခုကြာ စီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ဆေးဘက်ဆိုင်ရာ မလုံလောက်ခြင်းနဲ့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် ပြည်သူလူထုရဲ့ ဒေါသတွေ တိုးပွားလာခဲ့ပါတယ်။ စီးပွားရေးကျ ဆင်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်

ဇင်ဘာဘွေနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းက စိုးရိမ်ရဆုံးအခြေအနေတစ်ခုသို့ ရောက်ရှိလျက်ရှိသည်။ဇင်ဘာဘွေနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ဧပြီလအတွင်း ၇၈၅ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး စီးပွား ရေးမှာ ပြီးခဲ့သည့်နှစ်က ၈ ဒသမ ၃ ရာခိုင်နှုန်း

ကျဆင်းခဲ့ရာ စိတ်မချရသောဌာနများနှင့် အစိုးရ၏အကျင့်ပျက်ခြစားမှုတို့ကြောင့် ပြည်သူတို့၏အမျက်ဒေါသ ပို၍ကြီးမားလာခဲ့သည်။