တရုတ်ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ကိစ္စ ပြန်လည်စိစစ်ခွင့်ပြုဖို့ အကြံပြုတင်ပြမည်

တရုတ်ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ကိစ္စ ပြန်လည်စိစစ်ခွင့်ပြုဖို့ အကြံပြုတင်ပြမယ်

ရန်ကုန် ၊ ဇွန် ၂၁-၂၀၂၀ သိင်္ဂီ (VOM) တရုတ်ခရီးသွားဧည့်သည်တွေကိုVisa of Arrival ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ကိစ္စ္စအပေါ် ပြင်ဆင်မှုတွေလုပ်ဖို့ ၊ ပြန်လည်စိစစ်ဖို့အတွက် အကြံပြုတင်ပြဖို့ရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနကနေ သိရပါတယ်။ “မြန်မာနိုင်ငံကိုလာရောက်မယ့် တရုတ်ခရီးသွားဧည့်သည်တစ်ဦးတစ်ယောက်ချင်းစီကို

ဗီဇာကင်းလွတ်ခွင့်ပြုခြင်းထက် အုပ်စုလိုက်ခရီးသွားအဖွဲ့တွေကိုသာ ဗီဇာကင်းလွှတ်ခွင့်ပြုဖို့ ဖြစ်ပါတယ်။ လောလောဆယ် ခုလိုအကြံပြုဖို့စဉ်းစားထားတာဖြစ်ပါတယ်။ ဘယ်လိုသဘောတူမလဲ ဆိုတာတော့မသိသေးဘူး။ ဆွေးနွေးမှုတွေလုပ်ရအုံးမှာပါ”လို့ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်အေးဟန်ကပြောပါတယ်။

ဒါဟာ Zero Budget (ဇီးရိုးဘတ်ဂျက်) မဖြစ်အောင်ကာကွယ်နိုင်မှာဖြစ်လို့ ခရီးစဉ်ပြန်ဖွင့်ချိန်ရောက်ရင် အကြံပြုတင်ပြပြီး ဆွေးနွေးမှုတွေလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကိုမလာခင် တရုတ်နိုင်ငံခရီးသွားကုမ္ပဏီနှင့် မြန်မာဘက်က ခရီးသွား ကုမ္ပဏီတို့ဟာ အရင်ဆုံးဆွေးနွေးညှိနိုင်းရမှာဖြစ်ပါတယ်။ ခရီးသွားတွေမလာခင် နိုင်ငံတွင်းသွားလာမယ့် ခရီးစဉ် ၊

နေထိုင်မယ့်ရက် အတိအကျ စတာတွေကို အရင်ဆုံးခရီးစဉ်ရေးဆွဲပြီး ကုန်ကျစရိတ်ကိုတွက်ချက်ကာ ကျသင့်ငွေကို ခရီးစဉ်မလာခင် prepaid စနစ် ပေးချေရမှာဖြစ်ပါတယ်။ ဒီစနစ်ကို အကောင်ထည်ဖော်ခြင်းအားဖြင့် ခရီးစဉ်အတွင်း ပြသာနာ တစ်စုံတစ်ရာရှိပါက အားလုံးကိုချက်ခြင်းသိရှိနိုင်မှာဖြစ်ပြီး ကုမ္ပဏီကနေ တာဝန်ယူခေါ်ဆောင်လာခြင်းဖြစ်လို့

တစ်ဦးတစ်ယောက်ထဲ သွားလာလည်ပတ်နေတဲ့ ခရီးသွားထက် ထိန်းသိမ်းကွပ်ကဲရတာ ပိုအဆင်ပြေမှာဖြစ်တယ်လို့ သိရပါတယ်။ ” လာသမျှလူတိုင်းကို ပေးတာထက် ခုလို တစ်ထစ်တိုးပြီး အုပ်စုပဲပေးမယ်ဆိုတာ ကောင်းပါတယ်။ မဟုတ်လည်း ကိုယ့်နိုင်ငံ လူများတာပဲရှိတယ်၊ ရသင့်တဲ့ ဝင်ငွေလည်းမရဘူးလေ၊ အဲ့တော့ ခုလိုစိစစ်မယ်ဆိုတာကိုကြိုဆိုပါတယ်။

တကယ်လုပ်ဖြစ်ဖို့လည်း တိုက်တွန်းချင်ပါတယ်” ဧည့်လမ်းညွန်တစ်ဦးဖြစ်သူ ကိုဇော်မင်းသူက ပြောပါတယ်။ တရုတ်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာနဲ့ဝင်ခွင့်ကို ၂၀၁၈ အောက်တိုဘာ ၁ ရက်နေ့ကစတင်ပြီး တစ်နှစ်သက်တမ်းနဲ့ ခွင့်ပြုထားတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ တစ်နှစ်သက်တမ်း ထပ်မံတိုးပေးထားတာဖြစ်ပါတယ်။ VOA ခွင့်ပြုပြီးနောက်ပိုင်း

၂၀၁၉ ခုနှစ်မှာ တရုတ်ခရီးသွား ဧည့်သည် ၇ သိန်းကျော်အထိ ဝင်ရောက်မှုရှိခဲ့ပြီး လတ်တလောမှာတော့ ခရီးသွားအားလုံးကို ဝင်ရောက်ခွင့်ပိတ်ထားပဲဖြစ်ပါတယ်။ voiceofmyanmar

Add a Comment

Your email address will not be published. Required fields are marked *