ရထားရဲ တပ္ဖြဲ႕ ရဲမႉးခ်ဳပ္ေဟာင္း ဦးမိုးသန္းေအာင္ အား အသနားခံခဲ့မႈေၾကာင့္ ျပည္ထဲေရး ဝန္ႀကီးဌာနက ေထာင္ဒဏ္တစ္ဝက္ကို ေလွ်ာ့ခ်ေပးလိုက္

ရထားရဲ တပ္ဖြဲ႕ ရဲမႉးခ်ဳပ္ေဟာင္း ဦးမိုးသန္းေအာင္ အား အသနားခံခဲ့မႈေၾကာင့္ ျပည္ထဲေရး ဝန္ႀကီးဌာနက ေထာင္ဒဏ္တစ္ဝက္ကို ေလွ်ာ့ခ်ေပးလိုက္

ဇြန္လ ၁ ရက္ ေန႕ကမွ ရဲတပ္ဖြဲ႕မွ ထုတ္ပယ္ၿပီး ေထာင္ ၁ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ ခံထားရေသာ ရထားရဲတပ္ဖြဲ႕မႉးအျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့သည့္ ရဲမႉးခ်ဳပ္ေဟာင္း ဦးမိုးသန္းေအာင္အား အသနားခံ၊ အယူခံတက္မႈအရ

မူလျပစ္ဒဏ္၏ ထက္ဝက္ကို သက္ဆိုင္ရာ ျပည္ ထဲေရးဝန္ႀကီးဌာနက ေလွ်ာ့ခ်လိဳက္တယ္လို႔ သိရပါတယ္။ ရဲတရား႐ုံးက ရထားရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္မိုးသန္းေအာင္ကို ရဲတပ္ဖြဲ႕မွ ထုတ္ပယ္ကာ ေထာင္ဒဏ္ ၁ ႏွစ္ခ်လိဳက္ၿပီးေနာက္

ကာယကံရွင္၏ အသနားခံ တင္ျပခ်က္အရ မူလျပစ္ဒဏ္ကို ေလွ်ာ့ခ်လိဳက္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ မည္သည့္ ကိစၥေၾကာင့္ အေရးယူခဲ့သ နည္းဆိုသည္ကို ရဲတပ္ဖြဲ႕ ဌာနခ်ဳပ္ဘက္က ရွင္း ရွင္းလင္းလင္း ထုတ္ေဖာ္ေျပာၾကားျခင္း မရွိပါဘူး။

အယူခံ၊အသနားခံမႈသည္ ျပဌာန္းထားသည့္ ရဲစည္းကမ္း ထိန္းသိမ္းေရးဆိုင္ရာ ဥပေဒ၊ နည္း ဥပေဒမ်ားအရ ကာယကံရွင္ဘက္မွ ေဆာင္႐ြက္ ၍ရၿပီး၊

တာဝန္ရွိ သူမ်ား ဘက္ကလည္း ဥပေဒႏွင့္ အညီ စဥ္းစားဆုံးျဖတ္ကာ ေဆာင္႐ြက္၍ ရသည္ဟု အ ၿငိမ္းစား ရဲအရာရွိ တစ္ဦးက ေျပာျပသည္။ ဦးမိုးသန္းေအာင္ ကိစၥမွာ ၂၀၁၀ ေနာက္ပိုင္း ျမန္မာ နိုင္ငံရဲတပ္ဖြဲ႕မွ ရဲမႉးခ်ဳပ္ အဆင့္ရွိ ထိပ္တန္းရဲအ ရာရွိႀကီး အဆင့္ရွိသူအား အလုပ္မွထုတ္ၿပီး

နယ္ဘက္ တရား႐ုံးသို႔ ေထာင္ဒဏ္ ခ်မွတ္လိုက္သည့္ ဒုတိယေျမာက္ ျဖစ္စဥ္ ျဖစ္ေၾကာင္း သိရၿပီး၊ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္ကလည္း စီမံခန႔္ခြဲေရးကိစၥႏွင့္ စပ္လ်ဥ္းၿပီး ရခိုင္နယ္ျခားရဲတပ္ဖြဲ႕ ဌာနခ်ဳပ္ ကြပ္ကဲေရးမႉး ရဲမႉးခ်ဳပ္ေမာင္ေမာင္ခိုင္ကို ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့ေသးေၾကာင္း သိရွိရပါတယ္။

(Unicode version) ရထားရဲ တပ်ဖွဲ့မှူးဟောင်းရဲ့ အသနားခံ မှုကြောင့် ထောင်ဒဏ်တစ်ဝက်ကို လျှော့ချ

ဇွန်လ ၁ ရက် နေ့ကမှ ရဲတပ်ဖွဲ့မှ ထုတ်ပယ်ပြီး ထောင် ၁ နှစ် ပြစ်ဒဏ်ချမှတ် ခံထားရသော ရထားရဲတပ်ဖွဲ့မှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ရဲမှူးချုပ်ဟောင်း ဦးမိုးသန်းအောင်အား
အသနားခံ၊ အယူခံတက်မှုအရ

မူလပြစ်ဒဏ်၏ ထက်ဝက်ကို သက်ဆိုင်ရာ ပြည် ထဲရေးဝန်ကြီးဌာနက လျှော့ချလိုက်တယ်လို့ သိရပါတယ်။ ရဲတရားရုံးက ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မိုးသန်းအောင်ကို ရဲတပ်ဖွဲ့မှ ထုတ်ပယ်ကာ ထောင်ဒဏ် ၁ နှစ်ချလိုက်ပြီးနောက်

ကာယကံရှင်၏ အသနားခံ တင်ပြချက်အရ မူလပြစ်ဒဏ်ကို လျှော့ချလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မည်သည့် ကိစ္စကြောင့် အရေးယူခဲ့သ နည်းဆိုသည်ကို ရဲတပ်ဖွဲ့ ဌာနချုပ်ဘက်က ရှင်း ရှင်းလင်းလင်း ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

အယူခံ၊အသနားခံမှုသည် ပြဌာန်းထားသည့် ရဲစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများအရ ကာယကံရှင်ဘက်မှ ဆောင်ရွက် ၍ရပြီး၊

တာဝန်ရှိ သူများ ဘက်ကလည်း ဥပဒေနှင့် အညီ စဉ်းစားဆုံးဖြတ်ကာ ဆောင်ရွက်၍ ရသည်ဟု အ ငြိမ်းစား ရဲအရာရှိ တစ်ဦးက ပြောပြသည်။ ဦးမိုးသန်းအောင် ကိစ္စမှာ ၂၀၁၀ နောက်ပိုင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် အဆင့်ရှိ ထိပ်တန်းရဲအ ရာရှိကြီး အဆင့်ရှိသူအား အလုပ်မှထုတ်ပြီး

နယ်ဘက် တရားရုံးသို့ ထောင်ဒဏ် ချမှတ်လိုက်သည့် ဒုတိယမြောက် ဖြစ်စဉ် ဖြစ်ကြောင်း သိရပြီး၊ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း စီမံခန့်ခွဲရေးကိစ္စနှင့် စပ်လျဉ်းပြီး ရခိုင်နယ်ခြားရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်မောင်မောင်ခိုင်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သေးကြောင်း သိရှိရပါတယ်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *