အရာရွိ အေယာင္ေဆာင္ၿပီး ကားအစီး (၂၀) ေက်ာ္ကို လိမ္လည္သူအား မူးယစ္ေဆးဝါး ေတြနဲ႕အတူ ၿမိတ္ၿမိဳ႕မွာ ဖမ္းမိ

အရာရွိ အေယာင္ေဆာင္ၿပီး ကားအစီး(၂၀)ေက်ာ္ကို လိမ္လည္သူအား မူးယစ္ေဆးဝါး ေတြနဲ႕အတူ ၿမိတ္ၿမိဳ႕မွာ ဖမ္းမိ

BGF အရာရွိေယာင္ေဆာင္ၿပီး ကားအစီး(၂၀)ေက်ာ္ လိမ္လည္သူကို ၿမိတ္မွာဖမ္းမိ ဇြန္(၂၀)ရက္၊ ၂၀၂၀။ ကရင္ျပည္နယ္၊ နယ္ျခားေစာင့္ တပ္ဖြဲ႕ (BGF) နာမည္နဲ႕ ကားအစီး (၂၀) ေက်ာ္ လိမ္လည္ခဲ့သူကို တနသၤာရီ တိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕မွာ ဖမ္းဆီးရမိခဲ့တယ္လို႔ BGF က သိရပါတယ္။

အဲဒီ ကားအစီး(၂၀) ေက်ာ္ လိမ္ခဲ့သူဟာ အရင္က KNU/ KNLA-PC က တရားခံေျပး အျဖစ္ သတ္မွတ္ထားသူ ျဖစ္ၿပီးေတာ့ ဇြန္လ(၁၈) ရက္ ေန႕ကဖမ္းဆီး ရမိခ်ိန္မွာေတာ့ မူးယစ္ေဆးဝါး ေတြနဲ႕အတူ လက္ဝယ္ ေတြ႕ရွိခဲ့တာလို႔ သိရပါတယ္။

“ဖမ္းဆီးရမိ တာကေတာ့ ဟုတ္တယ္။ အခုေတာ့ ကြၽန္ေတာ္တို႔ ဆီကို မလႊဲေသးဘူး။ ကြၽန္ေတာ္တို႔ ဆီလႊဲရင္ ဥပေဒေၾကာင္း အရ အေရးယူဖို႔ေတာ့ ေျပာ ထား တယ္”လို႔ BGF က ဗိုလ္မႉး နိုင္ေမာင္ေဇာ္က O Media ကို ေျပာပါတယ္။

ဖမ္းဆီး ခံထားရ သူဟာ BGF (၁၀၂၃) တပ္ဖြဲ႕က အရာရွိ အေယာင္ေဆာင္ၿပီး ျပည္သူေတြ ဆီကေန ကားေရာင္းေပးမယ္ ဆိုၿပီးေတာ့ လိမ္လည္တာ ကားတင္သြင္း ေပးမယ္ဆိုၿပီး လိမ္လည္တာေတြ လုပ္ခဲ့တာလို႔ သိရပါတယ္။

ဒါေၾကာင့္ သူ႕ကို (၁၀၂၃) တပ္ဖြဲ႕က သြားေရာက္ ဖမ္း ဆီးခဲ့တာျဖစ္ၿပီး တပ္ဖြဲ႕ဝင္ မဟုတ္တဲ့အတြက္ ရဲတပ္ ဖြဲ႕ဆီ အပ္ႏွံသြားမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဒီရက္ ပိုင္းထဲမွာ BGF တပ္ဖြဲ႕က ဗိုလ္မႉးအေယာင္ေဆာင္ၿပီး

ရန္ကုန္မွာ ေျမကြက္ကိစၥနဲ႕ သိန္း(၅၀၀၀) လိမ္လည္ခဲ့သူကိုလည္း အင္းစိန္ CID က ဖမ္းဆီးထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ Omedia

(Unicode version) အရာရှိ အယောင်ဆောင်ပြီး ကားအစီး (၂၀) ကျော်ကို လိမ်လည်သူအား မူးယစ်ဆေးဝါး တွေနဲ့အတူ မြိတ်မြို့မှာ ဖမ်းမိ

BGF အရာရှိ ယောင်ဆောင်ပြီး ကားအစီး (၂၀) ကျော် လိမ်လည်သူကို မြိတ်မှာဖမ်းမိ ဇွန် (၂၀) ရက်၊ ၂၀၂၀။ ကရင်ပြည်နယ်၊ နယ်ခြားစောင့် တပ်ဖွဲ့ (BGF) နာမည်နဲ့ ကားအစီး (၂၀) ကျော် လိမ်လည်ခဲ့သူကို တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ BGF က သိရပါတယ်။

အဲဒီ ကားအစီး(၂၀) ကျော် လိမ်ခဲ့သူဟာ အရင်က KNU/ KNLA-PC က တရားခံပြေး အဖြစ် သတ်မှတ်ထားသူ ဖြစ်ပြီးတော့ ဇွန်လ (၁၈) ရက် နေ့ကဖမ်းဆီး ရမိချိန်မှာတော့ မူးယစ်ဆေးဝါး တွေနဲ့အတူ လက်ဝယ် တွေ့ရှိခဲ့တာလို့ သိရပါတယ်။

“ဖမ်းဆီးရမိ တာကတော့ ဟုတ်တယ်။ အခုတော့ ကျွန်တော်တို့ ဆီကို မလွှဲသေးဘူး။ ကျွန်တော်တို့ ဆီလွှဲရင် ဥပဒေကြောင်း အရ အရေးယူဖို့တော့ ပြော ထား တယ်”လို့ BGF က ဗိုလ်မှူး နိုင်မောင်ဇော်က O Media ကို ပြောပါတယ်။

ဖမ်းဆီး ခံထားရ သူဟာ BGF (၁၀၂၃) တပ်ဖွဲ့က အရာရှိ အယောင်ဆောင်ပြီး ပြည်သူတွေ ဆီကနေ ကားရောင်းပေးမယ် ဆိုပြီးတော့ လိမ်လည်တာ ကားတင်သွင်း ပေးမယ်ဆိုပြီး လိမ်လည်တာတွေ လုပ်ခဲ့တာလို့ သိရပါတယ်။

ဒါကြောင့် သူ့ကို (၁၀၂၃) တပ်ဖွဲ့က သွားရောက် ဖမ်း ဆီးခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင် မဟုတ်တဲ့အတွက် ရဲတပ် ဖွဲ့ဆီ အပ်နှံသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီရက် ပိုင်းထဲမှာ BGF တပ်ဖွဲ့က ဗိုလ်မှူးအယောင်ဆောင်ပြီး

ရန်ကုန်မှာ မြေကွက်ကိစ္စနဲ့ သိန်း (၅၀၀၀) လိမ် လည်ခဲ့သူကိုလည်း အင်းစိန် CID က ဖမ်းဆီးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ Omedia

Tags: