သဃၤန္းကြၽန္း မလိခအိမ္ရာ လမ္းၾကား၌ ပလုံေကာက္သည့္ လူငယ္တစ္ဦး ဓာတ္လိုက္ေသဆုံး

သဃၤန္းကြၽန္း မလိခအိမ္ရာ လမ္းၾကား၌ ပလုံေကာက္သည့္ လူငယ္တစ္ဦး ဓာတ္လိုက္ေသဆုံး

ရန္ကုန္ၿမိဳ႕ သဃၤန္းကြၽန္းၿမိဳ႕နယ္ ဘဝျမင့္ရပ္ကြက္ မလိခအိမ္ရာ အတြင္းရွိ ေနာက္ေဖးလမ္းၾကား၌ ပလုံေကာက္သည့္ လူငယ္တစ္ဦး ဓာတ္လိုက္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း မိတ္ေဆြေကာင္း နာေရးကူညီမႈအသင္းမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႕ (ဇြန္ ၂၀ရက္) နံနက္ ၉ နာရီခန႔္က သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဘဝျမင့္ရပ္ကြက္၊ မလိခအိမ္ရာအတြင္းရွိ ေနာက္ေဖးလမ္းၾကား၌ အသက္ ၂၈ႏွစ္ခန႔္အ႐ြယ္ အမ်ိဳးသားတစ္ဦး လဲက်ေသဆုံး ေနေၾကာင္း ပတ္ဝန္းက်င္က ေတြ႕ရွိ၍ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားထံ အသိေပး

အေၾကာင္ၾကားး ခဲ့ေၾကာင္း မိတ္ေဆြေကာင္း နာေရးကူညီမႈ အသင္းမွ ဦးလွစန္းက စံေတာ္ခ်ိန္သို႔ ေျပာသည္။ “မနက္ ၉နာရီေလာက္မွာ ပတ္ ဝန္းက်င္က ေနာက္ေဘးလမ္း ၾကားမွာ ပက္ လက္လွန္ပုံစံနဲ႕ ေသဆုံးေနတဲ့ အေနအထားကို ေတြ႕တဲ့အတြက္ သတင္းေပး လာတာပါ။

ျဖစ္တာကေတာ့ ေရစက္ေတြရွိတဲ့ ေနာက္ေဖးလမ္းၾကားမွာပါ “ဟု ဦးလွစန္းက ေျပာသည္။ေသဆုံးသူ၏ ဘယ္ဘက္ ေျခဖမိုး၌ ေလာင္ ကြၽမ္းဒဏ္ရာျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရေၾကာင္း ၎ကေျပာသည္။

“သူက ဓာတ္လိုက္ၿပီး ေသဆုံးတာပါ။ ေနာက္ေဘး လမ္းၾကားမွာ အဝီစိ ေလမႈတ္စက္ ေမာင္းထားတဲ့ အခ်ိန္မွာ သူက ေက်ာ္ၿပီးနင္းေတာ့ သြယ္တန္းထားတဲ့ သံပိုက္နဲ႕ ထိၿပီး ဘယ္ဘက္ေျခခုံေပၚမွာ ေလာင္သြားတဲ့ ပုံပါပဲ။

သူ႕စီမွာ ပလုံေကာက္တဲ့ အိပ္တစ္လုံးလည္း ပါလာတယ္။ ၿပီးေတာ့ ဓာတ္မီးတစ္လုံးပါတယ္”ဟု ကူညီေဆာင္႐ြက္ခဲ့သူ ဦးလွစန္းက ေျပာသည္။ ေသဆုံးသူ၏ ႐ုပ္အေလာင္းအား သဃၤန္းကြၽန္း၊ စံျပေဆး႐ုံႀကီးသို႔

မိတ္ေဆြေကာင္းနာေရးကူညီမႈအသင္းမွ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ သတင္း – မင္းဟိန္း/စံေတာ္ခ်ိန္ ဓာတ္ပုံ – ဦးလွစန္း (မိတ္ေဆြေကာင္းနာေရးကူညီမႈအသင္း)

(Unicode version) သင်္ဃန်းကျွန်း မလိခအိမ် ရာ လမ်းကြား၌ ပလုံကောက်သည့် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်ရပ် ကွက် မလိခအိမ်ရာ အတွင်းရှိ နောက်ဖေးလမ်းကြား၌ ပလုံကောက်သည့် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မိတ်ဆွေကောင်း နာရေးကူညီမှုအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန် ၂၀ရက်) နံနက် ၉ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်၊ မလိခအိမ်ရာအတွင်းရှိ နောက်ဖေးလမ်းကြား၌ အသက် ၂၈နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး လဲကျသေဆုံး နေကြောင်း ပတ်ဝန်းကျင်က တွေ့ရှိ၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ အသိပေး

အကြောင်ကြားး ခဲ့ကြောင်း မိတ်ဆွေကောင်း နာရေးကူညီမှု အသင်းမှ ဦးလှစန်းက စံတော်ချိန်သို့ ပြောသည်။ “မနက် ၉နာရီလောက်မှာ ပတ် ဝန်းကျင်က နောက်ဘေးလမ်း ကြားမှာ ပက် လက်လှန်ပုံစံနဲ့ သေဆုံးနေတဲ့ အနေအထားကို တွေ့တဲ့အတွက် သတင်းပေး လာတာပါ။

ဖြစ်တာကတော့ ရေစက်တွေရှိတဲ့ နောက်ဖေးလမ်းကြားမှာပါ “ဟု ဦးလှစန်းက ပြောသည်။သေဆုံးသူ၏ ဘယ်ဘက် ခြေဖမိုး၌ လောင် ကျွမ်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။

“သူက ဓာတ်လိုက်ပြီး သေဆုံးတာပါ။ နောက်ဘေး လမ်းကြားမှာ အဝီစိ လေမှုတ်စက် မောင်းထားတဲ့ အချိန်မှာ သူက ကျော်ပြီးနင်းတော့ သွယ်တန်းထားတဲ့ သံပိုက်နဲ့ ထိပြီး ဘယ်ဘက်ခြေခုံပေါ်မှာ လောင်သွားတဲ့ ပုံပါပဲ။

သူ့စီမှာ ပလုံကောက်တဲ့ အိပ်တစ်လုံးလည်း ပါလာတယ်။ ပြီးတော့ ဓာတ်မီးတစ်လုံးပါတယ်”ဟု ကူညီဆောင်ရွက်ခဲ့သူ ဦးလှစန်းက ပြောသည်။ သေဆုံးသူ၏ ရုပ်အလောင်းအား သင်္ဃန်းကျွန်း၊ စံပြဆေးရုံကြီးသို့

မိတ်ဆွေကောင်းနာရေးကူညီမှုအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ သတင်း – မင်းဟိန်း/စံတော်ချိန် ဓာတ်ပုံ – ဦးလှစန်း (မိတ်ဆွေကောင်း နာရေးကူညီမှုအသင်း)

Tags: