ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕တြင္ ဝန္ထမ္းအိမ္ရာ ရဲလိုင္ခန္းမွာ လွ်ပ္စစ္ကြၽမ္းက်င္ ဝန္ထမ္းေတြနဲ႕ မတပ္ဆင္တဲ့ မီးပလပ္ခုံေၾကာင့္ ရဲတပ္သား တစ္ဦး၏ ဇနီး ဓာတ္လိုက္ေသဆုံး

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕တြင္ ဝန္ထမ္းအိမ္ရာ ရဲလိုင္ခန္းမွာ လွ်ပ္စစ္ကြၽမ္းက်င္ ဝန္ထမ္းေတြနဲ႕ မတပ္ဆင္တဲ့ မီးပလပ္ခုံေၾကာင့္ ရဲတပ္သား တစ္ဦး၏ ဇနီး ဓာတ္လိုက္ေသဆုံး

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕မွာ ရဲတပ္သားရဲ႕ ဇနီးသည္ ၁ ဦး ဇြန္လ ၁၉ ရက္ေန႕ မနက္ ၁၁ နာရီ အခ်ိန္ေလာက္က ဓာတ္လိုက္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ရဲတပ္ဖြဲ႕ တာဝန္ရွိသူတဦးက “စုံစမ္းစစ္ေဆးလို႔ သိရတာက သူ႕အမ်ိဳးသားက ကင္းတာဝန္က်ေနတယ္။ အိမ္မွာ ကေလးမေလးက သူေနတဲ့ လိုင္းခန္းမွာ ထ မင္းခ်က္ ဟင္းခ်က္ဖို႔ ေနအိမ္မွာ တပ္ဆင္ထားတဲ့ ပ်က္ေနတဲ့ မီးပလပ္ခုံကို ကိုယ္တိုင္သြား ျပင္တယ္လို႔ သိရတယ္။ အဲဒီမွာ ဓာတ္လိုက္ ေသဆုံးသြားတယ္” လို႔  ေျပာပါတယ္။

ေသဆုံးသူမွာ ရဲတပ္သား သက္ဦးရဲ႕ဇနီး မသန္းသန္းစိုး (၂၆-ႏွစ္)ျဖစ္ၿပီး ၂ တန္းအ႐ြယ္ သမီးေလးတဦး ရွိကာ ေမာင္ေတာၿမိဳ႕ ဝန္ထမ္းအိမ္ရာ ရဲရန္ေအာင္လိုင္ခန္းမွာ ေနထိုင္ေနၾကတာ ျဖစ္ပါတယ္။

ဝန္ထမ္းမ်ားအိမ္ရာမွာ ေနထိုင္တဲ့ အေဒၚႀကီးတဦးက  “က်မတို႔လည္း ကေလးငိုသံၾကားလို႔ သြားၾကည့္ၾကတာ။ သမံတလင္းမွာ လဲက်ေနတာေတြလို႔ သက္ ဆိုင္ရာကို အေၾကာင္းၾကားလိုက္ရ တာ။

သူ႕အိမ္ရွင္က ကင္းက်ေနတယ္၊ မီးခလုတ္ကို သူ လာမွျပဳျပင္မယ္၊ မကိုင္နဲ႕လို႔ မွာခဲ့တယ္တဲ့။ သူမက ေစ်းမွာ ဟင္းေတြေရာင္းၿပီး ျပန္လာတာ။ ထမင္းခ်က္ဖို႔လုပ္တဲ့အခါ အခုလိုျဖစ္သြားတာ စိတ္မေကာင္းစရာပဲ” လို႔ ေျပာပါတယ္။

လွ်ပ္စစ္ႀကိဳးေတြ မီးပလပ္ေတြ တပ္ဆင္ရာမွာ လွ်ပ္ စစ္ကြၽမ္းက်င္ ဝန္ထမ္းေတြနဲ႕ မတပ္ဆင္တဲ့ အတြက္ အခုလိုျဖစ္ရတာလို႔ ေမာင္ေတာၿမိဳ႕နယ္လွ်ပ္စစ္႐ုံးမွ တာဝန္ရွိသူတဦးက ေျပာပါတယ္။ “အခုလိုျဖစ္တာ က်ေနာ္တို႔ဆီအေၾကာင္းၾကားတာ မရွိဘူးဗ်။

ဒီဝန္ထမ္း အိမ္ရာေတြမွာ ေနထိုင္ၾကတဲ့ မိသားစုေတြက လွ်ပ္စစ္ကြၽမ္းက်င္ ဝန္ထမ္းေတြနဲ႕ တပ္ဆင္တာ မရွိသေလာက္ဘဲ၊ သူတို႔ဘာသာသူတို႔ တပ္ခ်င္သလို တပ္ ေနၾကတာေတြ ရွိတယ္။ ဒါေၾကာင့္ အခုလို မလိုလားအပ္တဲ့ အသက္ဆုံးရႈံးမႈေတြ ျဖစ္ရတာ။”

အဆိုပါေသဆုံးမႈနဲ႕ပတ္သက္ၿပီး ေသမႈေသခင္းအမွတ္ (၄/၂၀၂၀) နဲ႕ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္၊ မဟုတ္ ရင္ခြဲစစ္ေဆးၿပီး အမႈဖြင့္လွစ္သြားမယ္လို႔ သိရပါတယ္။ Source – DVB

(Unicode version) ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဝန်ထမ်းအိမ်ရာ ရဲလိုင်ခန်းမှာ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းတွေနဲ့ မတပ်ဆင်တဲ့ မီးပ လပ်ခုံကြောင့် ရဲတပ်သား တစ်ဦး၏ ဇနီး ဓာတ်လိုက်သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ရဲတပ်သားရဲ့ ဇနီးသည် ၁ ဦး ဇွန်လ ၁၉ ရက်နေ့ မနက် ၁၁ နာရီ အချိန်လောက်က ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက “စုံစမ်းစစ်ဆေးလို့ သိရတာက သူ့အမျိုးသားက ကင်းတာဝန်ကျနေတယ်။ အိမ်မှာ ကလေးမလေးက သူနေတဲ့ လိုင်းခန်းမှာ ထ မင်းချက် ဟင်းချက်ဖို့ နေအိမ်မှာ တပ်ဆင်ထားတဲ့ ပျက်နေတဲ့ မီးပလပ်ခုံကို ကိုယ်တိုင်သွား ပြင်တယ်လို့ သိရတယ်။ အဲဒီမှာ ဓာတ်လိုက် သေဆုံးသွားတယ်” လို့  ပြောပါတယ်။

သေဆုံးသူမှာ ရဲတပ်သား သက်ဦးရဲ့ဇနီး မသန်းသန်းစိုး (၂၆-နှစ်)ဖြစ်ပြီး ၂ တန်းအရွယ် သမီးလေးတဦး ရှိကာ မောင်တောမြို့ ဝန်ထမ်းအိမ်ရာ ရဲရန်အောင်လိုင်ခန်းမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဝန်ထမ်းများအိမ်ရာမှာ နေထိုင်တဲ့ အဒေါ်ကြီးတဦးက  “ကျမတို့လည်း ကလေးငိုသံကြားလို့ သွားကြည့်ကြတာ။ သမံတလင်းမှာ လဲကျနေတာတွေလို့ သက် ဆိုင်ရာကို အကြောင်းကြားလိုက်ရ တာ။

သူ့အိမ်ရှင်က ကင်းကျနေတယ်၊ မီးခလုတ်ကို သူ လာမှပြုပြင်မယ်၊ မကိုင်နဲ့လို့ မှာခဲ့တယ်တဲ့။ သူမက ဈေးမှာ ဟင်းတွေရောင်းပြီး ပြန်လာတာ။ ထမင်းချက်ဖို့လုပ်တဲ့အခါ အခုလိုဖြစ်သွားတာ စိတ်မကောင်းစရာပဲ” လို့ ပြောပါတယ်။

လျှပ်စစ်ကြိုးတွေ မီးပလပ်တွေ တပ်ဆင်ရာမှာ လျှပ် စစ်ကျွမ်းကျင် ဝန်ထမ်းတွေနဲ့ မတပ်ဆင်တဲ့ အတွက် အခုလိုဖြစ်ရတာလို့ မောင်တောမြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ “အခုလိုဖြစ်တာ ကျနော်တို့ဆီအကြောင်းကြားတာ မရှိဘူးဗျ။

ဒီဝန်ထမ်း အိမ်ရာတွေမှာ နေထိုင်ကြတဲ့ မိသားစုတွေက လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းတွေနဲ့ တပ်ဆင်တာ မရှိသလောက်ဘဲ၊ သူတို့ဘာသာသူတို့ တပ်ချင်သလို တပ် နေကြတာတွေ ရှိတယ်။ ဒါကြောင့် အခုလို မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ရတာ။”

အဆိုပါသေဆုံးမှုနဲ့ပတ်သက်ပြီး သေမှုသေခင်းအမှတ် (၄/၂၀၂၀) နဲ့ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ရင်ခွဲစစ်ဆေးပြီး အမှုဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ source – DVB

Tags:

Add a Comment

Your email address will not be published. Required fields are marked *