မိခင်ပျောက်ဆုံး နေလို့ ရဲစခန်းတိုင်ပြီး စစ်ဆေးကြည့်တော့မှ အလောင်း ဖျောက်ထားသူက မထင်မှတ်ထားတဲ့ သူဖြစ်နေ

မိခင်ပျောက်ဆုံး နေလို့ ရဲစခန်းတိုင်ပြီး စစ်ဆေးကြည့်တော့မှ အလောင်း ဖျောက်ထားသူက မထင်မှတ်ထားတဲ့ သူဖြစ်နေ

ဇွန်လ ၁၉ ရက် ၊ ရတ်ခ်ျဘူရီ… လွန်ခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကတည်းက ထူးဆန်းစွာ နေအိမ်မှ တိတ်တဆိတ် ပျောက်ဆုံးသွားတဲ့ မိခင်ကို သားဖြစ်သူမှ လူပျောက် တိုင်ချက် ဖွင့်ထားရာမှ အိမ်နှင့်မနီးမဝေး ပေ ၁၅၀ အကွာရှိ ရေတွင်းအဟောင်းထဲတွင် မသင်္ကာသဖြင့် ရဲတပ်ဖွဲ့မှ မြေတူးစက်ဖြင့်

တူးဖော်ကြည့်ရာ အလောင်းအား တွေ့ရှိခဲ့ပြီး လူသတ်တရားခံသည်။ အသက် ၈၃ နှစ်အရွယ် သေဆုံးသူ၏ ခင်ပွန်းဖြစ်နေဟု ရဲမှူးချုပ်မှ Anuphat မှယနေ့ထုတ်ပြန်ခဲ့ကြောင်းသိရ ။ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ လတ်ခ်ျဘူရီခရိုင် ကျော့ဘွန့်မြို့နယ် ဒန်ထပ်တကိုး ကျေးရွာ အုပ်စု ၊ ရပ်ကွက် ၁၆ တွင်နေထိုင်သော အသက် ၆၆ နှစ် အရွယ် Mrs.Nansukanya Janitprasart

သည် လွန်ခဲ့သည့် ဇွန်လ ၄ ရက်နေ့ကတည်းက ထူး ဆန်းစွာ နေအိမ်မှ ပျောက်ဆုံးသွား သဖြင့် သားဖြစ်သူ Mr. Danai Janitprasurt (၃၇) နှစ်မှ ရဲတပ်ဖွဲ့သို့ လူပျောက် တိုင်ကြားထားခဲ့သဖြင်

ရဲတပ်ဖွဲ့မှမသင်္ကာသည့်သူများအားလိုအပ်သလိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပျောက်ဆုံးသွားသူ၏နေအိမ် အိပ်ခန်းအတွင်း သွေးစသွေးနများကို စစ်ဆေးတွေ့ရှိခဲ့သလို အိပ်ယာခင်းအသစ်နှင့် သူမ၏ဖိနပ်တစ်ရံကိုလည်းနေအိမ်မှာဘဲတွေ့ရှိခဲ့သည်ဟုသိရှိရသည် ။

အသက် ၈၃ နှစ်အရွယ်ခင်ပွန်းဖြစ်သူ Mr.Sanan Janiprasurt အားမေးမြန်းရာ ဇနီးဖြစ်သူနှင့် ဇွန်လ ၄ ရက်နေ့က ဘဏ်တစ်ခုတွင်ငွေသွားထုတ်အပြီးဈေးသွားမည်ဟုပြောဆိုသွားခဲ့ပြီး ပြန်မလာတော့ဘဲပျောက်သွားခဲ့တာဟုဖြေခဲ့သည် ။

ထို့ကြောင့် ရဲတပ်ဖွဲ့မှ နေအိမ်ပတ်ဝန်းကျင် ပေ ၁၅၀ ပတ်လည်အား လိုက်လံကြည့်ရှူ့ စစ်ဆေးစဉ် ကြက် မွေးမြူရေး ခြံဟောင်း အနီးတွင် အုန်းဆံပတ် တစ်ချို့ကိုမီးပုံရှို့ ထားသည် သဲလွန်စများကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကတွေ့ရှိခဲ့ပြီး မြေတူးထားသည့်အရာများ ၊ အင်္ဂတေအပဲ့ အပိုင်းအစများကို တွေ့ရှိခဲ့ရာမသင်္ကာသဖြင့် အနီးအနားရှိ

မြေကျင်း ပတ်ပတ်လည်အား တူးဖော် ကြည့်စဉ် ကွန်ကရစ်ခွေ အဝအကျယ် ၃ ပေပတ်လည် အနက် ၂၄ ပေအနက်တွင် ပျောက်ဆုံးနေသော Mrs. Sukan ya အလောင်းဟုယူဆရသော ရုပ်အလောင်းအား ဇွန်လ ၁၁ ရက်နေ့က ရှာဖွေတွေ့ရှိ့ ခဲ့ရပြီး အလောင်း ၏ ဘယ်ဘက်ဦးခေါင်းမှာ ချိုင့်ဝင်နေသည့်ဒဏ်ရာတွေ့ရှိခဲ့တယ်လို့ ကယ်တယ်ရေး အဖွဲ့တွေက ဆိုပါတယ် ။

အဲ့ဒီနောက် ရဲတပ်ဖွဲ့မှ နေအိမ်အိပ်ခန်း အတွင်းမှသွေး ကွက်၏ DNA စစ်ဆေးထားချက်နှင့် တူးဖော်ရရှိခဲ့သည့် ရုရှားအလောင်း၏ DNA တို့အား တိုက်ဆိုက်စစ် ဆေးရာ ကိုက်ညီနေသဖြင့် ခင်ပွန်းဖြစ်သူအား မသင်္ကာမှုဖြင့် ဖမ်းဆီး စစ်ဆေးခဲ့ရာ ဇနီးဖြစ်သူနှင့် ဇွန်လ ၄ ရက်နေ့က မတော်တဆ စကားများရန်ဖြစ်ရာမှ တွန်းလှဲမိရင်း

မတော်တဆ လဲကျသေဆုံး သည့်အတွက် အလောင်း အား ရေမရှိသည့် ရေတွင်းထဲပစ်ချကာ အပေါ်ကနေ မြေဖို့ခဲ့ခြင်း ၊ သွေးစွန်းခဲ့သည့် မွေ့ယာအဟောင်းအား မီးရှို့ခဲ့ခြင်း နေအိမ်တွင် ဘာမှမဖြစ်သလို နေခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ပါသည် ။သေဆုံးသူသည် သားဖြစ်သူနှင့် သာအနေများပြီး တစ်ခါတစ်ရံ မှသာ ခင်ပွန်းဖြစ်သူထံ လာရောက်ခဲ့ရာ

မြေအရောင်း အဝယ်ကိစ္စတွင် ရောင်းရသည့် ငွေ ကြေး တစ်ချို့တစ်ဝက် ခွဲဝေမပေးသဖြင့်စကားများရန်ဖြစ်ကြရာ မတော်တဆသေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဖြောင့်ချက်ပေးခဲ့သည် ။ ရဲတပ်ဖွဲ့မှ တရားခံအား လူသတ် ၊ အလောင်းဖျောက်မှုဖြင့်ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်းသိရှိရပါသည် ။ Photo Crd #Dusit သတင်း #SiThuMaung #Freelance

Tags: