ျပည္ၿမိဳ႕တြင္ အသက္ ၆၅ ႏွစ္အ႐ြယ္ အဖြားတဦး အဓမၼျပဳက်င့္ခံရ သျဖင့္ ေဆး႐ုံတင္ထားရ

ျပည္ၿမိဳ႕တြင္ အသက္ ၆၅ ႏွစ္အ႐ြယ္ အဖြားတဦး အဓမၼျပဳက်င့္ခံရ

ပဲခူးတိုင္း အေနာက္ျခမ္း၊ ျပည္ၿမိဳ႕ ႐ြာဘဲနယ္ေျမ၊ စည္ေတာ္မဂၤလာ ရပ္ကြက္တြင္ ေနထိုင္သည့္ အ သက္ ၆၅ ႏွစ္အ႐ြယ္ အဖြားတဦးအား အိမ္နီးခ်င္း အသက္ ၃၆ အ႐ြယ္ အမ်ိဳးသားတဦးက အဓမၼျပဳက်င့္ခဲ့ေၾကာင္း ျပည္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမႉးထံမွ သိရသည္။

အဓမၼျပဳက်င့္သူမွာ အိမ္နီးခ်င္းေနထိုင္သူ အသက္ ၃၆ ႏွစ္အ႐ြယ္ ေသာင္းေထြးဆိုသူမွ ဇြန္လ ၁၇ ရက္ေန႕ ၉ နာရီခန႔္က ေနအိမ္တြင္ တျခားသူမ်ားမရွိသည့္အခ်ိန္တြင္ က်ဴးလြန္ခဲ့ျခင္းျဖစ္ၿပီး၊ ဇြန္လ ၁၈ ရက္ေန႕တြင္ ျပည္ၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္

အမႈဖြင့္ တိုင္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း ၿမိဳ႕မရဲစခန္းမႉးက ေျမလတ္အသံ ကိုေျပာသည္။ “ေသာင္းေထြးကို က်ေနာ္တို႔ ၾကားၾကားခ်င္း သြားဖမ္းၿပီး အမႈဖြင့္စစ္ ေဆးေနပါတယ္။ ျဖစ္တာက ဇြန္လ ၁၇ ရက္ေန႕က

ျဖစ္ၿပီးေတာ့ တိုင္တာက ၁၈ ရက္ေန႕က တိုင္တာ အခုေလာေလာဆယ္ ေသာင္းေထြးကို ေခၚယူၿပီး စစ္ေဆးေတာ့ သူလည္း ဝန္ခံထြက္ဆိုထားပါတယ္။ အမ်ိဳးသ မီးႀကီး အေျခအေနကေတာ့ အသက္လည္း ႀကီးၿပီဆိုေတာ့ ေဆး႐ုံတင္ ထားရပါတယ္။” ဟု ျပည္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမႉး ကေျပာသည္။

အဓမၼျပဳက်င့္ခံရသည့္ အသက္ ၆၅ ႏွစ္အ႐ြယ္အဖြား မွာ ျပည္ၿမိဳ႕ ေဆး႐ုံႀကီးတြင္ ေဆးကုသမႈ ခံယူေနရၿပီး၊ က်ဴးလြန္သူ ေသာင္းေထြးအား ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ ျပည္ၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။ #ေျမလတ္အသံ

(Unicode version ) ပြည်မြို့တွင် အသက် ၆၅ နှစ်အရွယ် အဖွားတဦး အဓမ္မပြုကျင့်ခံရ

ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်မြို့ ရွာဘဲနယ်မြေ၊ စည်တော်မင်္ဂလာ ရပ်ကွက်တွင် နေထိုင်သည့် အ သက် ၆၅ နှစ်အရွယ် အဖွားတဦးအား အိမ်နီးချင်း အသက် ၃၆ အရွယ် အမျိုးသားတဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ပြည်မြို့ မြို့မရဲစခန်းမှူးထံမှ သိရသည်။

အဓမ္မပြုကျင့်သူမှာ အိမ်နီးချင်းနေထိုင်သူ အသက် ၃၆ နှစ်အရွယ် သောင်းထွေးဆိုသူမှ ဇွန်လ ၁၇ ရက်နေ့ ၉ နာရီခန့်က နေအိမ်တွင် တခြားသူများမရှိသည့်အချိန်တွင် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး၊ ဇွန်လ ၁၈ ရက်နေ့တွင် ပြည်မြို့ မြို့မရဲစခန်းတွင်

အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း မြို့မရဲစခန်းမှူးက မြေလတ်အသံ ကိုပြောသည်။ “သောင်းထွေးကို ကျနော်တို့ ကြားကြားချင်း သွားဖမ်းပြီး အမှုဖွင့်စစ် ဆေးနေပါတယ်။ ဖြစ်တာက ဇွန်လ ၁၇ ရက်နေ့က

ဖြစ်ပြီးတော့ တိုင်တာက ၁၈ ရက်နေ့က တိုင်တာ အခုလောလောဆယ် သောင်းထွေးကို ခေါ်ယူပြီး စစ်ဆေးတော့ သူလည်း ဝန်ခံထွက်ဆိုထားပါတယ်။ အမျိုးသ မီးကြီး အခြေအနေကတော့ အသက်လည်း ကြီးပြီဆိုတော့ ဆေးရုံတင် ထားရပါတယ်။” ဟု ပြည်မြို့ မြို့မရဲစခန်းမှူး ကပြောသည်။

အဓမ္မပြုကျင့်ခံရသည့် အသက် ၆၅ နှစ်အရွယ်အဖွား မှာ ပြည်မြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး၊ ကျူးလွန်သူ သောင်းထွေးအား ရာ ဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ပြည်မြို့ မြို့မရဲ စခန် းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ #မြေလတ်အသံ

Tags:

Add a Comment

Your email address will not be published. Required fields are marked *