တ႐ုတ္နိုင္ငံထုတ္ COVID-19 ကာကြယ္ေဆး ၂၀၂၁ အထိ ေရာင္းခ်နိဳင္ရန္ အသင့္မျဖစ္ နိုင္ေသးဟုဆို

တ႐ုတ္နိုင္ငံထုတ္ COVID-19 ကာကြယ္ေဆး ၂၀၂၁ အထိ ေရာင္းခ်နိဳင္ရန္ အသင့္မျဖစ္ နိုင္ေသးဟုဆို

တ႐ုတ္အစိုးရ သတင္းဌာနနဲ႕ အင္တာဗ်ဴးမွာ ကာ ကြယ္ေဆး ထုတ္ေနတဲ့ ကုမၸဏီအႀကီးအကဲ တစ္ဦးက ေျပာပါတယ္။ တ႐ုတ္နိုင္ငံထုတ္ COVID-19 ကာကြယ္ေဆး တစ္မ်ိဳးကို အနည္းဆုံး ၂၀၂၁ ခုႏွစ္ ေရာင္းခ်ရန္ အသင့္မျဖစ္ နိုင္ေသးေၾကာင္း ကုမၸဏီ အႀကီးအကဲ တစ္ဦးက ေျပာပါတယ္။

ကမာၻ႔က်န္းမာေရး အဖြဲ႕အစည္း (World Health Organization – WHO) က ကူးစက္ျမန္ ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားတဲ့ COVID-19 ကို ကာကြယ္ရန္ ကမာၻတစ္ဝွမ္း သိပၸံပညာရွင္ေတြက ကာကြယ္ေဆး ၁၀ ခုေက်ာ္ကို လူေတြမွာ စမ္းသပ္ေနခဲ့ပါတယ္။ သို႔ ေသာ္ အဆိုပါ ကာကြယ္ေဆး ေတြအနက္ ေနာက္ဆုံးအဆင့္ ၃ စမ္းသပ္မႈကို ေအာင္ျမင္ခဲ့တဲ့ ကာကြယ္ ေဆး မရွိေသးပါဘူး။

ကမာၻ႔ က်န္းမာေရး အဖြဲ႕အစည္း (World Health Organization – WHO) က ကူးစက္ျမန္ ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားတဲ့ COVID-19 ကို ကာကြယ္ရန္ ကမာၻတစ္ဝွမ္း မွာရွိတဲ့ သိပၸံပညာရွင္ေတြက ကာကြယ္ ေဆး၁၀ ခုေက်ာ္ကို လူေတြမွာ စမ္းသပ္ေနခဲ့ပါတယ္။ သို႔ေသာ္ အဆိုပါ ကာကြယ္ေဆး ေတြအနက္ေနာက္ ဆုံး အဆင့္ ၃ စမ္းသပ္မႈကို ေအာင္ျမင္ခဲ့တဲ့ ကာကြယ္ ေဆး မရွိေသးပါဘူး။

ထိုအဆင့္ကို စမ္းသပ္ရန္ၿပီး ကာကြယ္ေဆးရဲ႕ ထိေရာက္မႈကို သိရွိဆုံးျဖတ္ရန္ ေထာင္နဲ႕ခ်ီတဲ့ ပါဝင္စမ္း သပ္ခံသူေတြမွာ စမ္းသပ္ရန္ လိုအပ္ေၾကာင္း သိရပါတယ္။ ယမန္ႏွစ္ ဒီဇင္ဘာလကုန္က COVID-19စတင္ ေတြ႕ရွိခဲ့တဲ့ တ႐ုတ္နိုင္ငံမွာ ေမလအတြင္း ေန႕စဥ္ ျပည္ တြင္း ကူးစက္မႈအသစ္ ၁၀ ဦးထက္ေလ်ာ့နည္းသြားခဲ့ရာ ကာကြယ္ေဆးရဲ႕ ေနာက္ပိုင္းအဆင့္

စမ္းသပ္မႈအတြက္ မသင့္ေလ်ာ္တဲ့ အေျခအေနလို႔ ဆိုပါတယ္။ ေဈးကြက္ကို ကာကြယ္ေဆးေရာက္ရွိေရး ကူညီဖို႔အတြက္ ေနာက္ထပ္ နိုင္ငံတကာ ပူးေပါင္းေဆာင္ ႐ြက္မႈေတြနဲ႕ အဆင့္၃ ကာကြယ္ေဆးစမ္းသပ္ မႈ ေနရာေတြ စတင္ေဖာ္ေဆာင္ နိုင္မယ္လို႔ ကြၽန္ေတာ္တို႔ China National Biotec Group (CNBG) ရဲ႕

ဒုဥကၠဌ Zhang Yutao က တ႐ုတ္အစိုးရသတင္းဌာန China News Service ကို ေျပာပါတယ္။ လက္ရွိ အစီ အစဥ္ေတြအရ ကာကြယ္ေဆးက အနည္းဆုံး ေနာက္ႏွစ္အထိ ေဈးကြက္ကိုေရာက္မွာ မဟုတ္ဘူး” လို႔ ၾကာသေတး (ဇြန္ ၁၈ ရက္) ေႏွာင္းပိုင္းက ထုတ္လႊင့္ဲ့တဲ့ အင္တာဗ်ဴးမွာ ၎က ေျပာခဲ့ပါတယ္။

လတ္တေလာ ရက္ပိုင္းအတြင္း တ႐ုတ္နိုင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္မွာ ေနာက္ထပ္ COVID-19 ကူးစက္ခံရသူအသစ္ ၁၈၀ ေက်ာ္ စစ္ေဆးေတြ႕ရွိခဲ့ေပမဲ့ ထိုလူနာအသစ္ အေရအတြက္နဲ႕ လူဦးေရကို ႏွိုင္းယွဥ္မႈအရ ကာကြယ္ေဆးစမ္းသပ္ေနရာအျဖစ္ ေဖာ္ေဆာင္ရန္ မျဖစ္နိုင္ဘူးလို႔လည္း Zhang Yutao က ရွင္းျပခဲ့ပါတယ္။

CNBG ကုမၸဏီဟာ တ႐ုတ္အစိုးရပိုင္ China National Pharmaceutical Group (Sinopharm) နဲ႕ ပူးေပါင္းၿပီး COVID-19 ကာကြယ္ေဆး ထုတ္လုပ္ရန္ ေဆာင္႐ြက္ ေနတာ ျဖစ္ပါတယ္။ ၎တို႔ ထုတ္လုပ္ထားတဲ့ ကာကြယ္ေဆး ႏွစ္မ်ိဳးအနက္ တစ္မ်ိဳးကို လူေတြမွာ စမ္းသပ္ခဲ့ရာ အေစာပိုင္းအဆင့္ ရလဒ္ေကာင္းမ်ား ေတြ႕ရွိထားတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း တ႐ုတ္အစိုးရမီဒီယာက ေဖာ္ျပခဲ့မႈအရ တ႐ုတ္နိုင္ငံထုတ္ COVID-19 ကာ ကြယ္ေဆး ႏွစ္မ်ိဳးကို နိုင္ငံရပ္ျခားသို႔ ခရီးသြားလာတဲ့ အစိုးရပိုင္ ကုမၸဏီဝန္ထမ္းေတြကို ထိုးႏွံေပးမယ္လို႔ ကမ္းလွမ္းထားခဲ့ပါတယ္။

လက္ရွိအခ်ိန္အထိ ကမာၻတစ္ဝွမ္းမွာ COVID – 19 ကူးစက္ခံရသူ ၈.၆ သန္းေက်ာ္၊ ေသဆုံးသူ ၄၅၀,၀၀၀ ေက်ာ္နဲ႕ ျပန္လည္သက္သာသူ ၄.၅ သန္းေက်ာ္ရွိခဲ့ေၾကာင္း သိရပါတယ္။ ဓူဝံ

(Unicode version) တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ၂၀၂၁ အထိ ရောင်းချနိုင်ရန် အသင့်မဖြစ် နိုင်သေးဟုဆို

တရုတ်အစိုးရ သတင်းဌာနနဲ့ အင်တာဗျူးမှာ ကာ ကွယ်ဆေး ထုတ်နေတဲ့ ကုမ္ပဏီအကြီးအကဲ တစ်ဦးက ပြောပါတယ်။ တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး တစ်မျိုးကို အနည်းဆုံး ၂၀၂၁ ခုနှစ် ရောင်းချရန် အသင့်မဖြစ် နိုင်သေးကြောင်း ကုမ္ပဏီ အကြီးအကဲ တစ်ဦးက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (World Health Organization – WHO) က ကူးစက်မြန် ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ COVID-19 ကို ကာကွယ်ရန် ကမ္ဘာတစ်ဝှမ်း သိပ္ပံပညာရှင်တွေက ကာကွယ်ဆေး ၁၀ ခုကျော်ကို လူတွေမှာ စမ်းသပ်နေခဲ့ပါတယ်။ သို့ သော် အဆိုပါ ကာကွယ်ဆေး တွေအနက် နောက်ဆုံးအဆင့် ၃ စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့ ကာကွယ် ဆေး မရှိသေးပါဘူး။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (World Health Organization – WHO) က ကူးစက်မြန် ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ COVID-19 ကို ကာကွယ်ရန် ကမ္ဘာတစ်ဝှမ်း မှာရှိတဲ့ သိပ္ပံပညာရှင်တွေက ကာကွယ် ဆေး၁၀ ခုကျော်ကို လူတွေမှာ စမ်းသပ်နေခဲ့ပါတယ်။ သို့သော် အဆိုပါ ကာကွယ်ဆေး တွေအနက်နောက် ဆုံး အဆင့် ၃ စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့ ကာကွယ် ဆေး မရှိသေးပါဘူး။

ထိုအဆင့်ကို စမ်းသပ်ရန်ပြီး ကာကွယ်ဆေးရဲ့ ထိရောက်မှုကို သိရှိဆုံးဖြတ်ရန် ထောင်နဲ့ချီတဲ့ ပါဝင်စမ်း သပ်ခံသူတွေမှာ စမ်းသပ်ရန် လိုအပ်ကြောင်း သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က COVID-19စတင် တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှာ မေလအတွင်း နေ့စဉ် ပြည် တွင်း ကူးစက်မှုအသစ် ၁၀ ဦးထက်လျော့နည်းသွားခဲ့ရာ ကာကွယ်ဆေးရဲ့ နောက်ပိုင်းအဆင့်

စမ်းသပ်မှုအတွက် မသင့်လျော်တဲ့ အခြေအနေလို့ ဆိုပါတယ်။ ဈေးကွက်ကို ကာကွယ်ဆေးရောက်ရှိရေး ကူညီဖို့အတွက် နောက်ထပ် နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်မှုတွေနဲ့ အဆင့်၃ ကာကွယ်ဆေးစမ်းသပ် မှု နေရာတွေ စတင်ဖော်ဆောင် နိုင်မယ်လို့ ကျွန်တော်တို့ China National Biotec Group (CNBG) ရဲ့

ဒုဥက္ကဌ Zhang Yutao က တရုတ်အစိုးရသတင်းဌာန China News Service ကို ပြောပါတယ်။ လက်ရှိ အစီ အစဉ်တွေအရ ကာကွယ် ဆေးက အနည်းဆုံး နောက်နှစ်အထိ ဈေးကွက်ကိုရောက်မှာ မဟုတ်ဘူး” လို့ ကြာသတေး (ဇွန် ၁၈ ရက်) နှောင်းပိုင်းက ထုတ်လွှင့်ဲ့တဲ့ အင်တာဗျူးမှာ ၎င်းက ပြောခဲ့ပါတယ်။

လတ်တလော ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ နောက်ထပ် COVID-19 ကူးစက်ခံရသူအသစ် ၁၈၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ ထိုလူနာအသစ် အရေအတွက်နဲ့ လူဦးရေကို နှိုင်းယှဉ်မှုအရ ကာကွယ်ဆေးစမ်းသပ်နေရာအဖြစ် ဖော်ဆောင်ရန် မဖြစ်နိုင်ဘူးလို့လည်း Zhang Yutao က ရှင်းပြခဲ့ပါတယ်။

CNBG ကုမ္ပဏီဟာ တရုတ်အစိုးရပိုင် China National Pharmaceutical Group (Sinopharm) နဲ့ ပူးပေါင်းပြီး COVID-19 ကာ ကွယ်ဆေး ထုတ်လုပ်ရန် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ၎င်းတို့ ထုတ်လုပ်ထားတဲ့ ကာကွယ် ဆေး နှစ်မျိုးအနက် တစ်မျိုးကို လူတွေမှာ စမ် းသပ်ခဲ့ရာ အစောပိုင်းအဆင့် ရလဒ်ကောင်းများ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်အစိုးရ မီဒီယာက ဖော်ပြခဲ့မှုအရ တရုတ်နိုင်ငံထုတ် COVID -19 ကာကွယ် ဆေး နှစ်မျိုးကို နိုင်ငံရပ်ခြားသို့ ခရီးသွားလာတဲ့ အစိုးရပိုင် ကုမ္ပဏီဝန်ထမ်းတွေကို ထိုးနှံပေးမယ်လို့ ကမ်းလှမ်းထားခဲ့ပါတယ်။

လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၈.၆ သန်းကျော်၊ သေဆုံးသူ ၄၅၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၅ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။ ဓူဝံ

Tags:

Add a Comment

Your email address will not be published. Required fields are marked *