သင့္ကို လူခ်စ္ လူခင္ ေပါေစမယ့္ အလြယ္ကူ ဆုံးနည္း (ေမတၱာ ပို႔နည္း)

သင့္ကို လူခ်စ္ လူခင္ ေပါေစမယ့္ အလြယ္ကူ ဆုံးနည္း (ေမတၱာ ပို႔နည္း)

သင္ နံနက္ အိပ္ယာထလို႔ မ်က္ႏွာသစ္ေတာ့မယ္ ေရကို စကိုင္ၿပီးဆိုတာနဲ႕ဗုဒၶံသရဏံ ဂစၥာမိဆိုၿပီး တစ္ခါ႐ြတ္ မ်က္ႏွာကို ေရနဲ႕ တစ္ခါသပ္ခ် အဲ့လိုဘဲ ဓမၼံသရဏံ ဂစၥာမိ ဆိုၿပီး တစ္ခါ႐ြတ္ မ်က္ႏွာကို ေရနဲ႕ တစ္ခါသပ္ခ် သံဃံ သရဏံ ဂစၥာမိဆိုၿပီး တစ္ခါ႐ြတ္ ေရနဲ႕ တစ္ခါ သပ္ခ်ပါ ..

(ဆိုလိုတာကေတာ့ ေမတၱာမပို႔မွီ သရဏဂုံ သုံးပါးကို အရင္႐ြတ္လိုက္ပါ) အဲ့ဒါၿပီးရင္ေတာ့ သြားတိုက္ခ်င္တိုက္ပါ သြားတိုက္ရင္း စိတ္ထဲက ဂုဏ္ေတာ္ ကိုးပါးကို႐ြက္ရင္ ပိုေကာင္းပါတယ္ ကိုယ္ေျပာတဲ့စကား ေအာင္ေစပါတယ္ ..

သြားတိုက္ၿပီးလို႔ ေရကို ထပ္ကိုင္တဲ့အခ်ိန္က်ရင္ပထမဆုံး – မိမိကိုယ္ မိမိဆုေတာင္းပါ – ဤေရ ေအးျမသလို အကြၽနိုပ္လည္း ေအးျမပါေစ) မ်က္ႏွာကို ေရနဲ႕ တစ္ခါသပ္ခ်ပါ အဲ့ဒါၿပီးရင္ သင္အခ်စ္ဆုံးသူကို ေမတၱာပို႔ပါ (ဤေရ ေအးျမသလို ………… လည္း ေအးျမပါေစ)

မ်က္ႏွာကို ေရနဲ႕ တစ္ခါ သပ္ခ်ပါ ..ကိုယ္ေမတၱာပို႔တဲ့သူရဲ႕ မ်က္ႏွာ ကို စိတ္ထဲမွာ ျမင္ေနရပါမယ္ .. ၿပီးရင္ ကိုယ္ မ်က္ႏွာကို သပ္ခ်တဲ့ေရရဲ႕ ေအးမွ်မႈကို သတိ ျပဳရမယ္ ၿပီးရင္ သင့္မိသားစု မိဘမ်ားကို ေမတၱာပို႔နိုင္ပါတယ္ (ဤေရ ေအးျမသလို ေရွးေရွးဘဝ မ်ားမွ ယခုဘဝ တိုင္ေအာင္ ေတာ္စပ္ခဲ့ဖူးေသာ အမိအဖ ေဆြမ်ိဳးမ်ားအားလုံး ေအးျမပါေစ)

မ်က္ႏွာကို ေရနဲ႕ တစ္ခါသပ္ခ်ပါ ၿပီးရင္ ကိုယ္အမုန္းဆုံးလူ ကိုယ့္အေပၚ မေကာင္းတဲ့သူ ကိုယ့္ကိုယ္ အၿမဲ တမ္း ဒုကၡေပးေနတဲ့သူကို ေမတၱာပို႔ပါ .. (ဤေရ ေအးျမသလို …………. လည္းေအးျမပါေစ) အဲ့လိုလူေတြမ်ားရင္ အဲ့ဒီလူေတြ တစ္ေယာက္ခ်င္းစီရဲ႕ မ်က္ႏွာ ကိုစိတ္ထဲက ျမင္ေယာင္ၿပီး တစ္ေခါက္ခ်င္းစီ လုပ္ရပါမယ္ …

ဒီေနရာမွာ အေရးႀကီးတာက သူ႕ကို အမွန္တကယ္ ေအးျမေစလိုတဲ့ စိတ္သူ႕ကို အမွန္တကယ္ ေအာင္ျမင္ႀကီးပြားေစလိုတဲ့စိတ္နဲ႕ ေမတၱာပို႔မွ ထိေရာက္မွာ ျဖစ္ပါတယ္။ အဲ့ဒီလူက ကိုယ့္အေပၚ အခ်ိန္တိုင္း ဒုကၡေပးေနတဲ့သူ အရမ္းနာႀကီး မုန္းတီးေအာင္ လုပ္ထားဖူးတဲ့ သူျဖစ္ရင္လည္း အဲ့ဒီအခ်ိန္ေလး ခဏမွာေတာ့ခြင့္ လႊတ္နားလည္စိတ္နဲ႕ ေမတၱာပို႔ရမယ္ …

အဲ့ဒါဆိုရင္ အဲ့ေလာက္ မုန္းတီးေနတဲ့ သူကိုဘယ္လို ခြင့္လႊတ္ရမလဲ ေမးလိမ့္မယ္။ ကိုယ္ အရမ္းမုန္းတဲ့သူကို အခ်ိန္ခဏတာ အတြက္ ခြင့္လႊတ္နည္း ပထမဆုံး မလြဲသာတဲ့ အေျခအေန တစ္ခုေၾကာင့္ျဖစ္မွာ သူ႕ေန ရာမွာ ငါဆိုရင္လည္း လုပ္ခ်င္ လုပ္မိမွာပါလို႔ စိတ္ေျဖၿပီး ခြင့္လႊတ္ပါ

အဲ့ဒါေတြအားလုံးမွ မရဘူးဆိုရင္ ငါဝဋ္ေႂကြးရွိလို႔ ခံရတာပဲလို႔ ေတြးၿပီး သူ႕ကို အျပစ္မျမင္ မိေအာင္စိတ္ ေျဖၿပီး ခြင့္လႊတ္ပါ။ အဲ့ဒါဆိုရင္ေတာ့ သင္ေရ ကိုင္ၿပီး မ်က္ႏွာသစ္တဲ့ အခ်ိန္ ၂ စကၠန႔္ေလာက္ အတြက္ သူ႕ကို ခြင့္လႊတ္နိုင္မွာပါ ( ေသခ်ာပါတယ္ .. သင္သူ႕ကို ခြင့္လႊတ္ၿပီး ေမတၱာပို႔ နိုင္သေလာက္ သူသင့္အေပၚ ထူးထူးျခားျခား အျမင္ၾကည္ လာပါလိမ့္မယ္ ..

ဒီေနရာမွာ မုန္းတီးနာက်ည္းစိတ္နဲ႕ ပါးစပ္ကသာ ႐ြက္ေနရင္ေတာ့ဘာမွ ထူးမွာ မဟုတ္ပါဘူး) ကိုယ္အရမ္းမုန္းတဲ့သူကို ေမတၱာပို႔ၿပီးရင္ေတာ့ နံနက္ခင္း မ်က္ႏွာ သစ္ရင္းေမတၱာပို႔တဲ့အလုပ္ၿပီးပါၿပီ .. သင့္အတြက္ အခ်ိန္ ၅ မိနစ္စာေလာက္ဘဲလိုပါလိမ့္မယ္ .. ဒါကလည္း သင္ အၿမဲတမ္းမ်က္ႏွာသစ္ေနတဲ့ အခ်ိန္ထက္၂ မိနစ္စာေလာက္ဘဲ ပိုမွာပါ …

ပထမေတာ့ မ်က္ႏွာသစ္တိုင္း အဲ့ဒါေလးလုပ္ဖို႔ သင္ေမ့ခ်င္ ေမ့မွာပါ .. ေနာက္ဆိုရင္ မ်က္ႏွာသစ္ဖို႔ ေရကိုင္လိုက္တာနဲ႕ ႏႈတ္က အလိုလိုသရဏဂုံ သုံးပါးကို႐ြက္မိၿပီး အေလ့အက်င့္တစ္ခုလိုျဖစ္သြားပါလိမ့္မယ္ ..

ကြၽန္ေတာ္ အဲ့ဒီအတိုင္းဘဲ ေမတၱာပို႔ဆုေတာင္းေနက် တကယ္လက္ေတြ႕ပါ .. အခုလက္ရွိ အလုပ္ထဲမွာေရာ ပတ္ဝန္းက်င္မွာေရာ ကြၽန္ေတာ္ နဲ႕ မတည့္တဲ့ေပါင္း သင္းဆက္ဆံေရး အဆင္မေျပတဲ့ သူရယ္လို႔ မရွိပါဘူး လူေတာ္ေတာ္ မ်ားမ်ားေျပာ ၾကပါတယ္ ေမတၱာ ပို႔လိုက္မယ္ ေမတၱာပို႔လိုက္ရ မေကာင္းရွိေတာ့မယ္ ဆိုၿပီးေတာ့ အဲ့ဒါက လူေတြၾကားမွာ မေကာင္းတဲ့ စကားတစ္ခုလို ျဖစ္ေနတာပါ ..

တကယ္ေတာ့ ေမတၱာပို႔တယ္ဆိုတာ က်ိမ္စာတိုက္တာ မဟုတ္ပါဘူး ရန္မရွိဘဲ အားလုံး ေအးခ်မ္းေစမယ့္ တစ္ခု တည္းေသာ နည္းလမ္းျဖစ္တယ္ ဆိုတဲ့အေၾကာင္း ေျပာၾကားရင္း ကြၽန္ေတာ့္ရဲ႕ မ်က္ႏွာသစ္ နည္းေလးကို ျပန္လည္မွ်ေဝ လိုက္ပါတယ္။

မႏၲေလးစာၾကည့္တိုက္ (က်ေနာ္ေမာင္ေဇာ္ေဇာ္) ဓမၼေရခ်မ္းစင္/ ပန္းႏုေရာင္-စာပန္းခင္း

(Unicode version ) သင့်ကို လူချစ် လူခင် ပေါစေမယ့် အလွယ်ကူ ဆုံးနည်း (မေတ္တာ ပို့နည်း)

သင် နံနက် အိပ်ယာထလို့ မျက်နှာသစ်တော့မယ် ရေကို စကိုင်ပြီးဆိုတာနဲ့ဗုဒ္ဓံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ အဲ့လိုဘဲ ဓမ္မံသရဏံ ဂစ္စာမိ ဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ သံဃံ သရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် ရေနဲ့ တစ်ခါ သပ်ချပါ ..

(ဆိုလိုတာကတော့ မေတ္တာမပို့မှီ သရဏဂုံ သုံးပါးကို အရင်ရွတ်လိုက်ပါ) အဲ့ဒါပြီးရင်တော့ သွားတိုက်ချင်တိုက်ပါ သွားတိုက်ရင်း စိတ်ထဲက ဂုဏ်တော် ကိုးပါးကိုရွက်ရင် ပိုကောင်းပါတယ် ကိုယ်ပြောတဲ့စကား အောင်စေပါတယ် ..

သွားတိုက်ပြီးလို့ ရေကို ထပ်ကိုင်တဲ့အချိန်ကျရင်ပထမဆုံး – မိမိကိုယ် မိမိဆုတောင်းပါ – ဤရေ အေးမြသလို အကျွနိုပ်လည်း အေးမြပါစေ) မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ အဲ့ဒါပြီးရင် သင်အချစ်ဆုံးသူကို မေတ္တာပို့ပါ (ဤရေ အေးမြသလို ………… လည်း အေးမြပါစေ)

မျက်နှာကို ရေနဲ့ တစ်ခါ သပ်ချပါ ..ကိုယ်မေတ္တာ ပို့တဲ့သူရဲ့ မျက်နှာ ကို စိတ်ထဲမှာ မြင်နေရပါမယ် .. ပြီးရင် ကိုယ် မျက်နှာကို သပ်ချတဲ့ရေရဲ့ အေးမျှမှုကို သတိ ပြုရမယ် ပြီးရင် သင့်မိသားစု မိဘများကို မေတ္တာပို့နိုင်ပါတယ် (ဤရေ အေးမြသလို ရှေးရှေးဘဝ များမှ ယခုဘဝ တိုင်အောင် တော်စပ်ခဲ့ဖူးသော အမိအဖ ဆွေမျိုးများအားလုံး အေးမြပါစေ)

မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ ပြီးရင် ကိုယ်အမုန်းဆုံးလူ ကိုယ့်အပေါ် မကောင်းတဲ့သူ ကိုယ့်ကိုယ် အမြဲ တမ်း ဒုက္ခပေးနေတဲ့သူကို မေတ္တာပို့ပါ .. (ဤရေ အေးမြသလို …………. လည်းအေးမြပါစေ) အဲ့လိုလူတွေများရင် အဲ့ဒီလူတွေ တစ်ယောက်ချင်းစီရဲ့ မျက်နှာ ကိုစိတ်ထဲက မြင်ယောင်ပြီး တစ်ခေါက်ချင်းစီ လုပ်ရပါမယ် …

ဒီနေရာမှာ အရေးကြီးတာက သူ့ကို အမှန်တ ကယ် အေးမြစေလိုတဲ့ စိတ်သူ့ကို အမှန်တကယ် အောင်မြင်ကြီးပွားစေလိုတဲ့စိတ်နဲ့ မေတ္တာပို့မှ ထိရောက်မှာ ဖြစ်ပါတယ်။ အဲ့ဒီလူက ကိုယ့်အပေါ် အချိန်တိုင်း ဒုက္ခပေးနေတဲ့သူ အရမ်းနာကြီး မုန်းတီးအောင် လုပ်ထားဖူးတဲ့ သူဖြစ်ရင်လည်း အဲ့ဒီအချိန်လေး ခဏမှာတော့ခွင့် လွှတ်နားလည်စိတ်နဲ့ မေတ္တာပို့ရမယ် …

အဲ့ဒါဆိုရင် အဲ့လောက် မုန်းတီးနေတဲ့ သူကိုဘယ်လို ခွင့်လွှတ်ရမလဲ မေးလိမ့်မယ်။ ကိုယ် အရမ်းမုန်းတဲ့သူကို အချိန်ခဏတာ အတွက် ခွင့်လွှတ်နည်း ပထမဆုံး မလွဲသာတဲ့ အခြေအနေ တစ်ခုကြောင့်ဖြစ်မှာ သူ့နေ ရာမှာ ငါဆိုရင်လည်း လုပ်ချင် လုပ်မိမှာပါလို့ စိတ်ဖြေပြီး ခွင့်လွှတ်ပါ

အဲ့ဒါတွေအားလုံးမှ မရဘူးဆိုရင် ငါဝဋ်ကြွေးရှိလို့ ခံရတာပဲလို့ တွေးပြီး သူ့ကို အပြစ်မမြင် မိအောင်စိတ် ဖြေပြီး ခွင့်လွှတ်ပါ။ အဲ့ဒါဆိုရင်တော့ သင်ရေ ကိုင်ပြီး မျက်နှာသစ်တဲ့ အချိန် ၂ စက္ကန့်လောက် အတွက် သူ့ကို ခွင့်လွှတ်နိုင်မှာပါ ( သေချာပါတယ် .. သင်သူ့ကို ခွင့်လွှတ်ပြီး မေတ္တာပို့ နိုင်သလောက် သူသင့်အပေါ် ထူးထူးခြားခြား အမြင်ကြည် လာပါလိမ့်မယ် ..

ဒီနေရာမှာ မုန်းတီးနာကျည်းစိတ်နဲ့ ပါးစပ်ကသာ ရွက်နေရင်တော့ဘာမှ ထူးမှာ မဟုတ်ပါဘူး) ကိုယ်အရမ်းမုန်းတဲ့သူကို မေတ္တာပို့ပြီးရင်တော့ နံနက်ခင်း မျက်နှာ သစ်ရင်းမေတ္တာပို့တဲ့အလုပ်ပြီးပါပြီ .. သင့်အတွက် အချိန် ၅ မိနစ်စာလောက်ဘဲလိုပါလိမ့်မယ် .. ဒါကလည်း သင် အမြဲတမ်းမျက်နှာသစ်နေတဲ့ အချိန်ထက်၂ မိနစ်စာလောက်ဘဲ ပိုမှာပါ …

ပထမတော့ မျက်နှာသစ်တိုင်း အဲ့ဒါလေးလုပ်ဖို့ သင်မေ့ချင် မေ့မှာပါ .. နောက်ဆိုရင် မျက်နှာသစ်ဖို့ ရေကိုင်လိုက်တာနဲ့ နှုတ်က အလိုလိုသရဏဂုံ သုံးပါးကိုရွက်မိပြီး အလေ့အကျင့်တစ်ခုလိုဖြစ်သွားပါလိမ့်မယ် ..

ကျွန်တော် အဲ့ဒီအတိုင်းဘဲ မေတ္တာပို့ဆုတောင်းနေကျ တကယ်လက်တွေ့ပါ .. အခုလက်ရှိ အလုပ်ထဲမှာရော ပတ်ဝန်းကျင်မှာရော ကျွန်တော် နဲ့ မတည့်တဲ့ပေါင်း သင်းဆက်ဆံရေး အဆင်မပြေတဲ့ သူရယ်လို့ မရှိပါဘူး လူတော်တော် များများပြော ကြပါတယ် မေတ္တာ ပို့လိုက်မယ် မေတ္တာပို့လိုက်ရ မကောင်းရှိတော့မယ် ဆိုပြီးတော့ အဲ့ဒါက လူတွေကြားမှာ မကောင်းတဲ့ စကားတစ်ခုလို ဖြစ်နေတာပါ ..

တကယ်တော့ မေတ္တာပို့တယ်ဆိုတာ ကျိမ်စာ တိုက်တာ မဟုတ်ပါဘူး ရန်မရှိဘဲ အားလုံး အေး ချမ်းစေမယ့် တစ်ခု တည်းသော နည်းလမ်းဖြစ်တယ် ဆိုတဲ့အကြောင်း ပြောကြားရင်း ကျွန်တော့်ရဲ့ မျက်နှာသစ် နည်းလေးကို ပြန်လည်မျှဝေ လိုက်ပါတယ်။

မန္တလေးစာကြည့်တိုက် (ကျနော်မောင်ဇော်ဇော်) ဓမ္မရေချမ်းစင်/ ပန်းနုရောင်-စာပန်းခင်း