လားရှိုးမြို့နယ်တွင် အမျိုးသမီး(၂)ဦးအား သတ်ခဲ့ပြီး အလောင်းဖျောက်ဖျက်ခဲ့သူ တရားခံအား ဖော်ထုတ်နိုင်ခဲ့

လားရှိုးမြို့နယ်တွင် အမျိုးသမီး(၂)ဦးအား သတ်ခဲ့ပြီး အလောင်းဖျောက်ဖျက်ခဲ့သူ တရားခံအား ဖော်ထုတ်နိုင်ခဲ့

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် တာပုံကျေးရွာအုပ်စုရှိ မတ်ချီးနု ကျေးရွာအနီး ကားလမ်းဘေး ချုံပုတ်အတွင်း ပုတ်ပွ သေဆုံးနေသော အမျိုး သမီး(၂)ဦးအား သတ်ခဲ့ပြီး အလောင်း ဖျောက်ဖျက်ခဲ့သူအား လားရှိုးမြို့မှ ရဲတပ်ဖွဲ့ဝင်များ၏

ကြိုးစား ဖော်ထုတ်မှုအရ ဖမ်းဆီးရမိ ခဲ့ပြီဖြစ်ပြီး တရားခံမှာလည်း ၎င်းကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟုသိရသည်။ ဖြစ်စဉ်မှာ လားရှိုးမြို့နယ် မတ်ချီးနု ကျေးရွာအုပ်စု မတ်ချီးနုကျေးရွာနှင့် (၅)မိုင်ခန့်အကွာ အရှေ့မြောက်ဘက်

သင်္ချိုင်းကုန်း သွားလမ်းဝဲဘက် ချုံတောထဲတွင် အ မည်မသိ အမျိုးသမီး (၂) ဦးအား ခြေလက်များကို နိုင်လွန်ကြိုး အဖြူဖြင့် တုတ်လျက် သေဆုံးနေသည်ကို တွေ့ရှီရပြီး ၎င်းတို့ အနီးတွင်လည်း အနီရောင်ခေါင်းအုံး (၁) လုံး၊ အညိုရောင်စောင် (၁)ထည်၊ အနီရောင်မွေ့ယာ (၁) ခုကိုလည်း

တွေ့ရှိရသည်ဟု ၂၀၂၀ ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နံ နက်ပိုင်းက ကျေးရွာတာဝန်ရှိသူက လားရှိုး နယ်မြေရဲစခန်းသို့ လာရောက် သတင်းပို့ရာမှ စတင်ခဲ့သည်။ သေဆုံးနေသည့် အလောင်းများအား လားရှိုးမြို့မှ လူမှုကူညီရေး ကားများဖြင့် လားရှိုးမြို့ ပြည်သူ့ဆေး ရုံကြီးသို့အပ်နှံခဲ့ပြီး ဒုရဲအုပ်

သိန်းဝင်းထွန်းမှ တရားလိုပြုလုပ်ကာ တိုင်တန်း၍ အမှု့ဖွင့်လှစ် ခဲ့သည်ဟု ဆိုသည်။ ထို့နောက် လားရှိုးမြို့မှ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ၊လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူး ၊ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး တို့၏အနီးကပ် လမ်း ညွှန်မှုဖြင့် လားရှိုးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လှိုင်ထွန်း ဦးစီးပြီး နယ်မြေရဲစခန်းမှ

ခေတ္တနယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဟိန်းဇာနည်ထွန်း အပါအဝင် ရဲတပ်ဖွဲ့ဝင်များက မသင်္ကာသူများအား စုံစမ်းထောက်လှမ်းခဲ့ပြီး မသင်္ကာသူ (၄) ဦးအား ခေါ်ယူ စစ်ဆေးခဲ့သည်ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ထို့သို့ စစ်ဆေးဆောင်ရွက် ခဲ့ရာမှ မသင်္ကာ တရားခံတစ်ဦးဖြစ်သူ ချစ်ကို(ခ) ပိုင်စိုးအောင်အသက် (၃၂)နှစ်

ယာဉ်မောင်း ရပ်ကွက် (၉) ၊နယ်မြေ (၉) နေသူအား စစ်ဆေးခဲ့ရာ ၎င်းသည် လွန်ခဲ့သော (၃)နှစ်ခန့်ကစ၍ မန်ဆူကားဂိတ်တွင် အဌားယာဉ်မောင်း အဖြစ်လုပ် ကိုင်နေစဉ် သေဆုံးသူ ဒေါ်…….မှ ပဲခူးမြို့သို့ သွား ရောက်ရန် ကားဌားခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့ (၂) ဦးအလွန်အမင်းရင်းနှီးခဲ့ပြီး

ချစ်ကိုမှာ အဌားယာဉ်မောင်းအဖြစ်မှ ကိုယ်ပိုင်ယာဉ်ဖြင့်သာ ခရီးစဉ်များ ပြေးဆွဲခြင်းလုပ်ငန်း ဆက်လက်လုပ်ကိုင် ခဲ့သည်ဟုသိရသည်။ ထို့သို့ ရင်းနှီးဆက်ဆံမှု များလာချိန်တွင် ဒေါ်…….မှ ၎င်းကို တရားဝင်လက် ထပ် ပေါင်းသင်းရန် ချစ်ကိုအား မကြာခဏပြောဆိုခဲ့သည်ဟုသိရသည်။

ထို့အပြင် ဒေါ်……မှာ ချစ်ကို၏နေအိမ် အရှေ့သို့မ ကြာ ခဏရောက်လာပြီး ဆူပူအော်ဟစ် ပြောဆိုခြင်းများ လည်းရှိခဲ့သည် ဟုဆိုသည်။ အမှုဖြစ်ပွား မည့် ရက် မရောက်မီ ၂၀၂၀ ခုနှစ် ဇွန်လ (၁၀) ရက်နေ့ နံက်ပိုင်းက ချစ်ကိုသည် ရပ်ကွက် (၉)နေအိမ်မှတစ်ဆင့် MDY-6E/4964 Wish အမျိုးအစား

အဖြူရောင် ယာဉ်ဖြင့် ဒေါ်…… နေထိုင်ရာ ရပ်ကွက် (၁၂) ၊နယ်မြေ(၇) ဟက်ကာလမ်း ရှိနေအိမ်သို့ သွား ရောက်ကာ လက်ဘက်ရည် သောက်မည်ဟု ခေါ်ဆောင်ကာ ကုန်စုံဆိုင်တစ်ခုမှ Blue Mountain တံ ဆိပ် လိမ္မော်ရည် (၄) ဗူးနှင့် ရေသန့်(၁)ဗူးအား ဝယ်ပြီးပြီး ဒေါ်……၏ ညီမဝမ်းကွဲဖြစ်သူ

သေဆုံးသူ နောက်တစ်ဦး ဖြစ်သည့် နန်းလောင်ခမ်းအား ဖုန်းဆက်ကာ သွားရောက်ခေါ်ဆောင်၍ ရေကန်တောင် ကန်အမှတ် (၁၄) သို့သွား ရောက်ခဲ့သည်ဟုသိရသည်။ ထို့နောက် ချစ်ကိုမှ သေဆုံးသူ (၂) ဦးမရှိချိန်တွင် အချိုရည်(၂)ဗူးအတွင်းသို့ အသင့်ယူ ဆောင်လာသည့် အိပ်ဆေး(၁၀)လုံးစီအားကြိတ် ထည့်ကာ သေဆုံးသူ(၂)ဦးအား တိုက်ခဲ့သည်။

ထို့နောက် ကားလေအေးပေးစက်နှင့် သီးချင်းဖွင့်ထားစဉ် သေဆုံးသူ(၂)ဦးအိပ်ပျော်သွားခဲ့ရာမှ ကားထဲတွင်အသင့်ယူဆောင်လာသည့် နိုင်လွန်ကျစ်ကြိုးဖြင့် သေဆုံးသူ(၂)ဦးအား တုတ်နှောင်ကာ ပါးစပ်များကိုလည်း တိတ်အကြည်ဖြင့် ပိတ်ထားခဲ့ပြီး ကားမှန်များအလုံပိတ်၍ ကားစက်ရပ်ကာ ချစ်ကိုက အနီးနားတွင်လမ်းလျှောက်နေခဲ့သည်ဟု ထွက်ဆိုသည်။

ထို့ကဲ့သို့ပြုလုပ်ပြီး (၃)နာရီခန့်ကြာသောအချိန်တွင် ကားတံခါးအား ပြန်လည်ဖွင့်ကြည့်စဉ် ဒေါ်……နှင့် နန်းလောင်ခမ်းတို့မှာ အသက်မရှုတော့ပဲ ငြိမ်သက်နေသည်ကို တွေ့ရသဖြင့် အမှန်တစ်ကယ် သေဆုံးခြင်း ရှိမရှိကို ပိတ်ထားသည့် တိတ်အားဖွင့်လှစ်ကာ ကြည့်ရှု့စဉ် အမှန်တစ်ကယ်

သေဆုံးနေ ကြောင်းတွေ့ရ သည်ဟု တရားခံချစ်ကိုမှ ရဲတပ်ဖွဲ့သို့ ထွက်ဆိုသည်။ ထို့နောက် သေဆုံးနေသူ (၂) ဦးအား စွန့်ပစ်ရန် လူသူအရောက် အပေါက်နည်းသည့် မတ်ချီးနု ကျေးရွာကား လမ်းဘေးရှိ ခြုံပုတ်အတွင်းသို့ ပစ်ထားခဲ့ကာ အလောင်း ဖျောက်ဖျက်ခဲ့ကြောင်းနှင့် သေဆုံးသူ အလောင်းများ

တွေ့ရှိကြောင်း လူမှုကွန်ယက် စာမျက်နှာတွင် တွေ့ရှိခဲ့သော်လည်း ဟန်မပျက် နေထိုင်ခဲ့ပြီး ဇွန်လ(၁၆)ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခံရပြီး ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ခြင်း ဖြစ်သည်ဟု လားရှိုးနယ်မြေ ရဲစခန်းတွင် တရားခံ၏ ထွက်ဆိုချက်အရ သိရသည်။

အမှုမှ ပြစ်မှု ကျူးလွန်သူ တရားခံ ချစ်ကို (ခ) ပိုင်စိုးအောင်အား တရားစွဲတင်ပို့ နိုင်ရေးအတွက် လားရှိုးနယ်မြေရဲစခန်းမှ ဆက်လက် ဆောင်ရွက် နေကြောင်း သိရှိရသည်။ Ref-Lashio News Agency

Tags: