မေကြးက ေ႐ႊလမင္းထမင္းဆိုင္ ရိုက္ႏွက္ခဲ့မႈ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ရဲ ၇ ဦးကို အေရးယူမည္ဟု မေကြးရဲမႉးေျပာ

မေကြးက ေ႐ႊလမင္းထမင္းဆိုင္ ရိုက္ႏွက္ခဲ့မႈ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ရဲ ၇ ဦးကို အေရးယူမည္ဟု မေကြးရဲမႉးေျပာ

မေကြးၿမိဳ႕ ေ႐ႊလမင္း ထမင္းဆိုင္မွာ ရဲတပ္ဖြဲ႕ဝင္ေတြ ဝင္ေရာက္ ရိုက္ႏွက္ခဲ့တဲ့ ျဖစ္စဥ္နဲ႕ ပတ္သက္ၿပီး ဇြန္ ၁၈ ရက္ေန႕မွာ ရဲတပ္ဖြဲ႕ဝင္ ၇ ဦးကို အေရးယူသြားမယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးက ေျပာပါတယ္။

ေ႐ႊလမင္း ထမင္းဆိုင္နားမွာ သမီးေယာက္ဖခ်င္း ဓားေတြ၊ တုတ္ေတြကိုင္ ခိုက္ရန္ျဖစ္ၾကစဥ္ ဓားကိုင္သူအား လွည့္ကင္းလွည့္ေနတဲ့ တပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးဖို႔ ႀကိဳးစားရင္း ျဖစ္ပြားခဲ့တာလို႔ မေကြးၿမိဳ႕နယ္ရဲတပ္ ဖြဲ႕မႉး ရဲမႉးျမင့္လြင္က ေျပာပါတယ္။

“ဆဲဆို ဓားကိုင္တဲ့သူကို အေရးယူဖို႔ ႀကိဳစားတဲ့အခ်ိန္မွာ တပ္ဖြဲ႕ဝင္တဦးက ဖုန္သုတ္တဲ့ ၾကက္ေမႊးနဲ႕ တားျမႇစ္ ရိုက္ႏွက္မိတာပါ။ ေသနတ္ကိုင္ တယ္ဆိုတာက ဒုရဲအုပ္သန္းထိုက္ေအာင္ ကားနဲ႕ေရာက္လာၿပီး တပ္ဖြဲ႕ဝင္ေတြကို လက္ဟန္ေျခဟန္နဲ႕ေျပာတဲ့ဟာကို ခ်ိန္တယ္လို႔ စြပ္စြဲခံရတာပါ။

အဲဒီလို ဓားကိုင္တဲ့သူကို ဖမ္းဆီးဖို႔ ႀကိဳးစားတဲ့အခ်ိန္မွာ နယ္ထိန္းတပ္ဖြဲ႕ဝင္ေတြနဲ႕ ရင္းႏွီးတဲ့ ေဒၚႏြယ္ႏြယ္ဆိုတဲ့ အမ်ိဳးသမီးေရာက္လာၿပီး သူ႕ေဆြမ်ိဳးေတြ သူထိန္းနိုင္တယ္လို႔ေျပာလို႔ ရဲတပ္ဖြဲ႕ဝင္ေတြက မဖမ္းဆီးခဲ့ပါဘူး။ ျဖစ္စဥ္မွာ ပါဝင္ခဲ့တဲ့ရဲတပ္ဖြဲ႕ဝင္ေတြကို အထက္အရာရွိကို သတင္း

မပို႔တာရယ္၊ ရဲလုပ္ငန္း ၿပီးေျမာက္ေအာင္ မလုပ္တာေတြေၾကာင့္ သက္ခ်ဳပ္ေရးမွတ္ၿပီး ရဲစည္းကမ္း ထိမ္းသိမ္းေရး ဥပေဒအရ အေရးယူသြားမွာပါ။ ေ႐ႊလမင္း ထမင္းဆိုင္ပိုင္ရွင္ ေဒၚႏြယ္ႏြယ္ ၿဖိဳးက “ေမာင္ျဖစ္တဲ့သူက လမ္းတဖက္မွာရွိတဲ့ မင္းဘူးက သူငယ္ခ်င္း ေတြကို စေနာက္တဲ့အခ်ိန္မွာ

အရပ္ဝတ္နဲ႕သူေတြက ဝင္ေရာက္ ရိုက္ႏွက္ခဲ့တာပါ။ ရဲေခၚဖို႔ေျပာတဲ့အခ်ိန္မွာ သူတို႔က ရဲေတြပဲလို ေျပာၿပီး ဆက္ရိုက္ပါတယ္။ ခဏေနေတာ့ ရဲကားတစီးေရာက္ လာၿပီး ရဲအရာရွိတဦးက ေသနတ္နဲ႕ခ်ိန္ၿပီး သတ္ပစ္လို႔ ရတယ္လို႔ ႀကိမ္းဝါးတဲ့အတြက္ က်ည္ထြက္မွာေၾကာက္လို႔ ေတာင္းပန္ခဲ့ရပါတယ္။

လက္ရွိ ျဖစ္တဲ့ေနရာက အမွတ္ ၂ ရဲစခန္း အပိုင္မွာျဖစ္ၿပီး အမွတ္ ၁ ၿမိဳ႕မရဲစခန္းက ရဲေတြက ဝင္ရိုက္ခဲ့တာပါ” လို႔ ေျပာပါတယ္။ ျဖစ္စဥ္နဲ႕ ပတ္သက္ၿပီး နိုင္ငံေတာ္အႀကီးအကဲ၊ ရဲတပ္ဖြဲ႕အႀကီးအကဲေတြနဲ႕ တိုင္းအစိုးရအဖြဲ႕ကို CCTV မွတ္တမ္းနဲ႕တကြ တိုင္ ၾကား စာေပးပို႔ထားတယ္လို႔ သိရပါတယ္။ မင္းထီ(DVB)

(Unicode version) မကွေးက ရွှေလမင်းထမင်းဆိုင် ရိုက်နှက်ခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲ ၇ ဦးကို အရေးယူမည်ဟု မကွေးရဲမှူးပြော

မကွေးမြို့ ရွှေလမင်း ထမင်းဆိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက် ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဇွန် ၁၈ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အရေးယူသွားမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ရွှေလမင်း ထမင်းဆိုင်နားမှာ သမီးယောက်ဖချင်း ဓားတွေ၊ တုတ်တွေကိုင် ခိုက်ရန်ဖြစ်ကြစဉ် ဓားကိုင်သူအား လှည့်ကင်းလှည့်နေတဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးဖို့ ကြိုးစားရင်း ဖြစ်ပွားခဲ့တာလို့ မကွေးမြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးမြင့်လွင်က ပြောပါတယ်။

“ဆဲဆို ဓားကိုင်တဲ့သူကို အရေးယူဖို့ ကြိုစားတဲ့အချိန်မှာ တပ်ဖွဲ့ဝင်တဦးက ဖုန်သုတ်တဲ့ ကြက်မွှေးနဲ့ တားမြှစ် ရိုက်နှက်မိတာပါ။ သေနတ်ကိုင် တယ်ဆိုတာက ဒုရဲအုပ်သန်းထိုက်အောင် ကားနဲ့ရောက်လာပြီး တပ်ဖွဲ့ဝင်တွေကို လက်ဟန် ခြေဟန်နဲ့ပြောတဲ့ဟာကို ချိန်တယ်လို့ စွပ်စွဲခံရတာပါ။

အဲဒီလို ဓားကိုင်တဲ့သူကို ဖမ်းဆီးဖို့ ကြိုးစားတဲ့အချိန်မှာ နယ်ထိန်းတပ်ဖွဲ့ဝင်တွေနဲ့ ရင်းနှီးတဲ့ ဒေါ်နွယ်နွယ်ဆိုတဲ့ အမျိုးသမီးရောက်လာပြီး သူ့ဆွေမျိုးတွေ သူထိန်းနိုင်တယ်လို့ပြောလို့ ရဲတပ်ဖွဲ့ဝင်တွေက မဖမ်းဆီးခဲ့ပါဘူး။ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကို အထက်အရာရှိကို သတင်း

မပို့တာရယ်၊ ရဲလုပ်ငန်း ပြီးမြောက်အောင် မလုပ်တာတွေကြောင့် သက်ချုပ်ရေးမှတ်ပြီး ရဲစည်းကမ်း ထိမ်းသိမ်းရေး ဥပဒေအရ အရေးယူသွားမှာပါ။ ရွှေလမင်း ထမင်း ဆိုင်ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးက “မောင်ဖြစ်တဲ့သူက လမ်းတဖက်မှာရှိတဲ့ မင်းဘူးက သူငယ်ချင်း တွေကို စနောက်တဲ့အချိန်မှာ

အရပ်ဝတ်နဲ့သူတွေက ဝင်ရောက် ရိုက်နှက်ခဲ့တာပါ။ ရဲခေါ်ဖို့ပြောတဲ့အချိန်မှာ သူတို့က ရဲတွေပဲလို ပြောပြီး ဆက်ရိုက်ပါတယ်။ ခဏနေတော့ ရဲကားတစီးရောက် လာပြီး ရဲအရာရှိတဦးက သေနတ်နဲ့ချိန်ပြီး သတ်ပစ်လို့ ရတယ်လို့ ကြိမ်းဝါးတဲ့အတွက် ကျည်ထွက်မှာကြောက်လို့ တောင်းပန်ခဲ့ရပါတယ်။

လက်ရှိ ဖြစ်တဲ့နေရာက အမှတ် ၂ ရဲစခန်း အပိုင်မှာဖြစ်ပြီး အမှတ် ၁ မြို့မရဲစခန်းက ရဲတွေက ဝင်ရိုက်ခဲ့တာပါ” လို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲ၊ ရဲတပ်ဖွဲ့အကြီးအကဲတွေနဲ့ တိုင်းအစိုးရအဖွဲ့ကို CCTV မှတ်တမ်းနဲ့တကွ တိုင် ကြား စာပေးပို့ထားတယ်လို့ သိရပါတယ်။ မင်းထီ(DVB)

Tags: