(Unicode version) မြောက်ကိုရီးယား က စစ် တပ်ကို အသင့်ပြင်ထားပြီး နောက် တောင်ကိုရီးယားကို နောက်ဆုံးအကြိမ် သတိပေး
မြောက်ကိုရီးယား က စစ်တပ်ကို အသင့်ပြင်ထားပြီး တောင်ကိုရီးယား ကို နောက်ဆုံး သတိပေးလိုက်ပြီဖြစ်သည်။
မြောက်ကိုရီးယား နိုင်ငံတွင်းသို့ ပြည်ပြေး အုပ်စုများက ဝါဒဖြန့် စာစောင်များကို ဆက်ပို့နေဦးမယ် ဆိုရင် စစ်တပ်က အရေးယူသွားရန် အသင့်ပြင်ထားပြီးဖြစ် ကြောင်း နောက်ဆုံး သတိပေး ချက်အဖြစ်
မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်လိုက်ပါတယ်။ ၂၀၁၈ ကိုရီးယား သဘောတူစာချု့်အရ သတ်မှတ်ထားသော စစ်မဲ့ဇုန်များထဲ တပ်များ ဝင်ရောက်ကာ ရှေ့တန်းခံတပ်အဖြစ် ပြောင်းလဲပစ်မည့် အရေးယူသည့် အစီအစဉ်
တစ်ရပ်ကို အသင့်ပြင်ထားပြီးဖြစ်သည်ဟု ကိုရီးယား ပြည်သူ့ဘစစ်တပ် KPA ၏ စစ်ဦးစီးချုပ်ရုံးက ဆိုပါတယ်။ ပါတီနဲ့ အစိုးရက ဘာအမိန့်ပဲ ပေးပေး စစ်တပ်က လိုက်နာဖို့ အသင့်ရှိနေတယ်လို့ လည်း ပြောလိုက် ပါတယ်။
တောင်ကိုရီးယားနှင့် ဆက်ဆံရေး ကို ဖြတ်တောက်ပစ်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်အား ဝေဖန်ထားသော လက်ကမ်းစာစောင်များ ပေးပို့နေခြင်းအပေါ် လက်တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက် လာပြီးနောက် တင်းမာမှုများ မြင့်တက်လျက် ရှိနေ ပါတယ်။
မြောက်ကိုရီးယားက ပြည်ပြေးများ ဦးဆောင်သော အုပ်စု အချို့သည် မြောက်ကိုရီးယား ဖက်ခြမ်းသို့ ဝါဒဖြန့် လက်ကမ်းစာ စောင်များကို အစားအစာများ၊ အမေရိကန် တစ်ဒေါ်လာတန်၊ အသေးစား ရေဒီယိုများနှင့် တောင်ကိုရီးယား
ဇာတ်ကားများ နှင့် သတင်းများ ပါရှိသော USB stick များအား လုံခြုံရေး တင်းကြပ်စွာ ချထားသော နယ် စပ်ကို မိုးပျံပူဖောင်းများဖြင့် သို့မ ဟုတ် မြစ်ရေတွင် ပုလင်းများထဲ ထည့်၍ မျောခြင်းဖြင့် ပေးပို့နေခြင်း ဖြစ်ပါတယ်။
ကင်ဂျုံးအွန်၏ ညီမ အာဏာရ အလုပ်သမား ပါတီ၏ အကြီးတန်း တာဝန်ရှိသူ ကင်ယိုဂျုံးက စစ်တပ်အား လာမည့် တိုက်ပွဲအတွက် အသင့်ပြင်ထားရန် အမိန့်ပေး ထားကြောင်းကို စနေနေ့က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံအနေဖြင့် နှစ်နိုင်ငံခေါင်း ဆောင်များ ဖော်ဆောင်သော ငြိမ်းချမ်းရေး သဘော တူညီချက်များကို ဆက်လက်ထိန်းသိမ်းရန်နှင့် စေ့စပ်ဆွေးနွေးရန် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။ crd : whitesone
Add a Comment
Your email address will not be published. Required fields are marked *