သထုံေ႐ႊစာရံဘုရား အလႉခံပုံး ရိုက္ခြဲၿပီး ေငြခိုးယူထြက္ေျပးသူကို ခိုးရာပါ ေငြက်ပ္ ၆ သိန္းေက်ာ္ႏွင့္အတူ ဖမ္းမိ

သထုံေ႐ႊစာရံဘုရား အလႉခံပုံး ရိုက္ခြဲၿပီး ေငြခိုးယူထြက္ေျပးသူကို ခိုးရာပါ ေငြက်ပ္ ၆ သိန္းေက်ာ္ႏွင့္အတူ ဖမ္းမိ

မြန္ျပည္နယ္၊ သထုံၿမိဳ႕ က်က္သေရေဆာင္ ေ႐ႊစာရံေစတီေတာ္ျမတ္ႀကီးရွိ အလႉခံပုံးအား ရိုက္ခြဲၿပီး အလႉေငြမ်ား ခိုးယူထြက္ေျပးသူကို ခိုးရာပါ ေငြက်ပ္ ၆ သိန္းေက်ာ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သထုံၿမိဳ႕မ ရဲစခန္းမွ သိရွိရသည္။

သထုံၿမိဳ႕ ေ႐ႊစာရံေစတီေတာ္ မွန္စီဝတ္အတြင္း ထားရွိေသာ ေ႐ႊစာရံေစတီေတာ္ ဘက္စုံျပဳျပင္ေရး စာ တမ္းပါ အလႉခံပုံးမွာ ဇြန္ ၁၇ ရက္ ေန႕လည္ပိုင္းက ရိုက္ခြဲခံထားရၿပီး အလႉေငြမ်ား ေပ်ာက္ဆုံးေနေၾကာင္း ဘုရားေဂါပကအဖြဲ႕မွ အေၾကာင္းၾကားသျဖင့္ ရဲတပ္ဖြဲ႕မွ လိုက္လံစုံစမ္းဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

“ဖမ္းမိတာက ေန႕လည္ ၂ နာရီေလာက္မွာ မိတယ္။ ေဂါပကအဖြဲ႕က ဘုရားအလႉခံပုံး ရိုက္ခြဲခံထားရၿပီး အလႉေငြေတြ ေပ်ာက္ဆုံးေနတယ္လို႔ အေၾကာင္း ၾကားလာေတာ့ လိုက္လံစုံစမ္းတဲ့အခါမွာ ေဆး႐ုံလမ္းနားမွာ မႈ ခင္းႏွိမ္နင္းေရးဌာနက ရဲတပ္ဖြဲ႕ဝင္ေတြက မသကၤာလို႔ ဆြဲထားတဲ့သူက ဘုရားအလႉခံပုံးက ေငြေတြ ခိုးယူလာသူလို႔ သိရတယ္။

စစ္ေဆးတဲ့ အခါမွာလဲ ခိုးယူေၾကာင္း သိရတယ္။ အခုေတာ့ အမႈဖြင့္ ဖမ္းဆီးထား ပါတယ္။ ”ဟု သထုံၿမိဳ႕မ ရဲစခန္းမႉး ဒုရဲမႉး ေဇာ္မင္းထြန္းက ေျပာသည္ ။ျဖစ္စဥ္မွာ ေ႐ႊစာရံေစတီေတာ္ အလႉခံပုံး အေဖာက္ခံရေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕ဝင္မ်ားမွ လိုက္လံ စုံ စမ္း ရွာေဖြစဥ္ သထုံၿမိဳ႕ မင္းလမ္းဘက္မွ ေဆး႐ုံလမ္းဘက္ လမ္းေလွ်ာက္လာသူ

ထင္ေအာင္ေက်ာ္(ခ) သားႀကီးကို မသကၤာသျဖင့္ ေခၚယူစစ္ေဆးခဲ့ေၾကာင္း သိရသည္။ ထိုသို႔ စစ္ေဆးရာ ထင္ေအာင္ေက်ာ္ (ခ) သားႀကီး ၃၉ ႏွစ္ (ဘ) ဦးေမာင္ေမာင္ေက်ာ္ ဧရာဝတီတိုင္းေဒသႀကီး ေျမာင္းျမၿမိဳ႕ ဒို ဘီကုန္းရပ္ေနသူ ကိုင္ေဆာင္လာေသာ လက္ဆြဲအိ တ္ကို ရွာေဖြရာ

မွန္ကြဲစအပိုင္း ၁၆ ခု၊ အ ရွည္ ၆ လက္မခန႔္ရွိ မွန္လိုင္နာသားေရေမွ်ာ ၁ ခု၊ ေငြစကၠဴေရာရာ ၆၅၉၈၅၀ က်ပ္ကို ေတြ႕ရွိရသျဖင့္ ေမး ျမန္းရာ သထုံေ႐ႊစာရံဘုရားအတြင္း အလႉခံပုံးအား လက္ျဖင့္ ရိုက္ခြဲကာ ခိုးယူလာေၾကာင္း စစ္ေဆးေပၚ ေပါက္ခဲ့သည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဘုရားအလႉခံပုံးအတြင္းမွ အလႉေငြမ်ား ခိုးယူသူ ထင္ေအာင္ေက်ာ္ (ခ) သားႀကီးကို သထုံၿမိဳ႕မ ရဲစခန္းမွ (ပ) ၄၀၃/ ၂၀၂၀၊ ရာဇာသတ္ႀကီး ဥပေဒ ပုဒ္မ ၃၈၀ /၅၄ ျဖင့္ အမႈဖြင့္ဖမ္းဆီးထာ းေၾကာင္း သိရသည္။ Ref ; Myitmakha News Agency

(Unicode version) သထုံရွှေစာရံဘုရား အလှူခံပုံး ရိုက်ခွဲပြီး ငွေခိုးယူထွက်ပြေးသူကို ခိုးရာပါ ငွေကျပ် ၆ သိန်းကျော်နှင့်အတူ ဖမ်းမိ

မွန်ပြည်နယ်၊ သထုံမြို့ ကျက်သရေဆောင် ရွှေစာရံစေတီတော်မြတ်ကြီးရှိ အလှူခံပုံးအား ရိုက်ခွဲပြီး အလှူငွေများ ခိုးယူထွက်ပြေးသူကို ခိုးရာပါ ငွေကျပ် ၆ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သထုံမြို့မ ရဲစခန်းမှ သိရှိရသည်။

သထုံမြို့ ရွှေစာရံစေတီတော် မှန်စီဝတ်အတွင်း ထားရှိသော ရွှေစာရံစေတီတော် ဘက်စုံပြုပြင်ရေး စာ တမ်းပါ အလှူခံပုံးမှာ ဇွန် ၁၇ ရက် နေ့လည်ပိုင်းက ရိုက်ခွဲခံထားရပြီး အလှူငွေများ ပျောက်ဆုံးနေကြောင်း ဘုရားဂေါပကအဖွဲ့မှ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဖမ်းမိတာက နေ့လည် ၂ နာရီလောက်မှာ မိတယ်။ ဂေါပကအဖွဲ့က ဘုရားအလှူခံပုံး ရိုက်ခွဲခံထားရပြီး အလှူငွေတွေ ပျောက်ဆုံးနေတယ်လို့ အကြောင်း ကြားလာတော့ လိုက်လံစုံစမ်းတဲ့အခါမှာ ဆေးရုံလမ်းနားမှာ မှု ခင်းနှိမ်နင်းရေးဌာနက ရဲတပ်ဖွဲ့ဝင်တွေက မသင်္ကာလို့ ဆွဲထားတဲ့သူက ဘုရားအလှူခံပုံးက ငွေတွေ ခိုးယူလာသူလို့ သိရတယ်။

စစ်ဆေးတဲ့ အခါမှာလဲ ခိုးယူကြောင်း သိရတယ်။ အခုတော့ အမှုဖွင့် ဖမ်းဆီးထား ပါတယ်။ ”ဟု သထုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းထွန်းက ပြောသည်။ ဖြစ်စဉ်မှာ ရွှေစာရံစေတီတော် အလှူခံပုံး အဖောက်ခံရကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ စုံ စမ်း ရှာဖွေစဉ် သထုံမြို့ မင်းလမ်းဘက်မှ ဆေးရုံလမ်းဘက် လမ်းလျှောက်လာသူ

ထင်အောင်ကျော်(ခ) သားကြီးကို မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရာ ထင်အောင်ကျော် (ခ) သားကြီး ၃၉ နှစ် (ဘ) ဦးမောင်မောင်ကျော် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ဒို ဘီကုန်းရပ်နေသူ ကိုင်ဆောင်လာသော လက်ဆွဲအိ တ်ကို ရှာဖွေရာ

မှန်ကွဲစအပိုင်း ၁၆ ခု၊ အ ရှည် ၆ လက်မခန့်ရှိ မှန်လိုင်နာသားရေမျှော ၁ ခု၊ ငွေစက္ကူရောရာ ၆၅၉၈၅၀ ကျပ်ကို တွေ့ရှိရသဖြင့် မေး မြန်းရာ သထုံရွှေစာရံဘုရားအတွင်း အလှူခံပုံးအား လက်ဖြင့် ရိုက်ခွဲကာ ခိုးယူလာကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဘုရားအလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူသူ ထင်အောင်ကျော် (ခ) သားကြီးကို သထုံမြို့မ ရဲစခန်းမှ (ပ) ၄၀၃/ ၂၀၂၀၊ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၀ /၅၄ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။ Ref ; Myitmakha News Agency