ရိုးသားမႈ အရင္းခံၿပီး ကိုယ္ခ်င္းစာစိတ္ရွိတဲ့ ျမန္မာေတြရဲ႕ ရိုးသားမႈဂုဏ္ပုဒ္ ဒီလိုရိုးသားတဲ့ လူမ်ိဳးေတြ ေၾကာင့္လည္း ျမန္မာဆိုၿပီး ဂုဏ္ယူရတာ ေပါ့ေလ..

ရိုးသားမႈ အရင္းခံရွိၿပီး ကိုယ္ခ်င္းစာစိတ္ရွိတဲ့ ျမန္မာေတြရဲ႕ရိုးသားမႈဂုဏ္ပုဒ္ ဒီလိုရိုးသားတဲ့ ျမန္မာလူမ်ိဳး ေတြေၾကာင့္လည္း ျမန္မာဆိုၿပီး ဂုဏ္ယူရတာ ေပါ့ေလ..

(ျမန္မာေတြရဲ႕ရိုးသားမႈဂုဏ္ပုဒ္) ဒီလိုရိုးသားတဲ့ သူေတြ ရွိေနေသးတာ ျမန္မာလူမ်ိဳးေတြ အတြက္ ဂုဏ္ယူစရာပါ “ရိုးသားမႈေတြ ရွိေနျခင္းအတြက္ ဝမ္း ေျမာက္ဂုဏ္ယူမိျခင္း”

မေန႕ကနံက္ေစာေစာ (၇)နာရီေလာက္..ဖုန္းတစ္ခုဝင္ လာသည္။ ကြၽန္ေတာ့ အကိုႀကီးထံမွ စိုးရိမ္ပူပန္မႈအ ျပည့္ႏွင့္ ဆက္လာျခင္း ျဖစ္သည္။ 8 Mile Hotel မွ ဆည္ေျမာင္းလမ္းရွိ Lucky Seven လၻက္ရည္ ဆိုင္ထိ က်ပ္ ၁၅၀၀ နဲ႕ Taxi ငွားၿပီး နံက္စာလာစားၾက၏။

ပိုက္ဆံ ရွင္းေတာ့မွ ၎တို႔၏ ပိုက္ဆံအိတ္မေတြ႕ ၍ စဥ္းစားၾကည့္ေတာ့ ခုန City Taxi ေပၚမွာေမ့က်န္ခဲ့ေလၿပီ။ Wallet ထဲတြင္ $ 700 ႏွင့္က်ပ္ ၁ သိန္းေက်ာ္ပါသြားၿပီး ေငြထက္ အေရးႀကီးသည့္ ID Cards မ်ားပါသြားသျဖင့္

ဘယ္လိုနည္းနဲ႕ ျပန္ရနိုင္မလဲ စဥ္းစားၾကသည္။ “ေရအဆုံး ကုန္းတစ္ဝက္ေပါ့” Grab Taxi ဆိုရင္ ေနာက္ ေၾကာင္းလိုက္လို႔ရနိုင္ေသးသည္။ သူတို႔ေတြလည္း ၁၁ နာရီေလယာဥ္နဲ႕ US ျပန္ၾကမွာ ျဖစ္လို႔ ID Card မရွိရင္ အခက္အခဲေတြ ရွိလာနိုင္သည္။

ဒါ့ေၾကာင့္ Lucky Seven ဆိုင္မွာ Contact message ထားၿပီး 8 Mile Hotel မွာျပန္ၿပီး F.O မွာလည္း Message ေပးခဲ့သည္။ Check out လုပ္ဖို႔ ျပင္ဆင္ေနရင္း မရီးျဖစ္သူမွ ဘုရားအာ႐ုဏ္ျပဳ ေမတၱာပို႔ေနစဥ္အခန္းကို Receptionist ကေလး မစု မွလာေျပာ ပါတယ္။

F.O မွာ လူတေယာက္လာၿပီး ပိုက္ဆံအိတ္ ေကာက္ရလို႔ လာေမးေၾကာင္း၊ သိရရျခင္း ဆင္းၾကည့္ေတာ့ ခုနငွားခဲ့တဲ့ Taxi Driver ႀကီးျဖစ္ေနတယ္။ သူလည္း ေနာက္စီးတဲ့ ခရီးသည္က ေနာက္ခန္းမွာ ပိုက္ဆံအိတ္တစ္ခု ေကာက္ရေၾကာင္း သူထံအပ္ၿပီး ေလဆိပ္မွာ ဆင္းသြားတယ္။

ဖြင့္ၾကည့္ေတာ့ ID Cards နဲ႕ေငြေတြေတြ႕ေတာ့ ဘယ္လိုျပန္ေပး ရမလဲစဥ္းစားၿပီး သူတို႔ငွားစီးခဲ့တဲ့ Junction 8 ဖက္ျပန္ေမာင္း လာခဲ့တယ္။ ပိုင္ရွင္ထံ ျပန္ေပးသင့္တယ္ ဆိုတဲ့ရိုးသားမႈ အရင္းခံစိတ္နဲ႕ လာရွာတာျဖစ္ ေၾကာင္း ေျပာျပပါတယ္။

ကြၽန္ေတာ့ အကိုလည္း မေမွ်ာ္လင့္ ဘဲပိုက္ဆံအိတ္ လက္ဝယ္ျပန္ရ၍ အံဩၿပီးၾကက္ေသ ေသေနစဥ္ Taxi Driver ႀကီးက ျပန္ထြက္သြား ခဲ့ၿပီ။ သတိရရျခင္းလိုက္သြား ၿပီး ဆုေငြ $100 ေပးေတာ့ျငင္းပါတယ္။

ရိုးသားမႈအတြက္ ခ်ီးျမႇင့္တာေၾကာင့္ လက္ခံဖို႔ကို အ တင္းေပးမွယူၿပီး သူမိသားစုမွာ ေငြအခက္အခဲ ႀကဳံေနရေပမယ့္ ကိုယ္ခ်င္းစာစိတ္နဲ႕ လာရွာေပးတာျဖစ္ ေၾကာင္းေျပာခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြမွာ ရိုးသားမႈ အရင္းခံ ကိုယ္ခ်င္းစာ စိတ္ဓာတ္ေကာင္း ေတြရွိေနေသးပါလား လို႔ေတြးမိရင္း ဝမ္းသာမိပါတယ္။ အကယ္၍ ေနာက္ခရီးသည္က မရိုးသားခဲ့ရင္ လည္းျပန္ရ စရာအေၾကာင္း မရွိသလို Taxi Driver ႀကီး “ဦးေအးလြင္” မွ တားစီးတဲ.

ခရီးသည္ ေတြလက္မခံဘဲ အခ်ိန္မွီလာေပးလို႔သာ ကိုႀကီး တို႔ျပည္ေတာ္ျပန္ စိတ္ခ်မ္းသာခဲ့ ရတာမဟုတ္ေပေလာ! ရိုးသားမႈ အရင္းခံရွိၿပီး ကိုယ္ခ်င္းစာစိတ္ ရွိသူအားလုံးကို ေက်းဇူးတင္ ေလးစားဂါရဝ ထားလွ်က္….
Thet Lwin Toh

(Unicode version) ရိုးသားမှု အရင်းခံရှိပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့ မြန်မာတွေရဲ့ရိုးသားမှုဂုဏ်ပုဒ် ဒီလိုရိုးသားတဲ့ မြန်မာလူမျိုး တွေကြောင့်လည်း မြန်မာဆိုပြီး ဂုဏ်ယူရတာ ပေါ့လေ..

(မြန်မာတွေရဲ့ရိုးသားမှုဂုဏ်ပုဒ်) ဒီလိုရိုးသားတဲ့ သူတွေ ရှိနေသေးတာ မြန်မာလူမျိုးတွေ အတွက် ဂုဏ်ယူစရာပါ “ရိုးသားမှုတွေ ရှိနေခြင်းအတွက် ဝမ်း မြောက်ဂုဏ်ယူမိခြင်း”

မနေ့ကနံက်စောစော (၇)နာရီလောက်..ဖုန်းတစ်ခုဝင် လာသည်။ ကျွန်တော့ အကိုကြီးထံမှ စိုးရိမ်ပူပန်မှုအ ပြည့်နှင့် ဆက်လာခြင်း ဖြစ်သည်။ 8 Mile Hotel မှ ဆည်မြောင်းလမ်းရှိ Lucky Seven လ္ဘက်ရည် ဆိုင်ထိ ကျပ် ၁၅၀၀ နဲ့ Taxi ငှားပြီး နံက်စာလာစားကြ၏။

ပိုက်ဆံ ရှင်းတော့မှ ၎င်းတို့၏ ပိုက်ဆံအိတ်မတွေ့ ၍ စဉ်းစားကြည့်တော့ ခုန City Taxi ပေါ်မှာမေ့ကျန်ခဲ့လေပြီ။ Wallet ထဲတွင် $ 700 နှင့်ကျပ် ၁ သိန်းကျော်ပါသွားပြီး ငွေထက် အရေးကြီးသည့် ID Cards များပါသွားသဖြင့်

ဘယ်လိုနည်းနဲ့ ပြန်ရနိုင်မလဲ စဉ်းစားကြသည်။ “ရေအဆုံး ကုန်းတစ်ဝက်ပေါ့” Grab Taxi ဆိုရင် နောက် ကြောင်းလိုက်လို့ရနိုင်သေးသည်။ သူတို့တွေလည်း ၁၁ နာရီလေယာဉ်နဲ့ US ပြန်ကြမှာ ဖြစ်လို့ ID Card မရှိရင် အခက်အခဲတွေ ရှိလာနိုင်သည်။

ဒါ့ကြောင့် Lucky Seven ဆိုင်မှာ Contact message ထားပြီး 8 Mile Hotel မှာပြန်ပြီး F.O မှာလည်း Message ပေးခဲ့သည်။ Check out လုပ်ဖို့ ပြင်ဆင်နေရင်း မရီးဖြစ်သူမှ ဘုရားအာရုဏ်ပြု မေတ္တာပို့နေစဉ်အခန်းကို Receptionist ကလေး မစု မှလာပြော ပါတယ်။

F.O မှာ လူတယောက်လာပြီး ပိုက်ဆံအိတ် ကောက်ရလို့ လာမေးကြောင်း၊ သိရရခြင်း ဆင်းကြည့်တော့ ခုနငှားခဲ့တဲ့ Taxi Driver ကြီးဖြစ်နေတယ်။ သူလည်း နောက်စီးတဲ့ ခရီးသည်က နောက်ခန်းမှာ ပိုက်ဆံအိတ်တစ်ခု ကောက်ရကြောင်း သူထံအပ်ပြီး လေဆိပ်မှာ ဆင်းသွားတယ်။

ဖွင့်ကြည့်တော့ ID Cards နဲ့ငွေတွေတွေ့တော့ ဘယ်လိုပြန်ပေး ရမလဲစဉ်းစားပြီး သူတို့ငှားစီးခဲ့တဲ့ Junction 8 ဖက်ပြန်မောင်း လာခဲ့တယ်။ ပိုင်ရှင်ထံ ပြန်ပေးသင့်တယ် ဆိုတဲ့ရိုးသားမှု အရင်းခံစိတ်နဲ့ လာရှာတာဖြစ် ကြောင်း ပြောပြပါတယ်။

ကျွန်တော့ အကိုလည်း မမျှော်လင့် ဘဲပိုက်ဆံအိတ် လက်ဝယ်ပြန်ရ၍ အံဩပြီးကြက်သေ သေနေစဉ် Taxi Driver ကြီးက ပြန်ထွက်သွား ခဲ့ပြီ။ သတိရရခြင်းလိုက်သွားပြီး ဆုငွေ $100 ပေးတော့ငြင်းပါတယ်။

ရိုးသားမှုအတွက် ချီးမြှင့်တာကြောင့် လက်ခံဖို့ကို အ တင်းပေးမှယူပြီး သူမိသားစုမှာ ငွေအခက်အခဲ ကြုံနေရပေမယ့် ကိုယ်ချင်းစာစိတ်နဲ့ လာရှာပေးတာဖြစ် ကြောင်းပြောခဲ့ပါတယ်။

ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ရိုးသားမှု အရင်းခံ ကိုယ်ချင်းစာ စိတ်ဓာတ်ကောင်း တွေရှိနေသေးပါလား လို့တွေးမိရင်း ဝမ်းသာမိပါတယ်။ အကယ်၍ နောက်ခရီးသည်က မရိုးသားခဲ့ရင် လည်းပြန်ရ စရာအကြောင်း မရှိသလို Taxi Driver ကြီး “ဦးအေးလွင်” မှ တားစီးတဲ့

ခရီးသည် တွေလက်မခံဘဲ အချိန်မှီလာပေးလို့သာ ကိုကြီး တို့ပြည်တော်ပြန် စိတ်ချမ်းသာခဲ့ ရတာမဟုတ်ပေလော! ရိုးသားမှု အရင်းခံရှိပြီး ကိုယ်ချင်းစာစိတ် ရှိသူအားလုံးကို ကျေးဇူးတင် လေးစားဂါရဝ ထားလျှက်….Thet Lwin Toh

Tags:

Add a Comment

Your email address will not be published. Required fields are marked *