လွ်ပ္စ္ဓါတ္ႀကိဳး ျပတ္ၾကေနရာမွ ေတာင္ကုတ္တြင္ အမ်ိဳးသားႏွစ္ဦး ဓာတ္လိုက္ေသဆုံး

လွ်ပ္စ္ဓါတ္ႀကိဳး ျပတ္ၾကေနရာမွ ေတာင္ကုတ္တြင္ အမ်ိဳးသားႏွစ္ဦး ဓာတ္လိုက္ေသဆုံး

ဇြန္ ၁၇ ၊သံတြဲ ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ ဝက္က်ိတ္ ေက်း႐ြာအုပ္စု ႐ြာသစ္ေစ်းေလးေရွ႕တြင္ ဇြန္ ၁၇ရက္ေန႕ နံနက္ ၆ နာရီအခ်ိန္ခန႔္က အမ်ိဳးသားႏွစ္ဦး ဓါတ္လိုက္၍ ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

၎တို႔ ႏွစ္ဦးမွာ ဝက္က်ိတ္ေက်း႐ြာေန ဦစိန္သန္း အသက္ ၃၀ႏွစ္ႏွင့္ ဦးတင္ေက်ာ္သန္း အသက္ ၄၉ႏွစ္ တို႔ ျဖစ္ေၾကာင္း မိသားစု၀င္မ်ားထံမွ သိရသည္။

“က်မနဲ႕ ေဆြမ်ိဳးေတာ္တဲ့ ေမာင္ေလးက ျပဳတ္က်ေနတဲ့ ဓာတ္ႀကိဳးကို ကိုင္မိလို႔ ဓာတ္လိုက္ၿပီး လဲေနတာကို က်မေယာက္်ားက လဲေနတဲ့ေမာင္ေလးကို သြားထူလိုက္တာ က်မေယာက္်ားပါ

ဓာတ္လိုက္ၿပီး ေသသြားတယ္”ဟု ဦးတင္ေက်ာ္သန္း ၏ ဇနီးျဖစ္သူ ေဒၚလွေမစန္း ကDMG သို႔ ေျပာသည္။ ဓာတ္လိုက္ ေသဆုံး ခဲ့ၾကသည့္

ဦးတင္ေက်ာ္သန္းတြင္ သားငယ္ႏွစ္ေယာက္ရွိၿပီး ဦစိန္သန္း ၃၀ႏွစ္တြင္ ကိုယ္ဝန္သည္ အမ်ိဳးသမီးႏွင့္ သမီးငယ္ႏွစ္ေယာက္ရွိေၾကာင္း မိသားစုဝင္မ်ားထံက သိရသည္။

ေတာင္ကုတ္ၿမိဳ႕နယ္ တြင္ ဇြန္ ၁၆ ရက္ေန႕ ညက ငလွ်င္လႈပ္ခတ္ခဲ့မႈေၾကာင့္ ဓါတ္တိုင္ ယိမ္းယိုင္ခဲ့ၿပီး မီးႀကိဳးျပဳတ္က်သြားျခင့္ေၾကာင့္ယင္းသို႔ ဓါတ္လိုက္ေသဆုံးရျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

(Unicode version) လျှပ်စ်ဓါတ်ကြိုး ပြတ်ကြနေရာမှ တောင်ကုတ်တွင် အမျိုးသားနှစ်ဦး ဓာတ်လိုက်သေဆုံး

ဇွန် ၁၇ ၊သံတွဲ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဝက်ကျိတ် ကျေးရွာအုပ်စု ရွာသစ်ဈေးလေးရှေ့တွင် ဇွန် ၁၇ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က အမျိုးသားနှစ်ဦး ဓါတ်လိုက်၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့ နှစ်ဦးမှာ ဝက်ကျိတ်ကျေးရွာနေ ဦစိန်သန်း အသက် ၃၀နှစ်နှင့် ဦးတင်ကျော်သန်း အသက် ၄၉နှစ် တို့ ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ကျမနဲ့ ဆွေမျိုးတော်တဲ့ မောင်လေးက ပြုတ်ကျနေတဲ့ ဓာတ်ကြိုးကို ကိုင်မိလို့ ဓာတ်လိုက်ပြီး လဲနေတာကို ကျမယောက်ျားက လဲနေတဲ့မောင်လေးကို သွားထူလိုက်တာ ကျမယောက်ျားပါ

ဓာတ်လိုက်ပြီး သေသွားတယ်”ဟု ဦးတင်ကျော်သန်း ၏ ဇနီးဖြစ်သူ ဒေါ်လှမေစန်း ကDMG သို့ ပြောသည်။ ဓာတ်လိုက် သေဆုံး ခဲ့ကြသည့်

ဦးတင်ကျော်သန်းတွင် သားငယ်နှစ်ယောက်ရှိပြီး ဦစိန်သန်း ၃၀နှစ်တွင် ကိုယ်ဝန်သည် အမျိုးသမီးနှင့် သမီးငယ်နှစ်ယောက်ရှိကြောင်း မိသားစုဝင်များထံက သိရသည်။

တောင်ကုတ်မြို့နယ် တွင် ဇွန် ၁၆ ရက်နေ့ ညက ငလျှင်လှုပ်ခတ်ခဲ့မှုကြောင့် ဓါတ်တိုင် ယိမ်းယိုင်ခဲ့ပြီး မီးကြိုးပြုတ်ကျသွားခြင့်ကြောင့်ယင်းသို့ ဓါတ်လိုက်သေဆုံးရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

Tags: