ျမန္မာေငြ (1500) ေလာက္သာ က်သင့္မည့္ မာၻ႔ပ ထမဆုံး ဖုန္းအားသြင္းႀကိဳးနဲ႕ ပိုးသတ္ၿပီး ျပန္သုံးလို႔ရမယ့္ MASKကို အစၥေရးက တီထြင္လိုက္ၿပီ

ကမာၻ႔ပထမဆုံး ဖုန္းအားသြင္းႀကိဳးနဲ႕ ပိုးသတ္ၿပီး ျပန္သုံးလို႔ရမယ့္ MASK တီထြင္ အစၥေရးက တီထြင္လိုက္ၿပီ

အစၥေရး သိပၸံပညာရွင္ Yair Ein-Eli က အႀကိမ္ႀကိမ္ ပိုးသတ္ၿပီး အသုံးျပဳနိုင္တဲ့ Mask ကိုတီထြင္ခဲ့ပါတယ္။ ဖုန္းအသြင္းႀကိဳးနဲ႕ Mask ကို ပါဝါေပးလိုက္ရင္ အဝတ္စေတြ အပူခ်ိန္ 65-70 ဒီဂရီ စင္တီဂရိတ္အထိ နာရီဝက္ေလာက္ပူလာၿပီးရင္ COVID-19 ျဖစ္ေစ မယ့္ ပိုးေတြေသကုန္မယ္ လို႔ဆိုပါတယ္။

လူက ဝတ္ထားခ်ိန္မွာေတာ့ အပူေပးေနတာမို႔ ပါဝါႀကိဳးနဲ႕ ခ်ိတ္ဆက္ၿပီး ပိုးသတ္လို႔မရပါဘူး။ သေဘာက အဝတ္စေတြၾကားမွာ နည္းပညာျမင့္ ကာဘြန္ဖိုင္ဘာမွ်င္ေတြလို အပူေပးလို႔ရတဲ့ အလႊာကို အပူေပးၿပီး အဝတ္စ ေတြေပၚက ပိုးေတြကို ေသေစမွာျဖစ္ပါတယ္။

သူ႕အေနနဲ႕ ပိုးေသတယ္လို႔ ေျပာထားေပမယ့္ က်ေနာ့္အေနနဲ႕ ျပင္သစ္တကၠသိုလ္က ေတြ႕ရွိထားတဲ့ အပူခ်ိန္ 92 ဒီဂရီ စင္တီဂရိတ္မွာ 15 မိနစ္ အပူေပးမွ ပိုးေသတယ္ဆိုတဲ့ အခ်က္နဲ႕ ခ်ိန္ထိုးစဥ္းစား ၾကည့္မိပါတယ္ ။ အခု Mask ကို

အေမရိကန္ ျပည္ေထာင္စုမွာ မူပိုင္ခြင့္ ေလွ်ာက္မယ္လို႔ ဆိုပါတယ္။ သေဘာက်စရာ အခ်က္က အျပင္ကေန ကားထဲေရာက္တာနဲ႕ Mask ကိုခြၽတ္ၿပီး ကား USB ေပါက္ကေန နာရီဝက္ခန႔္ ပါဝါေပးထား လိုက္ရင္ ပိုး ေသေစမယ္ဆိုတဲ့အခ်က္ပါပဲ။ ေနာက္ သေဘာက်စရာ

အခ်က္က သူ႕ရဲ႕ Mask တန္ဖိုးက အေမရိကန္ 1 ေဒၚ လာ (ျမန္မာေငြ 1400) ေလာက္ပဲ က်မယ္ဆိုတဲ့ အ ခ်က္ပါပဲ။ သူ႕ပုံစံက N95 Mask နဲ႕ပုံစံဆင္ၿပီး N95 Mask ေစ်းေလာက္ပဲ ရွိတာမို႔ တန္ပါတယ္။ အေမရိကန္က စစ္တမ္းအရ 66 ရာႏႈန္းေသာ

က်န္းမာေရး ဝန္ထမ္းေတြဟာ Maskကို အလုံအ ေလာက္ မရၾကဘူးလို႔ ဆိုပါတယ္။ အဲ့ဒီေစ်းနဲ႕ အႀကိမ္ႀကိမ္ျပန္သုံးလို႔ရရင္ အေတာ့္ကို လူသုံးမ်ားၾကမွာ ျဖစ္ပါတယ္။ အခုမွ Prototype ထုတ္ၿပီးတာျဖစ္ၿပီး အေျမာက္အ မ်ားထုတ္ဖို႔က ၾကာပါအုံးမယ္။

(Unicode version) ကမ္ဘာ့ပထမဆုံး ဖုန်းအားသွင်းကြိုးနဲ့ ပိုးသတ်ပြီး ပြန်သုံးလို့ရမယ့် MASK တီထွင် အစ္စရေးက တီထွင်လိုက်ပြီ

အစ္စရေး သိပ္ပံပညာရှင် Yair Ein-Eli က အကြိမ် ကြိမ် ပိုးသတ်ပြီး အသုံးပြုနိုင်တဲ့ Mask ကိုတီထွင်ခဲ့ပါတယ်။ ဖုန်းအသွင်းကြိုးနဲ့ Mask ကို ပါဝါပေးလိုက်ရင် အဝတ်စတွေ အပူချိန် 65-70 ဒီဂရီ စင်တီဂရိတ်အထိ နာရီဝက်လောက်ပူလာပြီးရင် COVID-19 ဖြစ်စေ မယ့် ပိုးတွေသေကုန်မယ် လို့ဆိုပါတယ်။

လူက ဝတ်ထားချိန်မှာတော့ အပူပေးနေတာမို့ ပါဝါကြိုးနဲ့ ချိတ်ဆက်ပြီး ပိုးသတ်လို့မရပါဘူး။ သဘောက အဝတ်စတွေကြားမှာ နည်းပညာမြင့် ကာဘွန်ဖိုင်ဘာမျှင်တွေလို အပူပေးလို့ရတဲ့ အလွှာကို အပူပေးပြီး အဝတ်စ တွေပေါ်က ပိုးတွေကို သေစေမှာဖြစ်ပါတယ်။

သူ့အနေနဲ့ ပိုးသေတယ်လို့ ပြောထားပေမယ့် ကျနော့်အနေနဲ့ ပြင်သစ်တက္ကသိုလ်က တွေ့ရှိထားတဲ့ အပူချိန် 92 ဒီဂရီ စင်တီဂရိတ်မှာ 15 မိနစ် အပူပေးမှ ပိုးသေတယ်ဆိုတဲ့ အချက်နဲ့ ချိန်ထိုးစဉ်းစား ကြည့်မိပါတယ် ။ အခု Mask ကို

အမေရိကန် ပြည်ထောင်စုမှာ မူပိုင်ခွင့် လျှောက်မယ်လို့ ဆိုပါတယ်။ သဘောကျစရာ အချက်က အပြင်ကနေ ကားထဲရောက်တာနဲ့ Mask ကိုချွတ်ပြီး ကား USB ပေါက်ကနေ နာရီဝက်ခန့် ပါဝါပေးထား လိုက်ရင် ပိုး သေစေမယ်ဆိုတဲ့အချက်ပါပဲ။ နောက် သဘောကျစရာ

အချက်က သူ့ရဲ့ Mask တန်ဖိုးက အမေရိကန် 1 ဒေါ် လာ (မြန်မာငွေ 1400) လောက်ပဲ ကျမယ်ဆိုတဲ့ အ ချက်ပါပဲ။ သူ့ပုံစံက N95 Mask နဲ့ပုံစံဆင်ပြီး N95 Mask ဈေးလောက်ပဲ ရှိတာမို့ တန်ပါတယ်။ အမေရိကန်က စစ်တမ်းအရ 66 ရာနှုန်းသော

ကျန်းမာရေး ဝန်ထမ်းတွေဟာ Maskကို အလုံအ လောက် မရကြဘူးလို့ ဆိုပါတယ်။ အဲ့ဒီဈေးနဲ့ အကြိမ်ကြိမ်ပြန်သုံးလို့ရရင် အတော့်ကို လူသုံးများကြမှာ ဖြစ်ပါတယ်။ အခုမှ Prototype ထုတ်ပြီးတာဖြစ်ပြီး အမြောက်အ များထုတ်ဖို့က ကြာပါအုံးမယ်။

Tags: