(Unicode version) ကချင်ပြည်နယ် ခေါင်လံဖူး မြို့နယ်၌ သတ္တုတူးဖော်ရန်အတွက် တရုတ်ကုမ္ပ ဏီကို မြေဧကသုံးသိန်းကျော် ချထားပေး
ကချင်ပြည်နယ်၊ ခေါင်လံဖူးမြို့နယ်၌ သတ္တုတူးဖော်ရန် တရုတ်ကုမ္ပဏီကို မြေဧက သုံးသိန်းကျော် ချထားပေးခဲ့ပါတယ်။
ယနေ့ ကျင်းပသည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ စတုတ္တ တစ်နှစ်တာ ဆောင်ရွက်ချက် များနှင့်ပတ် သက်သည့် သတင်း စာရှင်းလင်းပွဲ၌
ခေါင်လံဖူး ဒေသ၌ သတ္တု တူးဖော်ခွင့်နှင့် ပတ် သက်ပြီး သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို ဝန်ကြီး ဌာနက ဖြေကြားခဲ့ တာလည်း ဖြစ်ပါတယ်။
အဆိုပါ သတ္တုလုပ်ကွက် နှင့်ပတ်သက်၍ ကချင် ပြည်နယ် အစိုးရ အဖွဲ့ကလည်း သဘောတူကြောင်း ဝန်ကြီး ဌာနက ဆိုပါတယ်။
အဆိုပါ ခေါင်လံဖူးဒေသကြီး ဒေသသည် လမ်း ပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသတစ်ခု ဖြစ်ပြီး အိမ်နီးခြင်း တရုတ်နိုင်ငံမှ နည်းလမ်း အသွယ်သွယ်ဖြင့် မြန်မာပိုင်
သယံဇာတများကို ခိုးထုတ်ခံနေရသော ဒေသတစ်ခုဖြစ်တယ်လို့ ကချင်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ခရက်ဒစ် (People Media)
Tags: