ဝမ္းသာစရာ သတင္းပါ ထိုင္းမွာ ေဆာက္လုပ္ေရး အလုပ္သမား အျဖစ္လုပ္ကိုင္ေနတဲ့ ျမန္မာ အလုပ္သမား မိသားစု ထိုင္းထီ (ပထမဆု) ဘတ္ ၆ သန္းဖိုးေပါက္

ဝမ္းသာစရာ သတင္းပါ ထိုင္းမွာ ေဆာက္လုပ္ေရး အလုပ္သမား အျဖစ္လုပ္ကိုင္ေနတဲ့ ျမန္မာ အလုပ္သမား မိသားစု ထိုင္းထီ (ပထမဆု) ဘတ္ ၆ သန္းဖိုးေပါက္

ဇြန္လ ၁၆ ရက္က ထြက္သြားတဲ့ ထိုင္းထီ ဘတ္ေငြ ၆ သန္း ပထမဆုကို ထိုင္းနိုင္ငံ ဘန္ေကာက္အနီး ပထုန္ဌာနီခရိုင္မွာ အလုပ္လုပ္ေနတဲ့ ျမန္မာ အလုပ္သမားမိသားတစ္စုက ဆြတ္ခူး ရရွိခဲ့ပါတယ္။ အဆိုပါအ လုပ္သမား မိသားစုဟာ ပဲခူးတိုင္း၊ ေတာင္ငူခရိုင္၊ ထန္းတပင္ ၿမိဳ႕နယ္ရွိ ႐ြာေလးတစ္႐ြာကေန

ထိုင္းနိုင္ငံ ပထုန္ဌာနီၿမိဳ႕မွာ ေဆာက္လုပ္ေရး အလုပ္လာလုပ္ ေနတာ ျဖစ္ပါတယ္။ မေန႕က ထီေပါက္စဥ္ထြက္ေတာ့ သိပ္မေသခ်ာလို႔ AAC ျမန္မာအလုပ္သ မား ကူညီေစာင့္ေရွာက္ေရး မဟာမိတ္ အဖြဲ႕ကို လွမ္းၿပီး ေမးခဲ့ရာမွာ ေအေအစီက ေပါက္ဂဏန္း မွန္ကန္ေၾကာင္း ေျပာလို႔ ဝမ္းသာအားရနဲ႕

ဒီကေန႕မွာ ေငြသြားထုတ္ ခဲ့တယ္လို႔ ထီေပါက္သူ ေဒၚျဖဴျဖဴခိုင္က ဒီဗြီဘီကို ေျပာပါတယ္။ ထီဂဏန္းထြက္ ေတာ့ က်မတို႔က မတိုက္တတ္ ဘူးေလ။ သူမ်ားကို ၾကည့္ခိုင္းတာ တခ်ိဳ႕က ေပါက္တယ္။ တခ်ိဳ႕က မေပါက္ဘူး၊ အမ်ိဳးမ်ိဳးေျပာလို႔ ေအေအစီအဖြဲ႕ကို လွမ္းေမးၾကည့္တာ။ ထီနံပတ္ ၅၁၆၉၆၇ ဟုတ္လားေပါ့။ ေအေအစီက ဟုတ္တယ္။

ထီလက္မွတ္ကို ေကာင္းေကာင္း သိမ္းထား၊ ဘယ္သူ႕မွ မျပေသးနဲ႕ ေငြထုတ္ဖို႔ လာႀကိဳမယ္ဆိုလို႔ တအားဝမ္းသာသြားတယ္။ မေမွ်ာ္လင့္ဘဲ ေပါက္တာဆိုေတာ့ တအားဝမ္းသာၿပီး ဘာေျပာရမွန္းကို မသိဘူး။ က်မတို႔က ေဆာက္လုပ္ေရး အလုပ္သမားဆိုေတာ့ ဆင္းရဲပါတယ္။ ႐ြာျပန္ခ်င္တာေတာင္ ပိုက္ဆံမရွိလို႔ မျပန္ရဘူး။ အခု ပိုက္ဆံရွိၿပီဆိုေတာ့

မိသားစု ႐ြာျပန္ၿပီး ေအးေဆးေနမယ္။ လႉမယ္၊ တန္းမယ္၊ ဒုကၡေရာက္ေနသူေတြကိုလည္း ကူမယ္၊ ေအေအစီအဖြဲ႕ကိုလည္း လႉမယ္၊ တအားေက်းဇူးတင္တယ္။” ျမန္မာအလုပ္သမား မိသားစုဟာ ထီကိုလစဥ္ထိုးတာ မဟုတ္ဘဲ ဒီတႀကိမ္ေတာ့ စက္႐ုံမွာ ထီလာေရာင္းလို႔ အားေပးတဲ့အေနနဲ႕ သားအမိအဖ

သုံးေယာက္ တစ္ေယာက္ တစ္ေစာင္စီ ဝယ္ခဲ့ရာမွာ အသက္ ၁၉ ႏွစ္အ႐ြယ္ သားျဖစ္သူထိုးတဲ့ ထီလက္ မွတ္က ေပါက္ခဲ့တာျဖစ္ၿပီး သားကလည္း ဘုန္းႀကီးဝတ္ဖို႔ ရည္စူးၿပီး ထီထိုးခဲ့တာလို႔ ဆိုပါတယ္။ AAC တာဝန္ခံ ကိုရဲမင္းကလည္း သူတို႔ေငြေတြ ေဘးအႏၲ ရာယ္ကင္းစြာ ထုတ္ၿပီး ျမန္မာျပည္ကို ျပန္နိုင္ဖို႔ ေစာင့္ေရွာက္

ကူညီေပး ေနေၾကာင္း ဒီဗြီဘီကို ေျပာပါတယ္။“က်ေနာ္တို႔ အဖြဲ႕က သူတို႔ကိုေငြနဲ႕ ျမန္မာျပည္ထဲ ေရာက္တဲ့အထိ ျမဝတီနယ္စပ္ကေန သံအရာရွိက ေနတဆင့္ ျမန္မာျပည္ ျပန္ေရာက္ေအာင္ လႊဲေျပာင္းေပးမယ္။ သူတို႔ကလည္း ျပန္မွာ ထိုင္းမွာ အလုပ္မလုပ္ေတာ့ဘူး။”

ေအေအစီ အဖြဲ႕အစည္း အေနနဲ႕ ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားေတြရဲ႕ အခက္အခဲကို တတ္ နိုင္သေလာက္ ကူညီေပးေနတဲ့အျပင္ အခုလိုမ်ိဳး ထီ ေပါက္ တဲ့ ဝမ္းသာစရာ ကိစၥေတြမွာလည္း ကူညီေဆာင္႐ြက္ ေပးခဲ့တာမွာ ပထမဆုရသူ ဒီတစ္ႀကိမ္နဲ႕ဆိုရင္ ၁၆ ႀကိမ္ရွိသြားၿပီလို႔ ကိုရဲမင္းက ေျပာပါတယ္။ ခရက္ဒစ္ ဒီဗြီဘီ

(Unicode version) ဝမ်းသာစရာ သတင်းပါ ထိုင်းမှာ ဆောက်လုပ်ရေး အလုပ်သမား အဖြစ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား မိသားစု ထိုင်းထီ (ပထမဆု) ဘတ် ၆ သန်းဖိုးပေါက်

ဇွန်လ ၁၆ ရက်က ထွက်သွားတဲ့ ထိုင်းထီ ဘတ် ငွေ ၆ သန်း ပထမဆုကို ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားမိသားတစ်စုက ဆွတ်ခူး ရရှိခဲ့ပါတယ်။ အဆိုပါအ လုပ်သမား မိသားစုဟာ ပဲခူး တိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင် မြို့နယ်ရှိ ရွာလေးတစ်ရွာကနေ

ထိုင်းနိုင်ငံ ပထုန်ဌာနီမြို့မှာ ဆောက်လုပ်ရေး အလုပ်လာလုပ် နေတာ ဖြစ်ပါတယ်။ မနေ့က ထီပေါက်စဉ်ထွက်တော့ သိပ်မသေချာလို့ AAC မြန်မာအလုပ်သ မား ကူညီစောင့်ရှောက်ရေး မဟာမိတ် အဖွဲ့ကို လှမ်းပြီး မေးခဲ့ရာမှာ အေအေစီက ပေါက်ဂဏန်း မှန်ကန်ကြောင်း ပြောလို့ ဝမ်းသာအားရနဲ့

ဒီကနေ့မှာ ငွေသွားထုတ် ခဲ့တယ်လို့ ထီပေါက်သူ ဒေါ်ဖြူဖြူခိုင်က ဒီဗွီဘီကို ပြောပါတယ်။ ထီဂဏန်းထွက် တော့ ကျမတို့က မတိုက်တတ် ဘူးလေ။ သူများကို ကြည့်ခိုင်းတာ တချို့က ပေါက်တယ်။ တချို့က မပေါက်ဘူး၊ အမျိုးမျိုးပြောလို့ အေအေစီအဖွဲ့ကို လှမ်းမေးကြည့်တာ။ ထီနံပတ် ၅၁၆၉၆၇ ဟုတ်လားပေါ့။ အေအေစီက ဟုတ်တယ်။

ထီလက်မှတ်ကို ကောင်းကောင်း သိမ်းထား၊ ဘယ်သူ့မှ မပြသေးနဲ့ ငွေထုတ်ဖို့ လာကြိုမယ်ဆိုလို့ တအားဝမ်းသာသွားတယ်။ မမျှော်လင့်ဘဲ ပေါက်တာဆိုတော့ တအားဝမ်းသာပြီး ဘာပြောရမှန်းကို မသိဘူး။ ကျမတို့က ဆောက်လုပ်ရေး အလုပ်သမားဆိုတော့ ဆင်းရဲပါတယ်။ ရွာပြန်ချင်တာတောင် ပိုက်ဆံမရှိလို့ မပြန်ရဘူး။ အခု ပိုက်ဆံရှိပြီဆိုတော့

မိသားစု ရွာပြန်ပြီး အေးဆေးနေမယ်။ လှူမယ်၊ တန်းမယ်၊ ဒုက္ခရောက်နေသူတွေကိုလည်း ကူမယ်၊ အေအေစီအဖွဲ့ကိုလည်း လှူမယ်၊ တအားကျေးဇူးတင်တယ်။” မြန်မာအလုပ်သမား မိသားစုဟာ ထီကိုလစဉ်ထိုးတာ မဟုတ်ဘဲ ဒီတကြိမ်တော့ စက်ရုံမှာ ထီလာရောင်းလို့ အားပေးတဲ့အနေနဲ့ သားအမိသားဖ

သုံးယောက် တစ်ယောက် တစ်စောင်စီ ဝယ်ခဲ့ရာမှာ အသက် ၁၉ နှစ်အရွယ် သားဖြစ်သူထိုးတဲ့ ထီလက် မှတ်က ပေါက်ခဲ့တာဖြစ်ပြီး သားကလည်း ဘုန်းကြီးဝတ်ဖို့ ရည်စူးပြီး ထီထိုးခဲ့တာလို့ ဆိုပါတယ်။ AAC တာဝန်ခံ ကိုရဲမင်းကလည်း သူတို့ငွေတွေ ဘေးအန္တ ရာယ်ကင်းစွာ ထုတ်ပြီး မြန် မာပြည်ကို ပြန်နိုင်ဖို့ စောင့်ရှောက်

ကူညီပေး နေကြောင်း ဒီဗွီဘီကို ပြောပါတယ် ။“ကျနော်တို့ အဖွဲ့က သူတို့ကိုငွေနဲ့ မြန်မာပြည်ထဲ ရောက်တဲ့အထိ မြဝတီနယ်စပ်ကနေ သံအရာရှိက နေတဆင့် မြန်မာပြည် ပြန်ရောက်အောင် လွှဲပြောင်းပေးမယ်။ သူတို့ကလည်း ပြန်မှာ ထိုင်းမှာ အလုပ်မလုပ်တော့ဘူး။”

အေအေစီ အဖွဲ့အစည်း အနေနဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခက် အခဲကို တတ် နိုင်သလောက် ကူညီပေးနေတဲ့အပြင် အခုလိုမျိုး ထီ ပေါက် တဲ့ ဝမ်းသာစရာ ကိစ္စတွေမှာလည်း ကူညီဆောင်ရွက် ပေးခဲ့တာမှာ ပထမဆုရသူ ဒီတစ်ကြိမ်နဲ့ဆိုရင် ၁၆ ကြိမ်ရှိသွားပြီလို့ ကိုရဲမင်းက ပြောပါတယ်။ ခရက်ဒစ် ဒီဗွီဘီ

Tags: