သူမရဲ႕ ေဂဟာေလး ေအာက္လမ္းနည္းနဲ႕ တိုက္ခိုက္တာခံေနရေၾကာင္း ဖြင့္ေျပာလာတဲ့ ခိုင္ႏွင္းေဝ

သူမရဲ႕ ေဂဟာေလး ေအာက္လမ္းနည္းနဲ႕ တိုက္ခိုက္တာခံေနရေၾကာင္း ဖြင့္ေျပာလာတဲ့ ခိုင္ႏွင္းေဝ

ပရဟိတမင္းသမီး ေလးလို႔ တင္စားရ ေလာက္ေအာင္ ကိုယ္က်ိဳး မဖက္တဲ့ လုပ္ငန္းေတြမွာ စြမ္းစြမ္းတမံနဲ႕ လိုက္လံကူညီ တတ္သူ မင္းသမီးေလး ခိုင္ႏွင္းေဝဟာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေရာက္လာတဲ့ ကေလးငယ္ေလးေတြကိုလည္း

သူမရဲ႕ ေဂဟာေလးမွာ ေခၚယူေမြးစား ထားတာျဖစ္ပါတယ္။ သားသမီးေလးေတြရဲ႕ မိခင္အျဖစ္နဲ႕ ျပဳစုပ်ိဳး ေထာင္ေနတဲ့ ခိုင္ႏွင္းေဝဟာ သူမရဲ႕ ေဂဟာေလးကို ေအာက္လမ္းနည္းနဲ႕ တိုက္ခိုက္ေန သူေတြေၾကာင့္ စိတ္မေကာင္းျဖစ္ေနရပါတယ္။

ဒီလိုအတိုက္ အခိုက္ေတြ ရွိေနေၾကာင္း ကိုလည္း က်ိဳက္မေရာ ဆရာေတာ္ႀကီးထံ သြားေရာက္ ဖူးေျမာ္ရင္း သိခဲ့ရတယ္လို႔ ခိုင္ႏွင္းေဝက ဆိုပါတယ္။

မေန႕က က်ိဳက္မေရာ ဆရာေတာ္ႀကီး ထံသို႔ သြား ေရာက္ဖူးေမွ်ာ္ရင္း ေဂဟာမွာ အတိုက္အခိုက္ အ တားအဆီး အေႏွာက္အယွက္ေတြ ရွိေနတယ္လို႔ ဆရာေတာ္ႀကီးက မိန့္ၾကားၿပီး ေဂဟာကို လာစစ္ေပးဖို႔ ဒီေန႕ပဲ ဆရာေတာ္ေက်ာင္းက

အဘ တေယာက္ကို ပင့္ဖိတ္ၿပီး စစ္ေဆး ၾကည့္ေတာ့ အဘက အာ႐ုံျပဳၾကည့္ လိုက္တာနဲ႕ ေဂဟာအေရွ႕က ႐ြက္လွပင္ ေအာက္မွာ ရွိတယ္လို႔ မိန႔္ေတာ့ က်မတို႔ ခ်က္ခ်င္း ဆယ္ယူၾကည့္တဲ့အခါ တကယ္ပဲ အင္းျပားေတြ ေတြ႕လိုက္ပါတယ္ရွင္။

အဲဒီအင္းျပားက လူေသေကာင္ေတြမွာ ပတ္တဲ့အဝတ္စ.ပိတ္ျဖဴနဲ႕ လုပ္ထားတာတဲ့။ က်မရဲ႕ ကေလးေတြအ တြက္ေတာ့ စိတ္ပူမိတယ္ ဘာပဲျဖစ္ျဖစ္ က်မကေတာ့ အားလုံးကို ေမတၱာထားပါတယ္။ ဒီလိုလုပ္တဲ့သူကိုလဲက်မ ဒီကေနေမတၱာ ပို႔လိုက္ပါတယ္ရွင္။

ေစတနာေကာင္းရင္ ကံေကာင္းမယ္ ဆိုတာက်မယုံ ၾကည္ပါတယ္ ဘယ္ေအာက္ လမ္းနည္းနဲ႕ပဲ လုပ္လုပ္ က်မရဲ႕ သူတပါးေပၚထားတဲ့ တကယ့္ေစတနာ နဲ႕ ရိုးသားမူကို စိတ္လုံတဲ့အတြက္ ဘာမွ မစိုးရိမ္ပါဘူးရွင္။

အမ်ားမထမ္း ေဆာင္နိုင္တဲ့ တာဝန္ေတြကို ကိုယ္ က်ိဳးစြန့္ၿပီး ထမ္းေဆာင္ေနတဲ့ ခိုင္ႏွင္းေဝကို အား ေပးသူ ပရိသတ္ေတြလည္း အမ်ားႀကီးရွိပါတယ္။

သို႔ေပမယ့္ ယခုလို လုပ္ရပ္မ်ိဳးကေတာ့ သူမရဲ႕ ပရဟိတလုပ္ငန္း ေလးအတြက္ အေႏွာင့္အယွက္ ျဖစ္ေစတာေၾကာင့္ ထပ္မံမလုပ္ၾကဖို႔ ေမတၱာရပ္ခံ အပ္ပါတယ္ေနာ္။

(Unicode version) သူမရဲ့ ဂေဟာလေးကို အောက်လမ်းနည်းနဲ့ တိုက်ခိုက်တာ ခံရကြောင်း ဖွင့်ပြောလာတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီး လေးလို့ တင်စားရ လောက်အောင် ကိုယ်ကျိုး မဖက်တဲ့ လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံနဲ့ လိုက်လံကူညီ တတ်သူ မင်းသမီးလေး ခိုင်နှင်းဝေဟာ အကြောင်း အမျိုးမျိုးကြောင့် ရောက်လာတဲ့ ကလေးငယ်လေးတွေကိုလည်း

သူမရဲ့ ဂေဟာလေးမှာ ခေါ်ယူမွေးစား ထားတာဖြစ်ပါတယ်။ သားသမီးလေးတွေရဲ့ မိခင်အဖြစ်နဲ့ ပြုစုပျိုး ထောင်နေတဲ့ ခိုင်နှင်းဝေဟာ သူမရဲ့ ဂေဟာလေးကို အောက်လမ်းနည်းနဲ့ တိုက် ခိုက်နေ သူတွေကြောင့် စိတ်မကောင်းဖြစ်နေရပါတယ်။

ဒီလိုအတိုက် အခိုက်တွေ ရှိနေကြောင်း ကိုလည်း ကျိုက်မရော ဆရာတော်ကြီးထံ သွားရောက် ဖူးမြော်ရင်း သိခဲ့ရတယ်လို့ ခိုင်နှင်းဝေက ဆိုပါတယ်။

မနေ့က ကျိုက်မရော ဆရာတော်ကြီး ထံသို့ သွား ရောက်ဖူးမျှော်ရင်း ဂေဟာမှာ အတိုက်အခိုက် အ တားအဆီး အနှောက်အယှက်တွေ ရှိနေတယ်လို့ ဆရာတော်ကြီးက မိန့်ကြားပြီး ဂေဟာကို လာစစ်ပေးဖို့ ဒီနေ့ပဲ ဆရာတော်ကျောင်းက

အဘ တယောက်ကို ပင့်ဖိတ်ပြီး စစ်ဆေး ကြည့်တော့ အဘက အာရုံပြုကြည့် လိုက်တာနဲ့ ဂေဟာအရှေ့က ရွက်လှပင် အောက်မှာ ရှိတယ်လို့ မိန့်တော့ ကျမတို့ ချက်ချင်း ဆယ်ယူကြည့်တဲ့အခါ တကယ်ပဲ အင်းပြားတွေ တွေ့လိုက်ပါတယ်ရှင်။

အဲဒီအင်းပြားက လူသေကောင်တွေမှာ ပတ်တဲ့အဝတ်စ.ပိတ်ဖြူနဲ့ လုပ်ထားတာတဲ့။ ကျမရဲ့ ကလေးတွေအ တွက်တော့ စိတ်ပူမိတယ် ဘာပဲဖြစ်ဖြစ် ကျမကတော့ အားလုံးကို မေတ္တာထားပါတယ်။ ဒီလိုလုပ်တဲ့သူကိုလဲကျမ ဒီကနေမေတ္တာ ပို့လိုက်ပါတယ်ရှင်။

စေတနာကောင်းရင် ကံကောင်းမယ် ဆိုတာကျမယုံ ကြည်ပါတယ် ဘယ်အောက် လမ်းနည်းနဲ့ပဲ လုပ်လုပ် ကျမရဲ့ သူတပါးပေါ်ထားတဲ့ တကယ့်စေတနာ နဲ့ ရိုးသားမူကို စိတ်လုံတဲ့အတွက် ဘာမှ မစိုးရိမ်ပါဘူးရှင်။

အများမထမ်း ဆောင်နိုင်တဲ့ တာဝန်တွေကို ကိုယ် ကျိုးစွန့်ပြီး ထမ်းဆောင်နေတဲ့ ခိုင်နှင်းဝေကို အား ပေးသူ ပရိသတ်တွေလည်း အများကြီးရှိပါတယ်။

သို့ပေမယ့် ယခုလို လုပ်ရပ်မျိုးကတော့ သူမရဲ့ ပရဟိတလုပ်ငန်း လေးအတွက် အနှောင့်အယှက် ဖြစ်စေတာကြောင့် ထပ်မံမလုပ်ကြဖို့ မေတ္တာရပ် ခံ အပ်ပါတယ်နော်။

Tags: