ဂုတ္တြင္း ကုလားမေကြ႕ ေနရာ၌ ယေန႕ နံနက္ ၃နာရီခန့္က မင္းသားႀကီး ခရီးသည္တင္ express ယာဥ္ေအာက္သို႔ထိုးက် တိမ္းေမွာက္

ဂုတ္တြင္း ကုလားမေကြ႕ ေနရာ၌ ယေန႕ နံနက္ ၃နာရီခန့္က မင္းသားႀကီး ခရီးသည္တင္ express ယာဥ္ေအာက္သို႔ထိုးက် တိမ္းေမွာက္

စိတ္မေကာင္း စရာသတင္း (17.6.2020- 3:30am) မေကြးဘက္မွ လားရွိုးဘက္သို႔ ခရီးသည္မ်ားကို တင္ ေဆာင္ေမာင္းႏွင္ လာသည့္ မင္းသားႀကီး ခရီးသည္တင္ express ယာဥ္သည္ ယေန႕နံနက္ ၃ နာရီေက်ာ္အ ခ်ိန္ခန့္က ဂုတ္တြင္း ကုလားမေကြ႕

ေနရာ အေရာက္၌ ေအာက္ထပ္သို႔ ထိုးက်ကာ တိမ္းေမွာက္ မႈျဖစ္ပြားခဲ့သည္။ ၎ျဖစ္စဥ္၌ ယာဥ္ေမာင္းအပါအဝင္ -က်ား ၂ဦး ေသဆုံးၿပီး က်ား ၁၁ မ ၅ ဦးဒဏ္ရာရရွိေၾကာင္း ကနဦးသတင္းမ်ား အရ သိရွိရပါသည္။

ေနာင္ခ်ိဳမွ ေစတနာမြန္ လူမႈကူညီေရး၊ ျဖဴစင္ေမတၱာလူမႈကူညီေရး၊ ေနာင္ပိန္ ကမ္းလင့္လက္မ်ား လူမႈကူ ညီေရး အသင္းမ်ား ေနာင္ခ်ိဳ ပရဟိတ အဖြဲ႕သားမ်ား ေနာင္ခ်ိဳ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ယာဥ္ထိန္းတပ္ဖြဲ႕ဝင္မ်ား အျခားသက္ဆိုင္ရာ

တာဝန္ရွိ သူမ်ားက ကူညီကယ္ဆယ္ ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပး ေနၾကပါသည္။ ကုလားမေကြ႕ အေပၚထပ္မွ ေအာက္ထပ္ ျပဳတ္က်ျခင္း ျဖစ္၍ က်န္ခရီးသည္မ်ား သက္သာခဲ့ရပါသည္။

ေအာက္ရွိ ေခ်ာင္းအတြင္း ျပဳတ္မက်၍ ေတာ္ပါေသးသည္။ ကနဦး သုံးသပ္ခ်က္အရ ယာဥ္ဘရိတ္ေပါက္ျခင္းဟု ယူဆရၿပီး ယာဥ္ေမာင္းက ယာဥ္မွာ ထိန္းမရေတာ့ေၾကာင္းခရီးသည္မ်ားကို ေအာ္ဟစ္အသိေပးခဲ့သည္ဟုစုံစမ္းၾကားသိရပါသည္။ ယာဥ္ေမာင္းမ်ားအားလုံးဂ႐ုစိုက္ၾကပါ။ KoNay

(Unicode version) ဂုတ်တွင်း ကုလားမကွေ့ နေရာ၌ ယနေ့ နံနက် ၃နာရီခန့်က မင်းသားကြီး ခရီးသည်တင် express ယာဉ်အောက်သို့ထိုးကျ တိမ်းမှောက်

စိတ်မကောင်း စရာသတင်း (17.6.2020- 3:30 am) မကွေးဘက်မှ လားရှိုးဘက်သို့ ခရီးသည်များကို တင် ဆောင်မောင်းနှင် လာသည့် မင်းသားကြီး ခရီးသည်တင် express ယာဉ်သည် ယနေ့နံနက် ၃ နာရီကျော်အ ချိန်ခန့်က ဂုတ်တွင်း ကုလားမကွေ့

နေရာ အရောက်၌ အောက်ထပ်သို့ ထိုးကျကာ တိမ်းမှောက် မှုဖြစ်ပွားခဲ့သည်။ ၎င်းဖြစ်စဉ်၌ ယာဉ်မောင်းအပါအဝင် -ကျား ၂ဦး သေဆုံးပြီး ကျား ၁၁ မ ၅ ဦးဒဏ်ရာရရှိကြောင်း ကနဦးသတင်းများ အရ သိရှိရပါသည်။

နောင်ချိုမှ စေတနာမွန် လူမှုကူညီရေး၊ ဖြူစင်မေတ္တာ လူမှုကူညီရေး၊ နောင်ပိန် ကမ်းလင့်လက်များ လူမှုကူ ညီရေး အသင်းများ နောင်ချို ပရဟိတ အဖွဲ့သားများ နောင်ချို မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ အခြား သက် ဆိုင်ရာ

တာဝန်ရှိ သူများက ကူညီကယ်ဆယ် ရေးလုပ် ငန်းများ ဆောင်ရွက်ပေး နေကြပါသည်။ ကုလားမကွေ့ အပေါ်ထပ်မှ အောက်ထပ် ပြုတ်ကျခြင်း ဖြစ်၍ ကျန်ခရီးသည်များ သက်သာခဲ့ရပါသည်။

အောက်ရှိ ချောင်းအတွင်း ပြုတ်မကျ၍ တော်ပါသေးသည်။ ကနဦး သုံးသပ်ချက်အရ ယာဉ်ဘရိတ်ပေါက်ခြင်းဟု ယူဆရပြီး ယာဉ်မောင်းက ယာဉ်မှာ ထိန်းမရတော့ကြောင်းခရီးသည်များကို အော်ဟစ်အသိပေးခဲ့သည်ဟုစုံစမ်းကြားသိရပါသည်။ ယာဉ်မောင်းများ အားလုံးဂရုစိုက်ကြပါ။ KoNay