(Unicode version) ဝမ်းသာစရာ သတင် းကောင်းပါ ကိုဗစ်ကို အောင်နိုင်ဖို့ လူသားတို့ ခြေတလှမ်းတိုးပြီ အလွယ်တကူနဲ့ ရပြီး ဈေးသက်သာတဲ့ (ပထမဆုံး အသက်ကယ် ဆေးကိုရှာတွေ့ပြီ)
ဒီနေ့ ၁၆ ဇွန် ၂၀၂၀ ညနေ ၆ နာရီ ခွဲကျော်မှာ ဘီဘီစီ ကျန်းမာရေး ပိုင်းကနေ ထုတ်ပြန်တဲ့ သတင်းထူး (Breaking News) ကတော့ – ကော်ရိုနာ ဗိုင်းရပ်စ်ရဲ့ အန္တရာယ်မှ အသက်ကယ်နိုင် သည့် ပထမဦးဆေးဝါး ကို တွေ့ရှိပါပြီ Dexamethasone လို့ ခေါ်ပါတယ်။ ဈေးမကြီးဘဲ ကျယ်ကျယ် ပြန့်ပြန်ရနိုင်တယ်။
ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် ပြင်းပြင်းထန်ထန် ဖြစ်နေသူတွေရဲ့ အသက်ကို ကယ်နိုင်တယ်။ အဲ့ဒီဆေးဟာ အသစ် ဖော်စပ်တဲ့ ဆေးတော့ မဟုတ်ပါဘူး။ ၁၉၆၀ ကျော် လောက်ကတည်းက သုံးနေခဲ့တဲ့ ဆေးပါ။ အ ရမ်းပြင်းထန်တဲ့ လူနာတွေကို စမ်းသပ်တာမှာ တော် တော်လေးကို ထိရောက်ပြီး
အသက်ကို ကယ်နိုင်လိုက်တဲ့ အဖြေတွေ ရထားပါတယ်။ အင်္ဂလန်က ဆေးဝါးကျွမ်းကျင် သူတွေရဲ့ အ ဆိုအရ ၎င်းဆေးဝါးဟာ အသက်ရှုစက်ကို တပ်ဆင်ထားရသူ လူနာအတွက် အသက်ဆုံးရှုံးနိုင်ခြေ ၃ ပုံတစ်ပုံခန့် လျှော့ချနိုင်ကာ အောက်ဆီဂျင် ပေးထားရသူ လူနာအတွက် ၅ ပုံတစ်ပုံအထိ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။
ဒီဆေးဟာ လက်ရှိ ကိုရိုနာ ဗိုင်းရပ်ကို ကုသဖို့ အပြိုင် အဆိုင် စမ်းသပ်နေတဲ့ ဆေးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဆေးကို အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ် အကြီးအကျယ် ပြန့်နှံ့စဉ်ရရှိခဲ့ပါက လူအသက် ၅၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့မှာ ဖြစ်တယ်လို့ ဆေး ဝါးကျွမ်းကျင် သူပညာရှင် တို့က ဆိုပါတယ်။
ဒီဆေးဟာ ဈေးသက်သာ တာကြောင့် ကိုဗစ်-၁၉ ရောဂါသည် အရေအတွက် အများအပြား ရှိနေတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေအတွက် အလွန်အကျိုး ရှိစေမှာဖြစ်ပါတယ်။ အဲဒီဆေးနဲ့ စမ်းသပ်ခဲ့တဲ့ ကိုဗစ်-၁၉ လူနာ ၂၀ မှာ ၁၉ ဦးဟာ ဆေးရုံတင် စရာမလိုဘဲ သက်သာ ပျောက်ကင်းခဲ့ပြီး ဆေးရုံတက်ဖို့ လိုအပ်တဲ့ လူနာတွေထဲ မှာ အောက်ဆီဂျင်နဲ့
အသက်ရှုစက် တပ်ဆင်ဖို့ လိုအပ်တဲ့ လူနာတွေပါသော်လည်း ဒီဆေးကို မသုံးစွဲထားတဲ့လူနာတွေထက် အခြေအနေ ပိုမိုကောင်းမွန် ခဲ့တာတွေ့ရပါတယ်။ စမ်း သပ်မှုကို ဦးဆောင်သူ ပရောဖက်ဆာ ပီတာဟော်ဘီက အသက်ရှုစက် တပ်ဆင်ထားရသူ လူနာ ၈ယောက်ကို ဒီဆေးနဲ့ကုတိုင်း တစ်ယောက်ကို ကယ်တင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ အချိန်အထိ အသက်ဆုံးရှုံးမှုကို အများဆုံးလျှော့ချ ပေးနိုင်တဲ့ ဆေးလို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ အထက်ပါ စမ်းသပ်မှုတွေကို အဲဒီဆေးနဲ့ ၁၀ ရက်ကြာ ကုသခဲ့တာ ဖြစ်ပြီး ကုန်ကျစရိတ် အနေနဲ့ တစ်ရက်ကို လူနာတစ်ဦးလျှင် ပေါင် ၅ ဒသမ ၄၀ သာကျသင့်တယ်လို့ သတင်းက ဆိုပါတယ်။
ဒက်ဇာမတ်သဆုန်း ဆေးဟာ ကိုဗစ်-၁၉ ရောဂါလက္ခ ဏာ မပြသူများနဲ့ အသက်ရှူမှုဆိုင်ရာ အခက်အခဲ မဖြစ်သူ များအပေါ်မှာတော့ ထိရောက်မှု မရှိဘူးလို့ ဆိုပါတယ်။ ဆေးဝါး စမ်းသပ်မှုများကို မတ်လကစတင်ပြုလုပ်ခဲ့ရာ အဲဒီအထဲမှ ငှက်ဖျားဆေး တစ်မျိူး ဖြစ်တဲ့ ဟိုင်ဒရိုကလိုရို ကွင်းဆေးဟာ
အသက် ဆုံးရှုံးမှု ပိုမိုမြင့်တက်ခြင်းနဲ့ နှလုံးပိုင်းဆိုင် ရာပြဿနာများကြောင့် စမ်းသပ်မှု ရပ်ဆိုင်းခဲ့ပြီး ရန်ဒက်ဆီဗာ ဆေးကတော့ လူနာရဲ့ပြန် လည် ကောင်းမွန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့အတွက် အတည်ပြုခဲ့ပြီးလဲ ဖြစ်ပါတယ်။ crd : blacker
Tags:
Add a Comment
Your email address will not be published. Required fields are marked *