မန္တလေးမြို့မှာ ငွေကျပ် (၁.၂) ဘီလီယံ ကုန်ကျမယ့် အသည်း ရောဂါကု ဆေးရုံဆောက်ဖို့ လှူဒါန်းမယ့် သူရိန်ကျော်စိုးဝင်း Company အားကျဖွယ် အတုယူဖွယ် အလှု







(Unicode version) မန္တလေးမြို့မှာ ငွေကျပ် (၁.၂) ဘီလီယံ ကုန်ကျမယ့် အသည်း ရောဂါကု ဆေးရုံဆောက်ဖို့ လှူဒါန်းမယ့် အလှုရှင် မိသားစု

မန္တလေးမြို့မှာ ကျပ်သိန်းပေါင်း (၁၂၀၀၀) ဝန်း ကျင် ကုန်ကျမယ့် အသည်းနဲ့ သည်းခြေ လမ်း ကြောင်းဆိုင် ရာဌာန (၈) ထပ်ဆေးရုံ အဆောက် အဦးကို မိသားစုတစ်စုက ဆောက်လုပ် လှူဒါန်းဖို့ စီစဉ် နေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန် ကြီးဌာနက သိရပါတယ်။

အဲဒီအတွက် ဇွန်လ (၁၅) ရက်နေ့က လှူဒါန်းသူ မန္တ လေးမြို့နေ သူရိန်ကျော်စိုးဝင်း ကုမ္ပဏီပိုင် ရှင် ဦးကျော်ဝင်းနဲ့ ဒေါ်ခင်ထွေး မိသားစုကို ပြည် ထောင်စုဝန် ကြီးက လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံတဲ့အခါ ဆောက်လုပ် လှူဒါန်းတဲ့အလှူကို ကျန်းမားရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံလိုက်ပါတယ်။

ဒါ့အပြင် အခုအလှူဟာ လူနာတွေနဲ့ ဝန်ကြီးဌာန အ တွက် အလွန်အကျိုးရှိပြီး မွန်မြတ်လှ တာကြောင့်သ ဘောတူ ခွင့်ပြုပြီး အမြန်ဆုံး စတည် ဆောက် နိုင်ဖို့ စီစဉ်ဆောင်ရွက် ပေးသွားမယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဆေးရုံကိုတော့ မန္တလေးမြို့ အထွေထွ ရောဂါကု ဆေးရုံကြီး ဝန်းထဲမှာ ဆောက်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အားလုံးပဲ သာဓုခေါ် ဆိုနိုင်ကြပါစေ။ (MOHS – ကျန်းမာရေး ဝန်ကြီးဌာန)

Tags: