တောင်မြောက် နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက် ကိုရီးယားက ဖောက်ခွဲပြီး စစ်မဲ့ဇုန်သို့ စစ်တပ်များ စေလွှတ်မည် ဟုသတိပေးထား









(Unicode version) တောင်မြောက် နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယား ဖောက်ခွဲ၊ စစ်မဲ့ဇုန်သို့ စစ်တပ်များ စေလွှတ်မည်

လွန်ခဲ့သော ရက်ပိုင်းအတွင်း ပြန်လည် တင်းမာသည့် လက္ခဏာများ ပြသလျက်ရှိသော မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် နယ်စပ်ဖြစ်သော ကေဆောင်းမြို့ အနီးရှိ နှစ်နိုင်ငံဆက်ဆံရေး ရုံးကိုဖောက် ခွဲဖျက်ဆီး လိုက်ကြောင်း တောင်ကိုရီးယား အစိုးရ တာဝန်ရှိ သူများ၏ ပြောကြားလိုက်သည်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံနယ်စပ်မှာ ရှိနေတဲ့ စစ်မဲ့ဇုန်ကိုလည်း ဝင်လာဖို့ အဆင်သင့် ရှိနေတယ်လို့ မြောက်ကို ရီးယားစစ်တပ်က သတိ ပေး လိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ အဆင်သင့် ပြင်ထားဖို့ စစ် တပ်ကို အမိန့်ပေး ထားတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ညီမ ကင်ယိုဂျွန်းက ပြောပါတယ်။ ရှေ့တန်းကို ခံတပ်အသွင် ပြောင်းဖို့ အဆင်သင့်ရှိနေပြီး တပ်အင်အား အ သင့်အနေ အထားပြင် ဆင်ထားတယ်လို့ လည်း မြောက်ကိုရီးယား စစ်တပ်က ပြောပါတယ်။

တောင်ကိုရီးယားသို့ ထွက်ပြေး ခိုလှုံသွား သူများက မြောက်ကိုရီးယား ဘက်သို့ မိုးပျံပူဖောင်းတွေနဲ့ နယ် စပ်ဖြတ်ပြီးပို့တဲ့ လက်ကမ်း စာစောင်များကို ဖြန့်ဝေလျက် ရှိခြင်းကြောင့် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံမှာ မကြာသေးခင် သီတင်းပတ်များ အတွင်း ဆက်ဆံရေး ပြန်လည်တင်းမာ လာခဲ့သည်။

မြောက် ကိုရီးယားက နှစ်နိုင်ငံရဲ့ ခေါင်းဆောင်ချင်းဆက်သွယ် စကားပြောသည့် အရေးပေါ် တယ်လီဖုန်း လိုင်းများ အပါအဝင် ကျန်ဆက်သွယ်ရေး လိုင်းအား လုံးကို ပြီးခဲ့သည့် သီတင် းပတ် အတွင်းက ဖြတ်တောက်ခဲ့သည်။

အမေရိကန်နဲ့ ပူးပေါင်းပြီး မြောက်ကိုရီးယား စစ်ရေးလှုပ်ရှား မှုတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဒီနေ့မှာ ပြောပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ဒီနေ့မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန် ထားပါတယ်။

ယခု ဖောက်ခွဲဖျက်ဆီး လိုက်သည့် တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ၂၀၁၈ ခုနှစ်က ပြန်လည် တည်ဆောက်ခဲ့ ခြင်းလည်း ဖြစ်သည်။

Tags: