ဆရာဝန္ေတြက သိပ္မခံေတာ့ဘူး ဆိုၿပီး လက္ေလ်ာ့ လိုက္ၾကၿပီျဖစ္လို႔ ႏွလုံးခုန္သံကိုသာ ေစာင့္ၾကည့္ ေနရတဲ့အေျခ အေနကေန မ်က္လုံး ျပန္ပြင့္လာၿပီ ျဖစ္တဲ့ ဦးမန္းဝင္

ဆရာဝန္ေတြက သိပ္မခံေတာ့ဘူး ဆိုၿပီး လက္ေလ်ာ့ လိုက္ၾကၿပီျဖစ္လို႔ ႏွလုံးခုန္သံကိုသာ ေစာင့္ၾကည့္ ေနရတဲ့အေျခ အေနကေန မ်က္လုံး ျပန္ပြင့္လာၿပီ ျဖစ္တဲ့ ဦးမန္းဝင္း

ဟာသ လူ႐ႊင္ေတာ္ႀကီး သ႐ုပ္ေဆာင္ ဦးမန္းဝင္းက ေတာ့ က်န္းမာေရး အနည္းငယ္ ျပန္ေကာင္းလာၿပီ လို႔ ေဟမာမန္းဝင္းက ေျပာပါတယ္။ ဇြန္လ (၁၅) ရက္ေန႕က က်န္းမာေရး အေျခအေန စိုးရိမ္ေနရတဲ့ ဟာသလူ ႐ႊင္ေတာ္ႀကီး သ႐ုပ္ေဆာင္ မန္းဝင္းဟာ ဒီေန႕

(ဇြန္လ ၁၆) ရက္မွာ မ်က္လုံးေလး ျပန္ပြင့္ၿပီး ပုံမွန္အတိုင္း အသိေလး ရွိေနေသးတယ္လို႔ သမီးျဖစ္သူ ေဟမာ မန္းဝင္းက ေျပာပါတယ္။ “အခုအေဖက မ်က္ လုံးေလး ျပန္ပြင့္လာၿပီ။ စကားေတာ့ မေျပာနိုင္ေသးဘူး။ သတိကေတာ့ ရွိတယ္။ ဒီအေျခအေနက နည္းနည္းေကာင္းလာၿပီဆိုတဲ့

သေဘာေပါ့ေနာ္။ တစ္မိသားစုလုံး အရမ္းဝမ္းသာ ေနပါတယ္” ဆိုၿပီးေတာ့ သမီးျဖစ္သူ ေဟမာမန္းဝင္းက ဆိုပါတယ္။ ဦးမန္းဝင္းဟာ ဇြန္လ (၁) ရက္ေန႕က ဦးေႏွာက္ ေသြးယိုစိမ့္ ခဲ့တာေၾကာင့္ ပင္လုံေဆး႐ုံႀကီးမွာ ခ်က္ခ်င္း ခြဲစိတ္မႈ ခံယူခဲ့ရတာ ျဖစ္ပါတယ္။ ဇြန္ လ(၁၄) ရက္ေန႕မွာေတာ့ ေနအိမ္ကို

ျပန္လည္ ေရာက္ရွိ လာခဲ့တာျဖစ္ၿပီး က်န္းမာေရးအ ေျခအေန စိုးရိမ္ရတယ္လို႔ ေဟမာမန္းဝင္းက Duwun ကို ေျပာျပခဲ့ပါတယ္။ ဦးေႏွာက္ေသသြား ခဲ့တာေၾကာင့္ ႏွလုံးခုန္သံ ေလးကိုသာ ေစာင့္ၾကည့္ေနခဲ့ရတာျဖစ္ၿပီး ႏွလုံးခုန္သံ ရပ္သြားပါက အသက္ပါ ဆုံးရႈံး သြားမွာျဖစ္တယ္ လို႔လည္း ေဟမာ မန္းဝင္းက ေျပာျပခဲ့ပါတယ္။

ေဖေဖာ္ဝါရီ လအတြင္းက ႏွလုံးေရာဂါေၾကာင့္ ဦးမန္းဝင္းဟာ ႐ုတ္တရက္ ေဆး႐ုံတင္ခဲ့ရတယ္လို႔ သိရပါတယ္။ သူ႕ရဲ႕ က်န္းမာေရး အေျခအေနဟာ ေစာင့္ၾကည့္ရမယ့္ အေနအထား ျဖစ္တယ္လို႔လည္း ဇနီးျဖစ္သူက အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ လူ႐ႊင္ ေတာ္ႀကီး မန္းဝင္းကေတာ့ ေက်ာက္ကပ္ ေဝဒနာခံ စားေနရတာ ႏွစ္နဲ႕ခ်ီရွိေနပါၿပီ။ ေက်ာက္ကပ္ တစ္ခါေဆးရင္ ၁ သိန္းကုန္က် စားရိတ္ရွိတယ္လို႔ သိရပါတယ္။

ဦးမန္းဝင္းကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္နဲ႕ ပရိသတ္ေတြ စတင္သိရွိ လာခဲ့တာပါ။ သူဟာ အၿငိမ့္၊ ဇာတ္ပြဲေပါင္း မ်ားစြာတို႔မွာ လူ႐ႊင္ေတာ္အျဖစ္ ကျပေဖ်ာ္ေျဖ ခဲ့သူျဖစ္ပါတယ္။ အဲဒီေနာက္ သ႐ုပ္ေဆာင္နဲ႕ ပတ္သက္ၿပီး ဗီဒီယို ဇာတ္ကားေပါင္း မ်ားစြာတို႔မွာလည္း ပါဝင္

သ႐ုပ္ေဆာင္ ခဲ့သူလည္း ျဖစ္ပါတယ္။ ႐ုပ္ရွင္ဇာတ္ ကားႀကီးေတြ မွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားတာ ေတြ႕ရပါတယ္။ Duwun

(Unicode version) ဆရာဝန်တွေက သိပ်မခံတော့ဘူး ဆိုပြီး လက်လျော့ လိုက်ကြပြီဖြစ်လို့ နှလုံးခုန်သံကိုသာ စောင့်ကြည့် နေရတဲ့အခြေ အနေကနေ မျက်လုံး ပြန်ပွင့်လာပြီ ဖြစ်တဲ့ ဦးမန်းဝင်း

ဟာသ လူရွှင်တော်ကြီး သရုပ်ဆောင် ဦးမန်းဝင်းက တော့ ကျန်းမာရေး အနည်းငယ် ပြန်ကောင်းလာပြီ လို့ ဟေမာမန်းဝင်းက ပြောပါတယ်။ ဇွန် လ (၁၅) ရက်နေ့က ကျန်းမာရေး အခြေအနေ စိုး ရိမ်နေရတဲ့ ဟာသလူ ရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းဟာ ဒီနေ့

(ဇွန်လ ၁၆) ရက်မှာ မျက်လုံးလေး ပြန်ပွင့်ပြီး ပုံမှန်အတိုင်း အသိလေး ရှိနေသေးတယ်လို့ သမီးဖြစ်သူ ဟေမာ မန်းဝင်းက ပြောပါတယ်။ “အခုအဖေက မျက်လုံးလေး ပြန်ပွင့်လာပြီ။ စကား တော့ မပြောနိုင်သေးဘူး။ သတိကတော့ ရှိတယ် ။ ဒီအခြေအနေက နည်းနည်းကောင်းလာပြီဆိုတဲ့

သဘောပေါ့နော်။ တစ်မိသားစုလုံး အရမ်းဝမ်း သာ နေပါတယ်”ဆိုပြီးတော့ သမီးဖြစ်သူ ဟေမာ မန်းဝင်းက ဆိုပါတယ်။ ဦးမန်းဝင်းဟာ ဇွန်လ (၁) ရက်နေ့က ဦးနှောက် သွေးယိုစိမ့် ခဲ့တာကြောင့် ပင်လုံဆေးရုံကြီးမှာ ချက်ချင်း ခွဲစိတ်မှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဇွန် လ(၁၄) ရက်နေ့မှာတော့ နေအိမ်ကို

ပြန်လည် ရောက်ရှိ လာခဲ့တာဖြစ်ပြီး ကျန်းမာ ရေးအ ခြေအနေ စိုးရိမ်ရတယ်လို့ ဟေမာမန်းဝင်းက Duwun ကို ပြောပြခဲ့ပါတယ်။ ဦးနှောက်သေသွား ခဲ့တာကြောင့် နှလုံးခုန်သံ လေးကိုသာ စောင့်ကြည့်နေခဲ့ရတာဖြစ်ပြီး နှလုံးခုန်သံ ရပ်သွားပါက အသက်ပါ ဆုံးရှုံး သွားမှာဖြစ်တယ် လို့လည်း ဟေမာ မန်းဝင်းက ပြောပြခဲ့ပါတယ်။

ဖေဖော်ဝါရီ လအတွင်းက နှလုံးရောဂါကြောင့် ဦးမန်းဝင်းဟာ ရုတ်တရက် ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေဟာ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်လို့လည်း ဇနီးဖြစ်သူက အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

လူရွှင် တော်ကြီး မန်းဝင်းကတော့ ကျောက်ကပ် ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ ကျောက် ကပ် တစ်ခါဆေးရင် ၁ သိန်းကုန်ကျ စားရိတ်ရှိတယ်လို့ သိရပါတယ်။

ဦးမန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိ လာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေ ခဲ့သူဖြစ်ပါတယ်။

အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်း များစွာတို့မှာလည်း ပါဝင်သ ရုပ်ဆောင် ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ် ကားကြီးတွေ မှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ Duwun

Tags: