ယနေ့မနက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သော လားရှိုးမြို့မ ဈေးကြီးတွင် မီးလောင်မှု ပုံရိပ်များ

လားရှိုးမြို့၊ရပ်ကွက်(၃) က လားရှိုးမြို့မဈေးကြီးမှာ ဇွန်လ(၁၆)ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဈေးကြီးအတွင်း ချယ်ရီရုံ အပေါ်ထပ် က ဦးလုအောင် ပိုင်ဆိုင်တဲ့ ၆ ခန်းတွဲ ပင်လယ်ပြာ

စားသောက်ဆိုင်က နေ စတင်လောင်ကျွမ်း ခဲ့တာလို့ သိရပါတယ်။ မီးလောင်မှုဟာ ဆိုင် မီးဖိုက အသုံးပြုပြီး မီးသွေးနဲ့ ပြာတွေ ပုံထားရာကနေ တစ်ဆင့် သစ်သားတံခါးကို ကူးစက်လောင်ကျွမ်းခဲ့ လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကို လားရှိုးခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ ၊ ဈေး အရန် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်သာယာရေးဌာနနဲ့ မြို့မဈေး ကော်မတီ ဝင်တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ကျပ် (၁၂၉၆၀၀၀)ခန့် ပျက်စီး ဆုံးရှုံး ခဲ့ပြီး ဆိုင်ခန်းပိုင်ရှင်ဖြစ်သူ ဦးလုအောင် ကို လားရှိုးမြို့မရဲစခန်းက ပ၂၉၄/၂၀၂၀ ပြစ်မှုပုဒ်မ (၂၈၅) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း- ဟန်ဌေး(လားရှိုး)

Tags:

Add a Comment

Your email address will not be published. Required fields are marked *