ဂိမ်းကို အလွန်အကျွံ မဆော့ဖို့ တားမြစ်တဲ့ မိခင်ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးတဲ့ သားဖြစ်သူရဲ့ အဆုံးသတ်

ဂိမ်းကို အလွန်အကျွံ မဆော့ဖို့ တားမြစ်တဲ့ မိခင်ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးတဲ့ သားဖြစ်သူရဲ့ အဆုံးသတ်

ယခု သတင်းကို ( SiThuMaung ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်​ ခြင်း ဖြစ်ပါသည်။ Game အလွန်အကျွံ မဆော့ဘို့ တားမြစ်တဲ့ မွေးသ မိခင် ကျေးဇူးရှင်ကို သားဖြစ်သူက ဓါးနဲ့ ၁၀ ချက်မက ထိုးနေစဉ် ဒဏ်ရာတွေ ကြားကနေ သားကိုထွက် ပြေးဘို့ပြောတဲ့

ကြီးမားလှတဲ့ မိဘမေတ္တာ ယနေ့မျက်မေ်းကို အလွန်အကျွံ မဆော့ဖို့ တားမြစ်တဲ့ မိခင်ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးတဲ့ သားဖြစ်သူရဲ့ အဆုံးသတ်မှာက် ခေတ် ကာလမှာ အနယ်နယ် အရပ်ရပ်က သတင်းတွေဟာ မျိုးစုံကြားနေရ လွန်းလို့

တစ်ချို့သတင်းတွေကို စိတ် ပျက်ပြီး မရေးဖြစ်ခဲ့တာ တွေလည်းရှိခဲ့ပါတယ်၊ ယခုလည်း ဂိမ်းကြောင့် လူငယ်တွေ ညမအိပ်ဘဲ တစ်ညလုံး အရူးတွေလို အော်တဲ့သူကအော်

စကားပြောတဲ့ သူကပြော နောက်မှာ လာနေပြီ လာနေပြီ အဲ့ကောင်ကို သေအောင်သတ် သေအောင်သတ် ” ” ဟာ ပစ်လေကွာ… ပစ် ပစ် ” နဲ့ စုံနေအောင်ကြားရတဲ့အသံတွေက တစ်ခါတစ်လေ ကိုယ့်နောက်ကြောတောင် ကိုယ်မလုံတော့တဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရသလိုဘဲ ဂိမ်းဆော့တာများပြီး လူငယ်တွေရဲ့နူးညံ့သိမ်မွှေ့ရမယ့် အရွယ်လေးတွေဟာ

အရွယ်နဲ့ မလိုက်အောင် စိတ်ရိုင်း၊ စိတ်ကြမ်းတွေဝင်ပြီး ဝစီကံတွေကအစ အပြောအဆိုတွေ ရိုင်းလာတဲ့အထိ တွေ့မြင်ရ ကြုံတွေ့ရပြီး နောက်ဆုံး ဂိမ်းရဲ့ဆိုးကျိုးကြောင့် ကံသုံးပါးစလုံး ရိုင်းကြလာကြ တာတွေလည်း ရှိကြပါတယ်၊ အားလုံးကိုတော့ မဆိုလိုပါဘူး ၊ ဂိမ်းကိုဂိမ်းလို မဆော့ကြဘဲ

အနိုင်အရှုံးပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲကုန်ပြီး မလုပ်သင့် မလုပ်အပ်တဲ့ အထိ ကျူးလွန်လာကြ တာကို ပြစ်မှုဆိုင်ရာ မှုခင်းသ တင်းတွေအရ သိရပါတယ်။ ယခု ဖော်ပြပေး ချင်တဲ့သတင်းလေး တစ်ပုဒ်ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ ညသန်းခေါင်ယံ အချိန်က ထိုင်းနိုင်ငံ

ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့မှာ နိုင်ငံခြားက ပြန်လာပြီး ၁၀ ရက်တောင် မကြာသေးတဲ့ သားဖြစ်သူ ၁၆ နှစ်သား အရွယ်လေးဟာ အခန်းတံခါးပိတ်လို့ ထမင်းမစား ဟင်းမစား ၊ ဘယ်သူနဲ့မှလည်း စကားမပြော ဂိမ်းကြီးဘဲ အာရုံစိုက် ကစားနေလို့ သားဖြစ်သူကို မိခင်ဖြစ်သူက ညည ဂိမ်းတွေ

အလွန်အကျွံ မဆော့ဘို့ တားမြစ်ဆုံးမတယ် ၊ မိဘဆိုတော့ သားသမီးကို ဆိုးဆုံးမဘို့ တာဝန်ဝတ္တရား ရှိတာထုံးစံပေါ့ ၊ခဏခဏဆူလွန်းလို့ မိခင် အိပ်နေတဲ့အချိန် သားဖြစ်သူဟာ အဝတ်နဲ့ ပါးစပ်ကိုပိတ်ပြီး ဓါးနဲ့ အချက်ပေါင်း များစွာထိုးတယ် ၊ အမေဖြစ်သူက ချက်ချင်း ဝမ်းလျားမှောက် လိုက်တယ် နောက်ကြောကနေ တစ်ကိုယ်လုံးကို

ဓါးဒဏ်ရာ ၁၂ ချက်တိတိ အထိုးခံရ နေရချိန် အမေဖြစ်သူဟာ ရုန်းထရင်း သားဖြစ်သူကို တွန်းလိုတယ် ၊ မိခင်ရဲ့သွေးနဲ့ဘဲ သားဖြစ်သူဟာ ချော်လဲကျသွားတယ် ၊ မိခင်ဖြစ်သူဟာ ဒဏ်ရာတွေ ကြားကနေ သားဖြစ်သူကို ပြောတယ် ” ကိုယ့်ကို မွေးထုတ်တဲ့ အမေ့ကို အသေသတ်မလို့မလား သား ? အမေကသားကို ချစ်လို့ဆုံးမတာပါ ၊အခု… သားလွတ်ရာကို အမြန်ပြေးပါတော့ ” လို့

ပြောပြီး သွေးအိုင်ထဲမှာ ဘဲလဲကျသွားတယ် ၊ ဆူညံ ဆူညံ သံတွေကြောင့် အသက် ၇၀ အရွယ်အဖွား ဖြစ်သူဟာ အခန်းထဲဝင်ကြည့်တော့မှ အသက် ၃၄ နှစ်အရွယ် သမီးဖြစ်သူဟာ သွေးအိုင်ထဲမှ မြင်မကောင်း အောင် တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားကာ အရေးပေါ် လူမှု ကူညီရေးတွေ ကိုခေါ်ပြီးအကူအညီ တောင်းခဲ့ရပါတယ်

မြေးဖြစ်သူကတော့ခြေဦးတည့်ရာထွက်ပြေးသွားခဲ့ပါတယ်။ ဇွန်လ ၁၄ ရက်နေ့မှာဘဲ သားဖြစ်သူဟာ ရဲစ ခန်းမှာ သူ့မိခင်အပေါ် ပြစ်မှားမိတဲ့ နောင်တကို ကြီးစွာရမိပြီပြီး သူကိုယ်တိုင် လာရောက် အဖမ်းခံခဲ့ပါတယ် ၊ သူ့ရဲ့ဖြောင့်ချက်အရ ” သူဟာ သူ့ရဲ့လွတ်လပ်မှု အတွက်မိခင်ကို အသေသတ်ဘို့ အထိ ရည်ရွယ်ခဲ့တာပါ ၊ အမေ့ကိုဓါးနဲ့ ထိုးလိုက်တဲ့ အချိန် အမေဟာနောက်ကြောကို ထိုးခံလိုက်တယ် ၊

ပြီးတော့ အမေ့ကို သတ်မလို့လားမေးတယ် ၊ ကျွန် တော်ဘာမှ မမြင်တော့ဘဲ ဆက်တိုက်ထိုးခဲ့တယ် ၊ အမေကို ခြေထောက်နဲ့လည်း ကန်ခဲ့ပါတယ် ၊ အမေဟာရုန်းရင်းနဲ့ ထလာပြီး သူ့ကိုတစ်ချက် တွန်းလိုက်တယ် ၊ ကျွန်တော်လဲကျ သွားတဲ့အချိန် သတိပြန်ဝင်လာပြီး သူဒီမှာ ဆက်နေလို့မရတော့ဘူး ၊ ပတ်ဝန်းကျင်ကိုမျက်နှာ မပြရဲတော့ဘူးလို့ ပြောလိုက်ပါတယ်

အမေက သားဒီကနေအမြန်ပြေးတော့လို့ ပြောပြီး လဲကျသွားတယ်၊ အဲ့ဒီအချိန် ကျွန်တော့် မိခင်ကျွန်တော့ကို ဘယ်လောက် ချစ်တယ်ဆိုတာ သိလိုက်ပေမယ့် အရာရာဟာ နောက်ကျသွားပါပြီ ၊ ဒါကြောင့် မိမိလုပ်ရပ်ဟာ ဘယ်သူမှ ခွင့်လွှတ်နိုင်စရာ မရှိသလို ကိုယ့်ကိုယ် ကိုယ်လည်း ရွံမုန်းပြီး

မိုက်ပြစ်ကို ပေးဆပ်ဘို့ ရဲစခန်းမှာလာရောက်အဖမ်းခံခဲ့တာပါလို့ ” ဟတ်ယိုင်မြို့နယ် ” ခေါဟုန် ” ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဆတ်ဆစ် မီဆဲန်က ရဲစစ်ချက်အရသတင်းမှာဖော်ပြထားပါတယ် ။မိခင်ကြီးရဲ့ကျမ္မာ ရေးအခြေ အနေကတော့ အတွင်းလူနာ အဖြစ်ကုသမှု ခံနေရပြီး သားသမီး အပေါ်ထားရှိတဲ့

မိဘတို့ရဲ့ မေတ္တာဟာ မည်မျှကြီးမား ကြောင်းကို သားမိုက် တစ်ယောက်အနေနဲ့ အချိန်လွန်မှ နောင်တရခဲ့ ပေမယ့်လည်း အနန္တဂိုဏ်ဝင် ကျေးဇူးရှင် မွေးသ မိခင်ကို ကံသုံးပါးနဲ့ သွေးစိမ်းရှင်ရီင် ထွက်အောင် ကျူးလွန် ပြစ်မှားမိခဲ့တဲ့ အပြစ်ကို တရားဥပဒေကခွင့်မလွှတ်သလို

ပဉ္စာနန္ဒိယ ကံကြီးထိုက်ဘို့ အချိန်တန်ရင် လောကသံသရာ ဝဋ်ကြွေး ငရဲကတော့ မျက်နှာသာ ပေးလိမ့်မည် မဟုတ်ပါ..ဘူးခင်ဗျာ..SiThuMaung

Tags: