တစ္ဦးေမတၱာ တစ္ဦးေစတနာ ဆိုသလို ကိုယ္ပိုင္အိမ္ မရွိေသးတဲ့ ေက်ာင္းဆရာ မိသားစုေလးအတြက္ ႏွစ္ထပ္ပ်ဥ္ေထာင္ အိမ္ေလး ေဆာက္ၿပီး လက္ေဆာင္ ေပးလိုက္တဲ့႐ြာေလး

တစ္ဦးေမတၱာ တစ္ဦးေစတနာ ဆိုသလို“ကိုယ္ပိုင္အိမ္ မရွိေသးတဲ့ ေက်ာင္းဆရာ မိသားစုေလးအတြက္ ႏွစ္ထပ္ပ်ဥ္ေထာင္ အိမ္ေလး ေဆာက္ၿပီး လက္ေဆာင္ ေပးလိုက္တဲ့ ႐ြာေလး”

က်ေနာ္တို႔ မိသားစုမွာ ကိုယ္ပိုင္အိမ္ မရွိေသးတာ ကို သိတဲ့ ေရဦးၿမိဳ႕နယ္ အင္းႀကီးေက်း႐ြာက ေက်ာင္း သားမိဘေတြ ကဒီအိမ္‌ကို လက္ေဆာင္ ေပးခဲ့တာပါ။ က်ေနာ့္တို႔ မိသားစု အတြက္ဆိုရင္ အိမ္ေသးေသးေလး တစ္လုံးရွိရင္ပဲ ရၿပီဆိုတာကို

ေပးမယ့္ေပး ႏွစ္ထပ္အိမ္ အႀကီးပဲ ေပးမွာေပါ့ ဆရာရယ္ဆိုၿပီး အားတက္သေရာပံ့ပိုးၾကတာ ဒီလို ျဖစ္လာေရာဗ်။ ကိုယ့္လစာ နဲ႕ ဆို ဒီလိုအိမ္မ်ိဳး ေဆာက္ၿပီးေနနိုင္ဖို႔ လုံဝ မျဖစ္နိုင္ပါဘူး။

၂၀၁၅ ကေန၂၀၁၈အထိ က်ေနာ္ တာဝန္ထမ္းေဆာင္ ခဲ့တဲ့ေရဦးၿမိဳ႕နယ္ အင္းႀကီးေက်း႐ြာ ကေက်ာင္းသားမိဘေတြ စုၿပီး ဝိုင္းဝန္းကူညီ ပံ့ပိုးေပးခဲ့ၾကလို႔ ဒီလို အိမ္မ်ိဳးမွာ ေနခြင့္ရတာပါ။

အိမ္ေဆာက္ တာနဲ႕ပတ္သတ္လို႔ ဘာဆိုဘာမွ မသိတဲ့ က်ေနာ့္ကို အစစအရာရာ အေသးစိတ္ အစအဆုံးကူ ညီေပးခဲ့သူကေတာ့ အင္းႀကီးက ဦးျမင့္ေဝေပါ့ ခက္တာက အိမ္အေဆာင္ အတြက္ သစ္သားရွိပါရဲ႕ လက္ သမားခနဲ႕ ပစၥည္းဖိုးမတတ္နိုင္လို႔ မွိုင္ေနရခ်ိန္ အင္းႀကီးက ကိုေဇာ္မ်ိဳးဝင္း တို႔

လက္သမား အဖြဲ႕ကေတာ့ ေစတနာအျပည့္နဲ႕ အိမ္တစ္ေဆာင္ ျခင္းၾကား မတ္မိုးၿပီးတဲ့ အထိ ေမတၱာနဲ႕ ကူညီေပးခဲ့ ျပန္ပါတယ္။ ဦးျမဟန္ ကုန္မာဆိုင္ (ေရဦး) က လည္း လကုန္တိုင္း နည္းနည္းခ်င္း ဖဲ့ဆပ္ဆိုၿပီး အိမ္ ေဆာက္ပစၥည္းေတြ ထုတ္ေပးခဲ့ပါတယ္။ ေနာက္ထပ္ ေနာက္ထပ္ လိုအပ္တာေတြ ကိုေတာ့

အေဖ့ညီဦးမ်ိဳးရယ္၊ မမအီေသးရယ္ မသူဇာရဲ႕ အစ္ ကို နဲ႕ အေဒၚရယ္ အစ္ကိုတစ္ေယာက္လို အားကိုးရတဲ့ မိတ္ေဆြ တစ္ဦးရယ္က ေျပလည္မွ ျဖည္းျဖည္း ျပန္ဆပ္ဆိုၿပီး အတိုး လုံးဝမယူဘဲ ေငြထုတ္ေပးခဲ့တာရယ္ ဘဏ္ေခ်းေငြအခ်ိဳ႕ရယ္ နဲ႕ အိမ္‌အေပၚထပ္ ကိုၿပီးေအာင္ ေဆာက္လိုက္ပါတယ္။

ေရတြင္းေလး ကိုလည္း ဦးေလးတင္ေမာင္ဝင္း ကအခမဲ့ တူးေပးေသးတာ အိမ္ေအာက္ထပ္ နဲ႕ မီးဖိုေဆာင္ေလးကို ေတာ့ဇိန႔္ဇြန္း နဲ႕ ေပါက္သာ႐ြာ က ေက်ာင္းသား မိဘေတြက ဒီရက္ပိုင္းမွာပဲ ‌‌ေစတနာအျပည့္နဲ႕ လုပ္အားေပး ဝိုင္းကူ အၿပီးသတ္‌ ေဆာက္ေပးျပန္ပါတယ္။

အိမ္ေျပာင္းဖို႔ ပရိေဘာဂေတြ အထုတ္အပိုးေတြ သယ္ဖို႔ကို ဆရာႀကီး ဦးဝင္းျမင့္ (ကံ့ေကာ္) ကLight Truck ကူညီေပး သူငယ္ခ်င္းေတြ က ဝိုင္းဝန္းသယ္ေပး နဲ႕အဆင္ေျပခဲ့ပါတယ္ ၂၀၁၈ ဧၿပီလ ကေန စတင္႐ုန္း ကန္လိုက္တာ၂၀၂၀ ဇြန္လ မွာေတာ့

အရပ္ကူပါ လူဝိုင္းပါနဲ႕က်ေနာ္ တို႔ မိသားစုအိမ္တစ္ေဆာင္ပိုင္ဆိုင္ခဲ့ပါၿပီဒီေက်းဇူးေတြ ဘယ္ေတာ့မွ မေမ့ပါဘူးဗ်ာ Soe Wai Han

(Unicode version) တစ်ဦးမေတ္တာ တစ်ဦးစေတနာ ဆိုသလို “ကိုယ်ပိုင်အိမ် မရှိသေးတဲ့ ကျောင်းဆရာ မိသားစုလေးအတွက် နှစ်ထပ်ပျဉ်ထောင် အိမ်လေး ဆောက်ပြီး လက်ဆောင် ပေးလိုက်တဲ့ ရွာလေး”

ကျနော်တို့ မိသားစုမှာ ကိုယ်ပိုင်အိမ် မရှိသေးတာ ကို သိတဲ့ ရေဦးမြို့နယ် အင်းကြီးကျေးရွာက ကျောင်း သားမိဘတွေ ကဒီအိမ်‌ကို လက်ဆောင် ပေးခဲ့တာပါ။ ကျနော့်တို့ မိသားစု အတွက်ဆိုရင် အိမ်သေးသေးလေး တစ်လုံးရှိရင်ပဲ ရပြီဆိုတာကို

ပေးမယ့်ပေး နှစ်ထပ်အိမ် အကြီးပဲ ပေးမှာပေါ့ ဆရာရယ်ဆိုပြီး အားတက်သရောပံ့ပိုးကြတာ ဒီလို ဖြစ်လာရောဗျ။ ကိုယ့်လစာ နဲ့ ဆို ဒီလိုအိမ်မျိုး ဆောက်ပြီးနေနိုင်ဖို့ လုံဝ မဖြစ်နိုင်ပါဘူး။

၂၀၁၅ ကနေ၂၀၁၈အထိ ကျနော် တာဝန်ထမ်းဆောင် ခဲ့တဲ့ရေဦးမြို့နယ် အင်းကြီးကျေးရွာ ကကျောင်းသားမိဘတွေ စုပြီး ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ကြလို့ ဒီလို အိမ်မျိုးမှာ နေခွင့်ရတာပါ။

အိမ်ဆောက် တာနဲ့ပတ်သတ်လို့ ဘာဆိုဘာမှ မသိတဲ့ ကျနော့်ကို အစစအရာရာ အသေးစိတ် အစအဆုံးကူ ညီပေးခဲ့သူကတော့ အင်းကြီးက ဦးမြင့်ဝေပေါ့ ခက်တာက အိမ်အဆောင် အတွက် သစ်သားရှိပါရဲ့ လက် သမားခနဲ့ ပစ္စည်းဖိုးမတတ်နိုင်လို့ မှိုင်နေရချိန် အင်းကြီးက ကိုဇော်မျိုးဝင်း တို့

လက်သမား အဖွဲ့ကတော့ စေတနာအပြည့်နဲ့ အိမ်တစ်ဆောင် ခြင်းကြား မတ်မိုးပြီးတဲ့ အထိ မေတ္တာနဲ့ ကူညီပေးခဲ့ ပြန်ပါတယ်။ ဦးမြဟန် ကုန်မာဆိုင် (ရေဦး) က လည်း လကုန်တိုင်း နည် းနည်းချင်း ဖဲ့ဆပ်ဆိုပြီး အိမ် ဆောက်ပစ္စည်းတွေ ထုတ်ပေးခဲ့ပါတယ်။ နောက်ထပ် နောက် ထပ် လိုအပ်တာတွေ ကိုတော့

အဖေ့ညီဦးမျိုးရယ်၊ မမအီသေးရယ် မသူဇာရဲ့ အစ် ကို နဲ့ အဒေါ်ရယ် အစ်ကိုတစ်ယောက်လို အားကိုးရတဲ့ မိတ်ဆွေ တစ်ဦးရယ်က ပြေလည်မှ ဖြည်းဖြည်း ပြန်ဆပ်ဆိုပြီး အတိုး လုံးဝမယူဘဲ ငွေထုတ်ပေးခဲ့တာရယ် ဘဏ်ချေးငွေအချို့ရယ် နဲ့ အိမ်‌အပေါ်ထပ် ကိုပြီးအောင် ဆောက်လိုက်ပါတယ်။

ရေတွင်းလေး ကိုလည်း ဦးလေးတင်မောင်ဝင်း ကအခမဲ့ တူးပေးသေးတာ အိမ်အောက်ထပ် နဲ့ မီးဖိုဆောင်လေးကို တော့ဇိန့်ဇွန်း နဲ့ ပေါက်သာရွာ က ကျောင်းသား မိဘတွေက ဒီရက်ပိုင်းမှာပဲ ‌‌စေ တနာအပြည့်နဲ့ လုပ်အားပေး ဝိုင်းကူ အပြီးသတ်‌ ဆောက်ပေးပြန်ပါတယ်။

အိမ်ပြောင်းဖို့ ပရိဘောဂတွေ အထုတ်အပိုးတွေ သယ်ဖို့ကို ဆရာကြီး ဦးဝင်းမြင့် (ကံ့ကော်) ကLight Truck ကူညီပေး သူငယ်ချင်းတွေ က ဝိုင်းဝန်းသယ်ပေး နဲ့အဆင်ပြေခဲ့ပါတယ် ၂၀၁၈ ဧပြီလ ကနေ စတင်ရုန်း ကန်လိုက်တာ၂၀၂၀ ဇွန်လ မှာတော့

အရပ်ကူပါ လူဝိုင်းပါနဲ့ကျနော် တို့ မိသားစု အိမ်တစ်ဆောင် ပိုင်ဆိုင်ခဲ့ပါပြီ ဒီကျေးဇူးတွေ ဘယ် တော့မှ မမေ့ပါဘူးဗျာ Soe Wai Han

Tags: