“မြန်မာ့ တပ်မတော်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်ပျက်ကျ ပြီးလူ သုံးဦးသေဆုံး”

“မြန်မာ့ တပ်မတော်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်ပျက်ကျ ပြီးလူ သုံးဦးသေဆုံး”

နေပြည်တော် ဇွန် ၁၄ရက် မိတ္ထီလာ-တောင်ငူ-မှော်ဘီ ခရီးစဉ်သွားတဲ့ MI-2 တိုက်ခိုက်ရေး ရဟတ်ယာဉ် (အမှတ်-၆၄၁၃) ဟာ ယနေ့ နေ့လည်ပိုင်းမှာ အမြန်လမ်း မိုင်တိုင်အမှတ် (၇၀)ရဲ့အနောက်ဘက် နှစ်မိုင်ခန့် (ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးမြို့နယ် အနီး)အကွာတောအုပ် အတွင်းထဲကို ပြတ်ကျခဲ့ပါတယ်။

ပျက်ကျချိန်ကို သေချာ သိရှိနိုင်ခြင်း မရှိသေးပေမယ့် ရွာသားတစ်ဦးက အုတ်ရှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်းကို နေ့လည် (၁း၂၀) မိနစ်မှာ သတင်းလာပေး ခဲ့ပါတယ်။ အမြန်လမ်း ရဲတပ်ဖွဲ့ ရောက်ရှိချိန် မှာတော့ မီးလောင်ပျက်စီး လျှက်ရှိပြီး လေယာဉ်မှုး ဗိုလ်မှုး ရန်နိုင်ထူး ၊ တွဲဖက်လေယာဉ်မှုး ဗိုလ်ကြီးထွန်းထွန်းနိုင် ၊ စက်မှုလက်မှု ပညာသည် တပ်ကြပ်ကြီးတင်ထွန်းလွင် တို့သေဆုံးလျှက် ရှိတာတယ်လို့ သိရပါတယ်။

အဆိုပါ ရဟတ်ယာဉ်သည် မိတ္ထီလာမြို့ လေတပ်စ ခန်းဌာနချုပ်၌ အကြီးစား ပြင်ဆင် စစ်ဆေးမှုများပြု လုပ်ခဲ့ပြီး မြိတ်မြို့ရှိ လေတပ်စခန်း ဌာနချုပ်သို့ ပို့ ဆောင်ရန် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့မှစတင် ထွက်ခွာလာခြင်း ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် နံနက် ၁၀ နာရီခွဲခန့်တွင် တောင်ငူလေတပ်စခန်းဌာနချုပ်၌

ဆီဖြည့်ရပ်နားခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် မှော်ဘီမြို့သို့ ဆက်လက်ထွက်ခွာ ပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ၍ မီးလောင် ပျက်စီးခဲ့ကြောင်း ကနဦး သတင်းအရ သိရှိရတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ပျက်ကျရခြင်းအကြောင်းရင်းကိုတော့ ဆက်စပ်စုံစမ်းလျှက်ရှိတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှသိရပါတယ်။ တပ်မတော် ရဟတ်ယာဉ်ဖြစ်တဲ့ Mi-2 ရဟတ် ယာဉ်တွေက၁၉၆၅ ခုနှစ်မှာထုတ်လုပ်တဲ့ ရဟပ်ယာဉ်တွေဖြစ်တယ်လို့ Wikipedia မှာဖော်ပြထားပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ………. အောင်ပြည့်စုံ / လေးစားစွာဖြင့် ခရစ်ဒက် ……….အမြန်လမ်းရဲတပ်ဖွဲ့ / လေးစားစွာဖြင့် ခရစ်ဒက် ……….MoeZaw

Tags: