ပုဂံက ဘုရားအခ်ိဳ႕ ဌာပနာေဖာက္ခံရမႈ ႏွင့္ မီးရွို႔ခံရမႈတို႔ မွ တရားခံကို ဖမ္းမိေရးအတြက္ မူးခင္းတပ္ဖြဲ႕ CID စုံစမ္းေနၿပီ

ပုဂံဘုရားအခ်ိဳ႕ ဌာပနာေဖာက္ခံရမႈ ႏွင့္ မီးရွို႔ခံရမႈတို႔ မွ တရားခံကို ဖမ္းမိေရးအတြက္ မူးခင္းတပ္ဖြဲ႕ CID စုံစမ္းေနၿပီ

မႏၲေလးတိုင္း ေဒသႀကီး ေညာင္ဦးၿမိဳ႕နယ္ရွိ ပုဂံဘု ရားအခ်ိဳ႕ ဌာပနာ ေဖာက္ခံရမႈ ၊ မီးရွို႔ခံရမႈ တို႔ႏွင့္ပတ္သက္၍ တရားခံကို ဖမ္းဆီးရမိေရး အတြက္ မႈ ခင္းရဲတပ္ဖြဲ႕ (CID) က စုံစမ္းလွ်က္ ရွိေၾကာင္း ေညာင္ဦးခရိုင္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီ းဌာနက သိရသည္ ။

ဇြန္လ ၈ ရက္က ေတာင္ဘီေက်း႐ြာအုပ္စု ႐ြာေဟာင္းႀကီး ဘုရားေျမာက္ဘက္ ဘုရားစုမ်ားထဲမွ ဘုရားငါးဆူ ေဖာက္ထြင္း ခံခဲ့ရၿပီးေနာက္ စစ္ေဆးမႈမ်ားကို ျပဳ လုပ္ခဲ့ရာ ေဖာက္ထြင္းခံရသည့္ ပုံစံျဖင့္ ဘုရား ၃၃ ဆူထိရွိခဲ့သည္။

အဆိုပါ ဘုရားမ်ားထဲမွ ၁၂ ဆူသည္ ေဖာက္ထြင္းခံခဲ့ရေၾကာင္း အတည္ျပဳခဲ့ၿပီး က်န္ဘုရားမ်ားမွာ ဘုရားျပန္လည္ျပဳျပင္သူမ်ားက ဌာပနာပိတ္မထားျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ဇြန္လ ၉ ရက္ကလည္း နံရံေဆးေရးပန္းခ်ီအမ်ားအျပားရွိသည့္ ေလာကထိပ္ပန္ဘုရား၌ ဘုရားအဝင္

သံတံခါးကို ကာထားသည့္ ဝါးယင္းလိပ္ မီးရွို႔ခံခဲ့ရသည္ ။ တပ္မေတာ္ ကေတာ့ အလယ္ပိုင္းတိုင္း စစ္ ဌာနခ်ဳပ္က ဗ်ဴဟာမႈး တစ္ေယာက္က အနီးကပ္ႀကီး ၾကပ္ၿပီး ဝိုင္းကူေပးေနတယ္။ နယ္ေျမခံ တပ္ရင္းက ထုတ္ႏႈတ္ အင္အားေတြနဲ႕ နယ္ေျမခံ ရဲတပ္ဖြဲ႕ရဲ႕ လုံၿခဳံ ေရးအင္အားေတြနဲ႕

လွည့္ကင္း ပတ္ကင္းေတြကို လိုအပ္တာေတြ ဝိုင္းဝန္းပံ့ပိုး ၿပီးေတာ့ ညွိႏွိုင္းကြပ္ကဲေပးေနတယ္။ လုံၿခဳံေရးေတြ ခ်ထားတယ္ဆိုေတာ့ လက္ရွိ ပုဂံအေနအထား ကေတာ့ တည္တည္ၿငိမ္ၿငိမ္ပါပဲ။ CID က ဒုတိယရဲမႈးႀကီးတစ္ဦးနဲ႕ အဖြဲ႕က တရားခံဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္ေနပါတယ္ ဟု

ေညာင္ဦးခရိုင္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ တာဝန္ရွိ သူတစ္ဦးက ေျပာသည္။ ေဖာက္ထြင္းခံ ထားရသည့္ ဘုရားမ်ားသည္ နဝတ အစိုးရလက္ထပ္က အသစ္ျပန္လည္ ျပဳျပင္ထားသည့္ ဘုရားမ်ားျဖစ္ၿပီး မီးရွို႔ခံခဲ့ရသည့္ ဘုရားတြင္လည္း နံရံေဆးေရးပန္းခ်ီမ်ားကို ထိခိုက္မႈရွိခဲ့ေၾကာင္း သိရသည္ ။ နိုင္လင္းဦး (TheFifthWaveNews) luukhar

(Unicode version) ပုဂံဘုရားအချို့ ဌာပနာဖောက်ခံရမှု နှင့် မီးရှို့ခံရမှုတို့ မှ တရားခံကို ဖမ်းမိရေးအတွက် မူးခင်းတပ်ဖွဲ့ CID စုံစမ်းနေပြီ

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံဘု ရားအချို့ ဌာပနာ ဖောက်ခံရမှု ၊ မီးရှို့ခံရမှု တို့နှင့်ပတ်သက်၍ တရားခံကို ဖမ်းဆီးရမိရေး အတွက် မှု ခင်းရဲတပ်ဖွဲ့ (CID) က စုံစမ်းလျှက် ရှိကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သိရသည် ။

ဇွန်လ ၈ ရက်က တောင်ဘီကျေးရွာအုပ်စု ရွာဟောင်းကြီး ဘုရားမြောက်ဘက် ဘုရားစုများထဲမှ ဘုရားငါးဆူ ဖောက်ထွင်း ခံခဲ့ရပြီးနောက် စစ် ဆေးမှုများကို ပြု လုပ်ခဲ့ရာ ဖောက်ထွင်းခံရသည့် ပုံစံဖြင့် ဘုရား ၃၃ ဆူထိရှိခဲ့သည်။

အဆိုပါ ဘုရားများထဲမှ ၁၂ ဆူသည် ဖောက် ထွင်းခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး ကျန်ဘုရားများမှာ ဘုရားပြန်လည်ပြုပြင်သူများက ဌာပနာပိတ်မထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဇွန်လ ၉ ရက်ကလည်း နံရံဆေးရေးပန်းချီအများအပြားရှိသည့် လောကထိပ်ပန်ဘုရား၌ ဘုရားအဝင်

သံတံခါးကို ကာထားသည့် ဝါးယင်းလိပ် မီးရှို့ခံခဲ့ရသည် ။ တပ်မတော် ကတော့ အလယ်ပိုင်းတိုင်း စစ် ဌာနချုပ်က ဗျူဟာမှုး တစ်ယောက်က အနီးကပ်ကြီး ကြပ်ပြီး ဝိုင်းကူပေးနေတယ်။ နယ်မြေခံ တပ်ရင်းက ထုတ်နှုတ် အင်အားတွေနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ရဲ့ လုံခြုံ ရေးအင်အားတွေနဲ့

လှည့်ကင်း ပတ်ကင်းတွေကို လိုအပ်တာတွေ ဝိုင်းဝန်းပံ့ပိုး ပြီးတော့ ညှိနှိုင်းကွပ်ကဲပေးနေတယ်။ လုံခြုံရေးတွေ ချထားတယ်ဆိုတော့ လက်ရှိ ပုဂံအနေအထား ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ CID က ဒုတိယရဲမှုးကြီးတစ်ဦးနဲ့ အဖွဲ့က တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ် ဟု

ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ဖောက်ထွင်းခံ ထားရသည့် ဘုရားများသည် နဝတ အစိုးရလက်ထပ်က အသစ်ပြန်လည် ပြုပြင်ထားသည့် ဘုရားများဖြစ်ပြီး မီးရှို့ခံခဲ့ရသည့် ဘုရားတွင်လည်း နံရံဆေးရေးပန်းချီများကို ထိခိုက်မှုရှိခဲ့ကြောင်း သိရသည် ။ နိုင်လင်းဦး (TheFifthWaveNews) luukhar

Tags: