သိပ္မၾကာခင္မွာ အေျခခံပညာ ေက်ာင္းမ်ား ျပန္ဖြင့္ေတာ့မွာ ျဖစ္သျဖင့္ ပညာေရးဝန္ႀကီး႒ာနက ထုတ္ျပန္ထားေသာ ေက်ာင္းမ်ား ျပန္ဖြင့္ခ်ိန္တြင္ မိဘ၊ ဆရာမ်ားႏွင့္ ေက်ာင္း (သား/သူ)မ်ား လိုက္နာရမည့္ အခ်က္မ်ား

သိပ္မၾကာခင္မွာ အေျခခံပညာ ေက်ာင္းမ်ား ျပန္ဖြင့္ေတာ့မွာ ျဖစ္သျဖင့္ ေက်ာင္းမ်ား ျပန္ဖြင့္ခ်ိန္တြင္ မိ ဘ၊ ဆရာမ်ားႏွင့္ ေက်ာင္း (သား/သူ)မ်ား လိုက္နာရမည့္ အခ်က္မ်ား

အေျခခံပညာ ေက်ာင္းမ်ားကို ဇူလိုင္လ တတိယ အ ပတ္တြင္ ျပန္လည္ ဖြင့္လွစ္မည္ ျဖစ္၍ မိဘ၊ ဆရာႏွင့္ ေက်ာင္းသား၊ ေက်ာင္း ႀကိဳပို႔ယာဥ္မ်ား လိုက္နာရမည့္ အခ်က္မ်ားကို ပညာေရး ဝန္ႀကီးဌာနက တရား ဝင္ထုတ္ျပန္ လိုက္သည္။

အေျခခံပညာ ေက်ာင္းမ်ားကို ဇူလိုင္လရဲ႕ တတိယအ ပတ္တြင္ အထက္တန္းမွစ၍ ျပန္လည္၍ ဖြင့္လွစ္မည္ျဖစ္ၿပီး ဖြင့္လွစ္ရာတြင္ လိုက္နာရမည့္ စည္းကမ္းခ်က္မ်ားကို ေက်ာင္းသို႔ မလာမီ မိဘႏွင့္ေက်ာင္း သား လိုက္နာရန္၊ ေက်ာင္းခ်ိန္အတြင္း ဆရာႏွင့္ ေက်ာင္းသား လိုက္နာရန္ စသည့္​​အပိုင္း၂ ပိုင္းခြဲ၍ ထုတ္ျပန္ထားသည္။

မိဘမ်ားအေနျဖင့္ ကေလးမ်ားကို ေက်ာင္းမတပ္ခင္ အခ်ိန္တြင္ ေလ့က်င့္ရန္ လိုအပ္ၿပီး ဆပ္ျပာႏွင့္ ေရကိုအသုံးျပဳ၍ လက္ကိုစကၠန့္ (၂၀) ၾကာေအာင္ စနစ္တ က် ေဆးေၾကာနည္း၊ ပါးစပ္ႏွင့္ ႏွာေခါင္းစည္းတို႔ကို စနစ္တက် တပ္ဆင္နည္းႏွင့္ ေဆာင္ရန္/ ေရွာင္ရန္ အခ်က္မ်ား၊ ႏွာ/ေခ်ာင္းဆိုးရာတြင္ လိုက္နာရမည့္အခ်က္မ်ားကို သင္ၾကား

ေပးထားရ မည္ျဖစ္ၿပီး ေက်ာင္းလာသည့္ လမ္းတစ္ ေလွ်ာက္တြင္လည္း Mask ႏွင့္ Face Shield ကို စနစ္ တက် တပ္ဆင္ရန္တို႔ျဖစ္သည္။ ထို႔အျပင္ ေက်ာင္းႀကိဳ/ပို႔ရာတြင္လည္း အုပ္ထိန္းသူ တစ္ဦးကိုသာသတ္ မွတ္ထားၿပီး ေက်ာင္းဝင္းအတြင္း ဝင္ေရာက္ျခင္း မျပဳရန္ႏွင့္ ေက်ာင္းပို႔ခ်ိန္တြင္ တစ္ဦးႏွင့္တစ္ဦး ရဲ႕အ ၾကားမွာ တတ္နိုင္သမွ်

၆ ေပ ကြာရမည္ ျဖစ္ၿပီး လက္ဆြဲႏႈတ္ဆက္ျခင္း၊ နီးနီးကပ္ကပ္ ေနျခင္းမ်ား မျပဳလုပ္ရန္ ပညာေရးဝန္ ႀကီးဌာနက အသိေပးထားသည္။ ကိုဗစ္-၁၉ ေရာဂါႏွင့္ ပတ္သက္တဲ့ ဟာေတြကို ေက်ာင္းမဖြင့္ခင္ တစ္ပတ္ ေလာက္အလိုမွာ မိဘေတြက ကေလးေတြကို ဘယ္လို လုပ္ရမလဲဆိုတာ ဆက္တိုက္ ေလ့က်င့္နိုင္ရန္ ႏွိုးေဆာ္ပါ့မယ္။

တီဗီကေန ေၾကျငာထုတ္လႊင့္ နိုင္ဖို႔ကိုလည္း လုပ္ပါ့မယ္”ဟု အေျခခံပညာ ဦးစီးဌာနမွ ဒုတိယ ၫႊန္ၾကား ေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာၾကား သည္။ ဆရာႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေက်ာင္းေရာက္ခ်ိန္တြင္ စာသင္ခန္းအတြင္းသို႔ တစ္ဦးႏွင့္ တစ္ဦး ၆ ေပကြာ၍

တန္းစီဝင္ရန္၊ မသန္စြမ္း ေက်ာင္းသားမ်ားကို ဦးစား ေပး၍ ဝင္ေစရန္၊ စာသင္ခ်ိန္အတြင္း Mask ႏွင့္ Face Shield ကို ၫႊန္ၾကားခ်က္အတိုင္း စနစ္တက်တပ္ဆင္ရန္၊ အစားမစာမီႏွင့္ စားၿပီးခ်ိန္တြင္ လက္ကို ေရႏွင့္ ဆပ္ျပာကို အသုံးျပဳ၍ စကၠန့္ ၂၀ ၾကာေအာင္ စ နစ္တက် ေဆးေၾကာရန္ စသည္တို႔ကို လိုက္နာရမည္ ျဖစ္သည္။

“အခုအခ်ိန္က ဘာလုပ္လုပ္ သတိထားၿပီး လုပ္ရမွာဆိုေတာ့ ၫႊန္ၾကားခ်က္ အတိုင္းဆိုေတာ့ အပိုအလိုမရွိ ေတာ့ဘူးေပါ့။ အႀကီးတန္းေတြက သိေနတဲ့အ႐ြယ္ဆိုေတာ့ သေဘာေပါက္ လြယ္မွာပါ။ အငယ္တန္းက ကေလးေတြ နားလည္ဖို႔က မိဘေရာ၊ ဆရာေရာက သင္ျပေပးမွသာ အဆင္ေျပမယ္” ဟု တာေမြၿမိဳ႕နယ္ရွိ မူလတန္းေက်ာင္းက ဆရာမတစ္ဦးက ဆိုသည္။

ထို႔အျပင္ ေက်ာင္းႀကိဳ႕ပို႔ ယာဥ္မ်ားတြင္ လက္သန့္ေဆးရည္ ထားရွိရမည္ ျဖစ္ၿပီး ေက်ာင္းသား/သူမ်ား ယာဥ္ေပၚ အတက္အဆင္း ျပဳရာတြင္ လက္သန့္ေဆး ရည္ကို အသုံးျပဳရမည္ ျဖစ္ၿပီး ယာဥ္ေမာင္း၊ ယာဥ္ေနာက္ လိုက္အေနျဖင့္ Mask ႏွင့္ Face Shield ကို စနစ္တက် တပ္ဆင္ရန္ ပညာေရး ဝန္ႀကီးဌာန က ၫႊန္ၾကား ထားသည္။

ယခုပညာ သင္ႏွစ္တြင္ အေျခခံပညာ ေက်ာင္းမ်ားကို ဇူလိုင္လ တတိယ အပတ္တြင္ အထက္တန္းမွ စ၍ ဖြင့္လွစ္မည္ ျဖစ္ၿပီး ကိုဗစ္-၁၉ ေရာဂါ ျပန့္ပြားမႈအေျခ အေနေပၚမူတည္၍ အလယ္တန္းဆင့္ႏွင့္ မူလတန္းဆင့္တို႔ကို တစ္ဆင့္ခ်င္းစီ ဖြင့္လွစ္နိုင္ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။ The Voice

(Unicode version) သိပ်မကြာခင်မှာ အခြေခံ ပညာကျောင်းများ ပြန်ဖွင့်တော့မှာ ဖြစ်သဖြင့် ကျောင်းများ ပြန်ဖွင့်ချိန်တွင် မိ ဘ၊ ဆရာများနှင့် ကျောင်း (သား/သူ)များ လိုက်နာရမည့် အချက်များ

အခြေခံပညာ ကျောင်းများကို ဇူလိုင်လ တတိယ အ ပတ်တွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်၍ မိဘ၊ ဆရာနှင့် ကျောင်းသား၊ ကျောင်း ကြိုပို့ယာဉ်များ လိုက်နာရမည့် အချက်များကို ပညာရေး ဝန် ကြီးဌာနက တရား ဝင်ထုတ်ပြန် လိုက်သည်။

အခြေခံပညာ ကျောင်းများကို ဇူလိုင်လရဲ့ တတိ ယအ ပတ်တွင် အထက်တန်းမှစ၍ ပြန်လည်၍ ဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်လှစ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ကျောင်းသို့ မလာမီ မိဘနှင့်ကျောင်း သား လိုက်နာရန်၊ ကျောင်းချိန်အတွင်း ဆရာနှင့် ကျောင်းသား လိုက်နာရန် စသည့်အပိုင်း၂ ပိုင်းခွဲ၍ ထုတ်ပြန်ထားသည်။

မိဘများအနေဖြင့် ကလေးများကို ကျောင်းမတပ်ခင် အချိန်တွင် လေ့ကျင့်ရန် လိုအပ်ပြီး ဆပ်ပြာနှင့် ရေကိုအသုံးပြု၍ လက်ကိုစက္ကန့် (၂၀) ကြာအောင် စနစ်တ ကျ ဆေးကြောနည်း၊ ပါးစပ်နှင့် နှာခေါင်းစည်းတို့ကို စနစ်တကျ တပ်ဆင်နည်းနှင့် ဆောင်ရန်/ ရှောင်ရန် အချက်များ၊ နှာ/ချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များကို သင်ကြား

ပေးထားရ မည်ဖြစ်ပြီး ကျောင်းလာသည့် လမ်းတစ် လျှောက်တွင်လည်း Mask နှင့် Face Shield ကိုစနစ်တကျ တပ်ဆင်ရန်တို့ဖြစ်သည်။ ထို့အပြင် ကျောင်းကြို/ပို့ရာတွင်လည်း အုပ်ထိန် းသူ တစ်ဦးကိုသာသတ် မှတ်ထားပြီး ကျောင်းဝင်းအတွင်း ဝင်ရောက်ခြင်း မပြုရန်နှင့် ကျောင်းပို့ချိန်တွင် တစ်ဦးနှင့်တစ်ဦး ရဲ့အကြားမှာ တတ် နိုင်သမျှ

၆ ပေ ကွာရမည် ဖြစ်ပြီး လက်ဆွဲနှုတ်ဆက်ခြင်း၊ နီးနီးကပ်ကပ် နေခြင်းများ မပြုလုပ်ရန် ပညာ ရေးဝန် ကြီးဌာနက အသိပေးထားသည်။ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်တဲ့ ဟာတွေကို ကျောင်းမဖွင့်ခင် တစ်ပတ် လောက်အလိုမှာ မိဘတွေက ကလေးတွေကို ဘယ်လို လုပ်ရမလဲဆိုတာ ဆက်တိုက် လေ့ကျင့်နိုင်ရန် နှိုးဆော်ပါ့မယ်။

တီဗီကနေ ကြေငြာထုတ်လွှင့် နိုင်ဖို့ကိုလည်း လုပ်ပါ့မယ်”ဟု အခြေခံပညာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောကြား သည်။ ဆရာနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းရောက်ချိန်တွင် စာ သင်ခန်းအတွင်းသို့ တစ်ဦးနှင့် တစ်ဦး ၆ ပေကွာ၍

တန်းစီဝင်ရန်၊ မသန်စွမ်း ကျောင်းသားများကို ဦးစား ပေး၍ ဝင်စေရန်၊ စာသင်ချိန်အတွင်း Mask နှင့် Face Shield ကို ညွှန်ကြားချက်အတိုင်း စနစ်တကျတပ်ဆင်ရန်၊ အစားမစာမီနှင့် စားပြီးချိန်တွင် လက်ကို ရေနှင့် ဆပ်ပြာကို အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် စ နစ်တကျ ဆေးကြောရန် စသည်တို့ကို လိုက်နာရမည် ဖြစ်သည်။

“အခုအချိန်က ဘာလုပ်လုပ် သတိထားပြီး လုပ်ရမှာဆိုတော့ ညွှန်ကြားချက် အတိုင်းဆိုတော့ အပိုအလိုမရှိ တော့ဘူးပေါ့။ အကြီးတန်းတွေက သိနေတဲ့အရွယ်ဆိုတော့ သဘောပေါက် လွယ်မှာပါ။ အငယ်တန်းက ကလေးတွေ နားလည်ဖို့က မိဘရော၊ ဆရာရောက သင်ပြပေးမှသာ အဆင် ပြေမယ်” ဟု တာမွေမြို့နယ်ရှိ မူလတန်းကျောင်းက ဆရာမတစ်ဦးက ဆိုသည်။

ထို့အပြင် ကျောင်းကြို့ပို့ ယာဉ်များတွင် လက်သန့်ဆေးရည် ထားရှိရမည် ဖြစ်ပြီး ကျောင် းသား/သူများ ယာဉ်ပေါ် အတက်အဆင်း ပြုရာတွင် လက်သန့်ဆေး ရည်ကို အသုံးပြုရမည် ဖြစ်ပြီး ယာဉ်မောင်း၊ ယာဉ်နောက် လိုက်အနေ ဖြင့် Mask နှင့် Face Shield ကိုစနစ်တကျ တပ်ဆင်ရန် ပညာရေး ဝန်ကြီးဌာန က ညွှန်ကြား ထားသည်။

ယခုပညာ သင်နှစ်တွင် အခြေခံပညာ ကျောင်းများကို ဇူလိုင်လ တတိယ အပတ်တွင် အထက်တန်းမှ စ၍ ဖွင့်လှစ်မည် ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုအခြေ အနေပေါ်မူတည်၍ အလယ်တန်းဆင့်နှင့် မူလတန်းဆင့်တို့ကို တစ်ဆင့်ချင်းစီ ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ The Voice

Tags:

Add a Comment

Your email address will not be published. Required fields are marked *