ပန္းကန္လုံးမ်ား” (သို႔) မလုပ္၊ မရႈပ္၊ မျပဳတ္ႏွင့္ မိုးက်ေ႐ႊကို မ်ားအေပၚ ျပတ္သားဖို႔လိုၿပီ

ပန္းကန္လုံးမ်ား” (သို႔) မလုပ္၊ မရႈပ္၊ မျပဳတ္ႏွင့္ မိုးက်ေ႐ႊကို မ်ားအေပၚ ျပတ္သားဖို႔လိုၿပီ

“ပန္းကန္လုံးမ်ား” ဟိုးေရွးေရွးက တ႐ုတ္ေျမပိုင္ရွင္ သူေဌးႀကီးအိမ္တစ္အိမ္မွာ အိမ္ေဖာ္ေကာင္မေလးတစ္ေယာက္ရွိတယ္။ တစ္ေန႕ေတာ့ ေကာင္မေလးက ေႂကြပန္းကန္တစ္လုံးကို ခြဲပစ္လိုက္တယ္။ သူေဌးႀကီးက ဆူတယ္။ ေနာက္တစ္ေန႕ ေႂကြပန္းကန္တစ္လုံး ကြဲျပန္တယ္။ ဘာမွမတတ္နိုင္ေတာ့ဘူး။

ကြဲၿပီးေနၿပီ။ ဆူတာပဲ တတ္နိုင္တယ္။ အလုပ္ မျဖဳတ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေကာင္မေလးက လွေနလို႔။ ေႂကြပန္းကန္ေတြက မၾကာခဏ က်ကြဲေနတာပဲ။ သူေဌးစဥ္းစားရၿပီ။ “ကေလးမေလးကို အလုပ္ျဖဳတ္မလား” “ဘာလုပ္ရမလဲ”

ေနာက္ဆုံး သူေဌးက ေကာင္မေလးကို အလုပ္မျဖဳတ္ခ်င္ေတာ့ အိမ္မွာ ေႂကြပန္းကန္ေတြ မထားေတာ့ဘူး။ သံပန္းကန္ေတြနဲ႕ အစားထိုးတယ္။ ႀကိဳက္သေလာက္လြတ္က် မကြဲေတာ့ဘူး။ ေကာင္မေလးကိုလည္း ျဖဳတ္ စရာမလိုေတာ့ဘူး။ ေကာင္မေလးလည္း သံပန္းကန္ေတြေၾကာင့္ အဆူမခံရေတာ့ ပ်င္းေတာင္ပ်င္းေသးတယ္ ျဖစ္သြားေရာ။

အဲဒါ “သံပန္းကန္” သမိုင္းပဲ တစ္သက္လုံးျဖဳတ္လို႔ မရတဲ့ ဝန္ထမ္းေတြကို “သံပန္းကန္” ေတြလို႔ တ႐ုတ္မွာေခၚတာ အဲဒါေၾကာင့္။ ကြန္ျမဴနစ္ စနစ္မွာ အလုပ္သ မားလူတန္းစားကို ဘဝအတြက္ အာမခံခ်က္ေပးဖို႔ေတြဘာေတြ လုပ္ေတာ့၊ အစိုးရ အလုပ္ ဝင္လုပ္ရင္ ျဖဳတ္လို႔ကို မရေတာ့ဘူး။ သံပန္းကန္ေတြ အလိုလိုျဖစ္ကုန္ေရာ။ ပင္စင္ယူမွ ထြက္ေတာ့။

၁၉၈၀ မွာ တိန္ေရွာင္ပင္းက တ႐ုတ္နိုင္ငံကို ျပဳျပင္ေျပာင္းလဲေရးေတြလုပ္ေတာ့ မလုပ္၊ မရႈပ္၊ မျပဳတ္ သေဘာတရားေတြကို ေဆြးေႏြးလာတယ္။ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္တဲ့အခါမွာ သံပန္းကန္ေတြကို ရွင္းထုတ္မွ ရမယ္ဆိုတာ ေဆြးေႏြးလာၾကတယ္။ သံပန္းကန္ေတြေနရာမွာ “ေႂကြပန္းကန္” ေတြနဲ႕ အစားထိုးဖို႔ စဥ္းစားလာၾကတယ္။

ေႂကြပန္းကန္ဆိုတာ က်ရင္ကြဲမယ္ ေကာင္းရင္ထားမယ္ မေကာင္းရင္ေဂ်ာင္းေတာ့ အဲဒီသေဘာတရားကို ေႂကြပန္းကန္လို႔ေခၚတယ္။ ဝန္ထမ္းတိုင္းကို ေကာင္းသည္ျဖစ္ေစ၊ မေကာင္းသည္ျဖစ္ေစ၊ ဘဝအာမခံခ်က္ေတြေပးၿပီး နိုင္ငံေတာ္ကေန ပိုက္ဆံေပးထားရတာ ထိုက္တန္သလား။ နိုင္ငံေတာ္လစာကို စားေနတဲ့သူတိုင္း တာဝန္ေက်ပြန္ၾကရဲ႕လား။

‘မလုပ္ မရႈပ္ မျပဳတ္’ ဆိုတဲ့ေဆာင္ပုဒ္ကို လက္ကိုင္ ထားလာတဲ့အျပင္ လာဘ္ေပးလာဘ္ယူမႈေတြ ေသာင္း က်န္းလာျပန္ေတာ့ တ႐ုတ္အစိုးရဘက္ကလည္းျပတ္ ျပတ္သားသား အေရးယူရတာေတြ လုပ္လာရတယ္။ ဒါေတာင္ ၂၀၀၁ ခုႏွစ္ေလာက္မွ ျပတ္သား စြာႏွိမ္နင္းနိုင္ခဲ့တယ္။

၂၀၁၂ ခုႏွစ္က်ေတာ့ တိုင္းျပည္မွာ “သံပန္းကန္” လို ဝန္ထမ္းေတြ မထားေတာ့ဘူးလို႔ တရားဝင္ထုတ္ျပန္တဲ့အထိ ျဖစ္လာရတယ္။ တိုင္းျပည္မွာ “သံပန္းကန္” ေတြသာမကဘူး “မိုးက်ပန္းကန္” ေတြကလည္း ရွိေနရင္ နိုင္ငံကို ေကာင္းေကာင္း ဒုကၡေပးေတာ့မွာ။ ဒါေၾကာင့္..

မိုးေပၚကက်လာတဲ့ ပန္ကန္ျပားပ်ံေတြလည္း သတိ ထားရေတာ့မယ္။ အဲဒီ မိုးက်ပန္းကန္ေတြက ကြဲလည္းမကြဲ၊ ေဟာင္းလည္း အရည္က်ိဳမရ၊ ေျမျမႇုပ္လည္း သဘာဝပတ္ဝန္းက်င္ထိခိုက္၊ မီးရွို႔လည္းနံၿပီး ေလထုညစ္ညမ္း သူတို႔ပဲ တိုင္းျပည္ကိုေကာင္း ေကာ င္း ဒုကၡေပးနိုင္တာ။

ေခတ္အဆက္ဆက္ ထိုးႏွက္ဖို႔ ဝန္ထမ္းအဖြဲ႕အစည္းထဲကို တိတ္တဆိတ္ထည့္ထားတဲ့ မိုးက်ပန္းကန္ေတြက အမ်ားႀကီးပဲဗ်။ သတိသာထား ၾကေပေတာ့တ ႐ုတ္ကေတာ့ ျပည္သူကို အမွန္တကယ္ အလုပ္ အေကြၽးျပဳသူမ်ားကိုသာ ျပည္သူ႕ဝန္ထမ္းအျဖစ္ အသိ အမွတ္ျပဳမည္ဆိုကာ ေႂကြပန္းကန္အျဖစ္ေစာင့္ၾကည့္တယ္။

လြတ္က်ၿပီလား ထြက္သြား။ ကြဲၿပီလား ပစ္ထား။ အဲ သည္လို ျပတ္သားတဲ့ သတၱိေတြ ေမြးဖို႔လိုေနၿပီလား။(China abolishes the “iron rice bowl” ဆိုတဲ့ ေဆာင္းပါးေလးကို မွီျငမ္းပါတယ္ဗ်ာ) တင္ၫြန့္

(Unicode version) ပန်းကန်လုံးများ” (သို့) မလုပ်၊ မရှုပ်၊ မပြုတ်နှင့် မိုးကျရွှေကို များအပေါ် ပြတ်သားဖို့လိုပြီ

“ပန်းကန်လုံးများ” ဟိုးရှေးရှေးက တရုတ်မြေ ပိုင်ရှင် သူဌေးကြီးအိမ်တစ်အိမ်မှာ အိမ်ဖော်ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ ကောင်မလေးက ကြွေပန်းကန်တစ်လုံးကို ခွဲပစ်လိုက်တယ်။ သူဌေးကြီးက ဆူတယ်။ နောက်တစ်နေ့ ကြွေပန်းကန်တစ်လုံး ကွဲပြန်တယ်။ ဘာမှမတတ်နိုင်တော့ဘူး။

ကွဲပြီးနေပြီ။ ဆူတာပဲ တတ်နိုင်တယ်။ အလုပ် မဖြုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးက လှနေလို့။ ကြွေပန်းကန်တွေက မကြာခဏ ကျကွဲနေတာပဲ။ သူဌေးစဉ်းစားရပြီ။ “ကလေးမလေးကို အလုပ်ဖြုတ်မလား” “ဘာလုပ်ရမလဲ”

နောက်ဆုံး သူဌေးက ကောင်မလေးကို အလုပ်မဖြုတ်ချင်တော့ အိမ်မှာ ကြွေပန်းကန်တွေ မထားတော့ဘူး။ သံပန်းကန်တွေနဲ့ အစားထိုးတယ်။ ကြိုက်သလောက်လွတ်ကျ မကွဲတော့ဘူး။ ကောင်မလေးကိုလည်း ဖြုတ် စရာမလိုတော့ဘူး။ ကောင်မလေးလည်း သံပန်းကန်တွေကြောင့် အဆူမခံရတော့ ပျင်းတောင်ပျင်းသေးတယ် ဖြစ်သွားရော။

အဲဒါ “သံပန်းကန်” သမိုင်းပဲ တစ်သက်လုံးဖြုတ်လို့ မရတဲ့ ဝန်ထမ်းတွေကို “သံပန်းကန်” တွေလို့ တရုတ်မှာခေါ်တာ အဲဒါကြောင့်။ ကွန်မြူနစ် စနစ်မှာ အလုပ်သ မားလူတန်းစားကို ဘဝအတွက် အာမခံချက်ပေးဖို့တွေဘာတွေ လုပ်တော့၊ အစိုးရ အလုပ် ဝင်လုပ်ရင် ဖြုတ်လို့ကို မရတော့ဘူး။ သံပန်းကန်တွေ အလိုလိုဖြစ်ကုန်ရော။ ပင်စင်ယူမှ ထွက်တော့။

၁၉၈၀ မှာ တိန်ရှောင်ပင်းက တရုတ်နိုင်ငံကို ပြုပြင်ပြောင်းလဲရေးတွေလုပ်တော့ မလုပ်၊ မရှုပ်၊ မပြုတ် သဘောတရားတွေကို ဆွေးနွေးလာတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ သံပန်းကန်တွေကို ရှင်းထုတ်မှ ရမယ်ဆိုတာ ဆွေးနွေးလာကြတယ်။ သံပန်းကန်တွေနေရာမှာ “ကြွေပန်းကန်” တွေနဲ့ အစားထိုးဖို့ စဉ်းစားလာကြတယ်။

ကြွေပန်းကန်ဆိုတာ ကျရင်ကွဲမယ် ကောင်းရင်ထားမယ် မကောင်းရင်ဂျောင်းတော့ အဲဒီသဘောတရားကို ကြွေပန်းကန်လို့ခေါ်တယ်။ ဝန်ထမ်းတိုင်းကို ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ဘဝအာမခံချက်တွေပေးပြီး နိုင်ငံတော်ကနေ ပိုက်ဆံပေးထားရတာ ထိုက်တန်သလား။ နိုင်ငံတော်လစာကို စားနေတဲ့သူတိုင်း တာဝန်ကျေပွန်ကြရဲ့လား။

‘မလုပ် မရှုပ် မပြုတ်’ ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင် ထားလာတဲ့အပြင် လာဘ်ပေးလာဘ်ယူမှုတွေ သောင်း ကျန်းလာပြန်တော့ တရုတ်အစိုးရဘက်ကလည်းပြတ် ပြတ်သားသား အရေးယူရတာတွေ လုပ်လာရတယ်။ ဒါတောင် ၂၀၀၁ ခုနှစ်လောက်မှ ပြတ်သား စွာနှိမ်နင်းနိုင်ခဲ့တယ်။

၂၀၁၂ ခုနှစ်ကျတော့ တိုင်းပြည်မှာ “သံပန်းကန်” လို ဝန်ထမ်းတွေ မထားတော့ဘူးလို့ တရားဝင်ထုတ်ပြန်တဲ့အထိ ဖြစ်လာရတယ်။ တိုင်းပြည်မှာ “သံပန်းကန်” တွေသာမကဘူး “မိုးကျပန်းကန်” တွေကလည်း ရှိနေရင် နိုင်ငံကို ကောင်းကောင်း ဒုက္ခပေးတော့မှာ။ ဒါကြောင့်..

မိုးပေါ်ကကျလာတဲ့ ပန်ကန်ပြားပျံတွေလည်း သတိ ထားရတော့မယ်။ အဲဒီ မိုးကျပန်းကန်တွေက ကွဲလည်းမကွဲ၊ ဟောင်းလည်း အရည်ကျိုမရ၊ မြေမြှုပ်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်၊ မီးရှို့လည်းနံပြီး လေထုညစ်ညမ်း သူတို့ပဲ တိုင်းပြည်ကိုကောင်း ကော င်း ဒုက္ခပေးနိုင်တာ။

ခေတ်အဆက်ဆက် ထိုးနှက်ဖို့ ဝန်ထမ်းအဖွဲ့အစည်းထဲကို တိတ်တဆိတ်ထည့်ထားတဲ့ မိုးကျပန်းကန်တွေက အများကြီးပဲဗျ။ သတိသာထား ကြပေတော့တ ရုတ်ကတော့ ပြည်သူကို အမှန်တကယ် အလုပ် အကျွေးပြုသူများကိုသာ ပြည်သူ့ဝန်ထမ်းအဖြစ် အသိ အမှတ်ပြုမည်ဆိုကာ ကြွေပန်းကန်အဖြစ်စောင့်ကြည့်တယ်။

လွတ်ကျပြီလား ထွက်သွား။ ကွဲပြီလား ပစ်ထား။ အဲ သည်လို ပြတ်သားတဲ့ သတ္တိတွေ မွေးဖို့လိုနေပြီလား။(China abolishes the “iron rice bowl” ဆိုတဲ့ ဆောင်းပါးလေးကို မှီငြမ်းပါတယ်ဗျာ) တင်ညွန့်

Tags: