လွိုင္သာယာ (အေရွပိုင္း) ၿမိဳ႕နယ္ ရဲစခန္းေရွ႕ ကားလမ္းမတြင္ ယာဥ္တိုက္မႈေၾကာင့္ ၁၁ လခန႔္ ရပ္ထားသည့္ ဝိုင္ဘီအက္ယာဥ္ မီးေလာင္မႈ ျဖစ္ပြား

လွိုင္သာယာ (အေရွပိုင္း) ၿမိဳ႕နယ္ ရဲစခန္းေရွ႕ ကားလမ္းမတြင္ ယာဥ္တိုက္မႈေၾကာင့္ ၁၁ လခန႔္ ရပ္ထားသည့္ ဝိုင္ဘီအက္ယာဥ္ မီးေလာင္မႈ ျဖစ္ပြား

လွိုင္သာယာ (အေရွပိုင္း) ၿမိဳ႕နယ္၊ ၿမိဳ႕မ ရဲစခန္းေရွ႕ ကားလမ္းမ ႀကီးေပၚတြင္ ရပ္ထားသည့္ ဝိုင္ဘီအက္ယာဥ္တစ္စီး ဇြန္လ၁၄ ရက္ေန႕နံနက္ပိုင္းက မီးေလာင္ မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္း၊ လွိုင္သာယာ (အေရွပိုင္း) ၿမိဳ႕မရဲစခန္းေရွ႕ အမွတ္ (၃) ရပ္ကြက္၊ ရန္ကုန္ – ေညာင္တုန္းလမ္း မႀကီးေပၚတြင္ ရပ္ထားသည့္ ယာဥ္တစ္စီး မီးေလာင္ေနေၾကာင္း သတင္းအရ

လွိုင္သာယာ ၿမိဴ႕နယ္ မီးသတ္ဦးစီးမႉး ဦးစိုးသူ ႏွင့္ မီး သတ္ တပ္ဖြဲ႕ဝင္မ်ားမွ၊ မီးသတ္ယာဥ္ ( ၂ )စီးႏွင့္ ေရသယ္ယာဥ္ (၁)စီးတို႔ျဖင့္ ဝိုင္းဝန္းၿပီးေတာ့ ၿငိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈ ျဖစ္ပြားခဲ့သည့္ ယာဥ္မွာ လြန္ခဲ့ ေသာ ၁၁လခန႔္ ၂၀၁၉ခု ဇူလိုင္လ ၂၇ ရက္ေနက လွိုင္သာယာၿမိဳ႕နယ္ အေနာ္ရထာ လမ္းမေပၚ ရိုးေလး႐ြာ အနီးတြင္ ဓါတ္တိုင္ကို

ဝင္တိုက္ခဲ့ရာမွ အမွတ္(၆၈) ယာဥ္ထိန္း တပ္ဖြဲ႕ စုမွ ၎ကားအား ဆြဲလာၿပီး ရန္ကုန္-ေညာင္တုန္း လမ္းမေဘး (၅) ထိပ္မွတ္တိုင္အနီး ရပ္ထားခဲ့ေသာ ယာဥ္ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္ မႈေၾကာင့္ ပ်က္ဆီးသြားေသာ ဓါတ္တိုင္အားျပန္လည္ ျပင္ေပးကာ သက္ဆိုင္ရာ ဌာနသို႔ တန္ ဖိုးေငြ ေပးေလ်ာ္ခဲ့သျဖင့္ အမႈဖြင့္လွစ္ေတာ့ျခင္း မရွိဘဲ ယာဥ္ပိုင္ရွင္ျဖစ္သူထံသို႔

ျပန္လည္ အပ္ႏွံထားေသာ္လည္း ယာဥ္ပိုင္ရွင္မွ ယာဥ္အား ျပန္လည္ျပင္ဆင္ ယူေဆာင္းျခင္း မရွိဘဲ အခင္း ျဖစ္ေသာ မီးေလာင္သည့္ ေနရာ၌ ယၡဳထိ ထားရွိထားေသာ ယာဥ္ျဖစ္ေၾကာင္း စုံစမ္း သိရသည္။

ယာဥ္ မီးေလာင္မႈေၾကာင့္ ယာဥ္ႏွင့္ အတြင္းရွိ ဆိုဖာခုံမ်ား မီးေလာင္ ပ်က္ဆီးခဲ့ေၾကာင္း ေတြ႕ရွိရသည္။ ညီညီ (လွိုင္သာယာ) Top Phoenix Media Group

(Unicode version) လှိုင်သာယာ (အရှေပိုင်း) မြို့နယ် ရဲစခန်းရှေ့ ကားလမ်းမတွင် ယာဉ်တိုက်မှုကြောင့် ၁၁ လခန့် ရပ်ထားသည့် ဝိုင်ဘီအက်ယာဉ် မီးလောင်မှု ဖြစ်ပွား

လှိုင်သာယာ (အရှေပိုင်း) မြို့နယ်၊ မြို့မ ရဲစခန်းရှေ့ ကားလမ်းမ ကြီးပေါ်တွင် ရပ်ထားသည့် ဝိုင်ဘီအက်ယာဉ်တစ်စီး ဇွန်လ၁၄ ရက်နေ့နံနက်ပိုင်းက မီးလောင် မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေပိုင်း) မြို့မရဲစခန်းရှေ့ အမှတ် (၃) ရပ်ကွက်၊ ရန်ကုန် – ညောင်တုန်းလမ်း မကြီးပေါ်တွင် ရပ်ထားသည့် ယာဉ်တစ်စီး မီးလောင်နေကြောင်း သတင်းအရ

လှိုင်သာယာ မြိူ့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသူ နှင့် မီး သတ် တပ်ဖွဲ့ဝင်များမှ၊ မီးသတ်ယာဉ် ( ၂ )စီးနှင့် ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ဝိုင်းဝန်းပြီးတော့ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့သည့် ယာဉ်မှာ လွန်ခဲ့ သော ၁၁လခန့် ၂၀၁၉ခု ဇူလိုင်လ ၂၇ ရက်နေက လှိုင်သာယာမြို့နယ် အနော်ရထာ လမ်းမပေါ် ရိုးလေးရွာ အနီးတွင် ဓါတ်တိုင်ကို

ဝင်တိုက်ခဲ့ရာမှ အမှတ်(၆၈) ယာဉ်ထိန်း တပ်ဖွဲ့ စုမှ ၎င်းကားအား ဆွဲလာပြီး ရန်ကုန်-ညောင်တုန်း လမ်းမဘေး (၅) ထိပ်မှတ်တိုင်အနီး ရပ်ထားခဲ့သော ယာဉ်ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက် မှုကြောင့် ပျက်ဆီးသွားသော ဓါတ်တိုင်အားပြန်လည် ပြင်ပေးကာ သက်ဆိုင်ရာ ဌာနသို့ တန် ဖိုးငွေ ပေးလျော်ခဲ့သဖြင့် အမှုဖွင့်လှစ်တော့ခြင်း မရှိဘဲ ယာဉ်ပိုင်ရှင်ဖြစ်သူထံသို့

ပြန်လည် အပ်နှံထားသော်လည်း ယာဉ်ပိုင်ရှင်မှ ယာဉ်အား ပြန်လည်ပြင်ဆင် ယူဆောင်းခြင်း မရှိဘဲ အခင်း ဖြစ်သော မီးလောင်သည့် နေရာ၌ ယ္ခုထိ ထားရှိထားသော ယာဉ်ဖြစ်ကြောင်း စုံစမ်း သိရသည်။

ယာဉ် မီးလောင်မှုကြောင့် ယာဉ်နှင့် အတွင်းရှိ ဆိုဖာခုံများ မီးလောင် ပျက်ဆီးခဲ့ကြောင်း တွေ့ရှိရသည်။ ညီညီ (လှိုင်သာယာ) Top Phoenix Media Group

Tags: