ပုဂံက ဘုရားတွေမှာ လိုက်ရှာနေတယ် ဆိုတဲ့ ကောလာ ဟလ ထွက်နေတဲ့ ဒေဝီ(၁၂)ပါး လက်စွပ်အကြောင်း

ပုဂံက ဘုရားတွေမှာ လိုက်ရှာနေတယ် ဆိုတဲ့ ကောလာ ဟလ ထွက်နေတဲ့ ဒေဝီ(၁၂)ပါး လက်စွပ်အကြောင်း

ဒေဝီ(၁၂)ပါးလက်စွပ်၏သဲလွန်စေ ဒဝီ၁၂ပါးလက်စွပ်ကို ပုဂံဘုရားတွေမှာ လိုက်ရှာနေတယ် ဆိုတဲ့ ကောလာဟလကြောင့် ဒေဝီ(၁၂)ပါးဆိုတာ ဘာလဲလို့ သိချင်တာနဲ့ စူးစမ်းကြည့် လိုက်တော့

ရှေးရှေးတုန်းက စန္ဒာရဝတီ အမည်ရှိတဲ့ တိုင်းပြည် တစ်ပြည်တွင် သူဌေးလင်မယား ရှိသည်။ သား သမီး ထွန်းကားခြင်း မရှိသဖြင့် ညောင်ပင်ကြီး တစ်ပင်ရှိ ရုက္ခစိုးနတ်ကို တိုင်တည်၍ သားသမီး ရရှိရန် သွား ရောက်ပသကြသည်။ ထိုသို့ပသပြီး

မကြာမီမှာပင် သူဌေးဇနီးသည် တစ်နှစ်လျှင် သမီးတစ်ဦးကျ ဆက်တိုက် မွေးဖွားရာ စုစုပေါင်းသမီး (၁၂) ယောက်မွေးဖွားခဲ့သည်။ ညီအစ်မ၁၂ ယောက် အနည်းငယ် အရွယ်ရောက် လာချိန်တွင် သူဌေးကြီး ၏ဇနီး မကျန်းမမာဖြစ်၍ ဆုံးပါးသွားသည်။

တစ်ပင်လဲမူ တစ်ပင်ထူ ဆိုသော စကားအတိုင်း သူ ဌေးကြီးသည် နောက်အိမ်ထောင် ပြုလိုက်သည်။ မိ ထွေးသည် သမီး (၁၂) ယောက်ကိုမကြည်ဖြူ ဘဲတစ် နေ့တစ်ခြား အမုန်းပွား လာရာ သမီးများကို ပိုချစ်လျှင် သူမအား ကွာရှင်းရန် သူမိုပိုချစ်လျှင် သမီးများကို စွန့်ပစ်ရန် မိထွေးက

သူဌေးကြီးကို တောင်းဆိုသည်။ သူဌေးကြီးက သမီးများကို ဇနီးအလိုကျ စွန့်ပစ်မည်ဟု ပြောသည်။ နောက်တစ်နေ့ ရောက်သောအခါ သူဌေးကြီးက သမီးများကိုခေါ်ယူပြီး တောတွင်း တစ်နေရာရှိ သီတာအင်းတွင် ရေသွားချိုးမည်။ သီတာအင်းရေကို ချိုးရသူတိုင်း ရုပ်ရည်လှပမည် ဟုလိမ်ညာပြောဆို ၍

တောတွင်းသို့ ခေါ်ဆောင်သွားပြီး လမ်းမမှတ်မိ နိုင်သည့် တောတွင်း တစ်နေရာ ရောက်သောအခါ သမီးများ သောက်ရန် ရေသွားခပ် ပေးမည် ဤနေရာတွင်စောင့်နေကြပါ ဟုပြောဆိုပြီး သမီး (၁၂) ယောက်အား ထားရစ်၍ ထွက်ခွာသွားပြီး ပြန်မလာတော့ပေ။

သမီး(၁၂) ယောက်တို့သည် ဖခင်ကို စောင့်မျှော်သော် လည်းပေါ်မလာ။ အပြန်လမ်းစ ရှာသော်လည်း လမ်း စမမြင်ရ တောထဲတွင် တစ်ဝဲလည်လည် နှင့်ဝမ်းနည်း စွာ ဟစ်အော်ငိုကြွေး ကြရှာသည်။ လမ်းစရှာရာမှ တောတွင်းတစ် နေရာတွင် စမ်းချောင်း တစ်ခုတွေ့ရှိပြီး ဝမ်းစာအလို့ငှာ

ယင်းချောင်း အတွင်းသို့ဆင်းပြီး ကိုယ်စီငါး ဖမ်းကြသည်။ သမီး (၁၁) ယောက် ဖမ်း၍ရရှိ သောငါးကို မျက်လုံး(၂) ဖက်ဖောက်၍ သီကြသော်လည်း ညီမအထွေးဆုံးသည် ကျွမ်းကျင်မှုမရှိသဖြင့် ငါး၏ မျက် လုံး(၁) ဖက်ကိုသာသီခဲ့သည်။

ထိုအချိန်တွင် ယက္ခပူရ တိုင်းပြည်မှ ဘီလူးမသည် လူ့အသွင် ပြောင်းပြီး ညီမ (၁၂) ဖော်ကိုတွေ့ဆုံရာ ညီမ (၁၂) ဖော်ထံမှ အကြောင်းစုံ သိရပြီး ညီမ(၁၂)ဖော်ကို ကူညီမည်ဟု ပြောဆို၍ မိမိနှင့်ခေတ္တ နေထိုင်ရန်ဟုပြောပြီး ညီမ(၁၂) ဖော်အား မိမိ၏ဂေဟာရှိရာ ယက္ခပူရပြည်သို့ ခေါ်ဆောင် သွားလေသည်။

ဘီလူးမဂေဟာ သို့ရောက်သော် ဘီလူးမ၏ သမီးနှင့် အဖော်ပြုပေးရပြီး ရောက်ခါစတွင် ပျော်ရွှင်ကြရပါ သည်။ ဘီလူးမသည် မိမိဂေဟာမှ ထွက်ခွာသည့်အခါ တိုင်း ညီ အ မ(၁၂)တို့ ဟိုဟို ဒီဒီလျှောက်မသွား ကြရန် အမြဲမှာကြားလေ့ရှိသည်။

တစ်နေ့သောအခါ ဘီလူးမ မရှိခိုက် ညီ အမ (၁၂)ဖော်တို့ ဟိုဟိုဒီဒီ လျှောက်သွားရာမှ တွင်းကြီးတစ်တွင်း ကိုတွေ့ရှိရပြီး ယင်းတွင်းထဲတွင် လူ့အရိုးပုံကြီးတွေ့ ရသဖြင့် မိမိတို့ရောက်ရှိ သောနေရာသည် ဘီလူးတို့ တိုင်းပြည် ဖြစ်ကြောင်း သိရပြီး လွန်စွာထိတ်လန့်တုန်လှုပ် သွားကြသည်။

ထို့ကြောင့် ညီမ(၁၂)ဖော်တို့ ဘီလူးမ မရှိခိုက် ထွက် ပြေး ကြလေတော့သည်။ ဘီလူးမ အိမ်သို့ ရောက်အခါ ညီမ(၁၂)ဖော်ကို မတွေ့ရ တော့သဖြင့် ခြေရာခံလိုက်ရှာ သောအခါ တောနက်ကြီး တစ်နေရာတွင် တွေ့ရှိခဲ့သည်။

ညီအစ်မ(၁၂)ဖော်အား ဘီလူးမ မှီလုမီခင် အချိန်တွင်အနီးရှိ နွားမင်းထံ သွားရောက် အကူအညီ တောင်းခံရာ နွားမင်းက နောက်လိုက် နွားများကို ခေါ်ယူ၍ ဘီ လူးမ လာရာလမ်းမှ ဆီးကြို၍ ဘီလူးမကို ဝှေ့ရမ်းတိုက် ခိုက်သဖြင့် ဘီလူးမထွက်ပြေးရသည်။

နွားမင်းသည် ညီအမ (၁၂)ဖော်အား ဦးဆောင်လမ်းပြပြီး လူတို့၏တိုင်းပြည်ဖြစ်သည့် မဟာနာဂရ မြို့၏ မြို့ဦးအဝင် ညောင်ပင်ကြီး အောက်သို့ ပို့ဆောင်ပေး သည်။ ထိုအချိန်တွင် မဟာနာရ ပြည်တွင် မိဖုရားမရှိ သေးဘဲ မူးမတ်များ ရှာဖွေနေ ချိန်ဖြစ်ရာ

ရုပ်ရည် ရူပကာယ ချောမောသာ ညီမ (၁၂) ဖော်ကိုတွေ့မြင်ကြ ရပြီးသောအခါ မဟာနာဂရပြည် စတုရမ္မမင်းထံ သံတော်ဦး တင်ကြသည်။ စတုရမ္မမင်းသည် ညီမ(၁၂)ဖော်အား ခေါ်ယူရန် ချက်ခြင်း အမိန့်တော်ချမှတ်ရာ မှူးမတ်များသည် ညီအမ (၁၂)ဖော်အားမြင်းရထားဖြင့် သွားရောက်ကြိုဆိုကြသည်။

ထို့နောက် စတုရမ္မမင်းသည်မင်္ဂလာသဘင်ကို ခုနစ်ရက်ခုနစ်လီ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပပြီး ညီမ(၁၂)ဖော်ကိုမိဖုရားအရာ ချီးမြှောက်လေတော့သည်။ ဘီလူးမသည် ညီမ၁၂ဖော် လွတ်မြောက် သွားသည်ကို တွေးမိတိုင်း အခဲမကြေ ဖြစ်ခဲ့ရပြီး ညီမ(၁၂)ဖော်တို့ မိဖုရားဖြစ်နေ ကြောင်းစုံစမ်းသိရှိ သွားသည်။

ထိုနောက် ဘီလူးမသည် ရုပ်ဆင်းအလွန် လှပသော အမျိုးသမီးငယ် အဖြစ်ဖန်ဆင်းပြီး မဟာနာဂရမြို့အနီးတွင် နေ့စဉ်သွားလာရာ လူအများ သတိပြုမိပြီးစတုရမ္မမင်း၏ နားသို့ပေါက်ကြား သွားသည်။ ရုပ် ရည်အလွန် ချောမောသော အမျိုးသမီးကိုသွား ရောက် ကြိုဆိုရန် စတုရမ္မမင်းက မိန့်ကြားသဖြင့် မှူးမတ်တို့က သွားရောက် ကြိုဆိုကြသည်။

ညီမ(၁၂)ဖော်ထက် ရုပ်ရည်ရူပကာယ ချောမောသည်ကို တွေ့မြင်ရသောအခါ လူဖန်ဆင်း ထားသောဘီလူး မကိုစတုရမ္မမင်းက မိဖုရားခေါင်အရာ တင်မြှောက်လိုက် သည်။ ထိုသို့နေထိုင်လာရာမှ နှစ်အနည်းငယ်ကြာလာသောအခါ တစ်ညသော

သန်းခေါင်ယံ အချိန်တွင် ဘီလူးမသည် နန်းတော်အ တွင်းရှိလူများ နိုးမရအောင် ဂါထာဖြင့် မန်းမှုတ်၍ ဒေဝီ(၁၂)ပါး၏ မျက်လုံးများကို သွားရောက် ဖောက်ထုတ်သည်။ ကမန်းကတမ်း ဖောက်ထုတ်ရသဖြင့် အထွေးဆုံးညီမ၏ မျက်လုံး

တစ်လုံးကိုသာ ဖောက်ထုတ်နိုင်သည်။ ဘီလူးမသည်မျက်လုံး (၂၃)လုံးကို ရက္ခပူရ တိုင်းပြည်သို့သွား ထားကာ စတုရမ္မမင်း၏ နံဘးသို့ ဟန်မပျက် အိပ်စက်သည်။ ဒေဝီ (၁၂)ပါး အိပ်ရာမှ နိုးလာသောအခါ မျက် စိအလင်း မရကြသဖြင့် ဝမ်းနည်းစွာငိုကြသည်။

စတုရမ္မမင်းသည် ကျယ်လောင်သော ငိုသံကိုကြားသဖြင့် မိဖုရားခေါင်အား မေးမြန်းရာ မိဖုရားလေးများသည် စုန်းမများ ဖြစ်ကြသဖြင့် သူတို့အချင်းချင်း မျက်လုံး ဖောက်စား ကြသည်ဟု ဖြေကြားသည်။ စတုရမ္မမင်းသည် မိဖုရားခေါင်၏ ဂုံးချောစကားကိုကြားရသောအခါ ထိုစကားကို

ယုံကြည်ပြီး လွန်စွာထိတ်လန့်ခြောက်ခြားသွားသဖြင့် မနက်လင်းသည်နှင့် ဒေဝီ(၁၂)ပါးကို တောကြီးတစ်နေရာသို့ ပို့ဆောင်စွန့်ပစ်ရန် အစေအပါးများ ကိုစေ ခိုင်းလေသည်။

စွန့်ပစ်ခြင်းခံရသဖြင့်ဒေဝီ(၁၂)ပါးသည် တောတွင်းတစ်နေရာရှိ ဂူတစ်လုံးတွင်နေထိုင်ခဲ့ကြရသည်။ စတုရမ္မမင်းနှင့်ရရှိသော ကိုယ်ဝန် တစ်ဖြေးဖြေးရင့်မာလာရာအချိန်တန်သောအခါ ဒေဝီ(၁၂)ပါး ရှေ့ဆင့် နောက်ဆင့်ခလေးမျက်နှာမြင်ကြသည်။ခလေးများအဖတ်မတင်သော်လည်း အထွေးဆုံးဒေဝီလေး၏ ခလေးသာ အသက်ရှင်ခဲ့သည်။ အထွေးဆုံး ဒေဝီ၏ ပြုစုစောင့်ရှောက်မှုဖြင့်သားတော်လေး တစ်နေ့တစ်ခြား

ကြီးပြင်းလာပြီး မယ်တော်နှင့်အတူ သစ်သီးသစ်ဖု များကို ရှာဖွေ၍ ကြီးဒေါ် (၁၁) ဖော်အား ကျွေးမွေးခဲ့သည်။ ရှာဖွေရရှိလာသော သစ်သီးသစ်ဖု များကို ဂူဝတွင် အတူတကွ ပျော်ရွှင်စွာ နေ့စဉ်စား သောက်ကြသည်။ လိမ္မာရေးခြားရှိသော သားတော်ဖြစ် သဖြင့်မိခင်ကို ကူညီလုပ်ကိုင်ပေးပြီး အားလပ်ချိန်တွင်မြို့ တွင်းသို့သွား၍ ဒိုးပစ်ကစား လေ့ရှိသည်။

ဒိုးပစ်ရာတွင် သားတော်ကို မည်သူမျှ အနိုင်မကစားနိုင်။ လောင်းကြေးထပ် ကစား၍ နိုင်သောအခါ ရွှေစငွေစကိုမယူ ၊ထမင်းဟင်း (၁၂)ထုပ် ကိုသာယူလေ့ရှိသဖြင့် သားတော်သည် ဒေဝီ (၁၂) ပါး၏ ရင်သွးဖြစ် ကြောင်း ဘီလူးမ ရိပ်မိသိရှိ သွားတော့သည်။ သားတော်သည် ဒေဝီ(၁၂)ပါးတို့၏

သားဖြစ်ကြောင်း သိရှိသွားသဖြင့် ဘီလူးမမိဖုရားခေါင်သည်သားတော်ကိုသတ်ရန် နည်းလမ်းရှာတော့ သည်။ တနေ့သောအခါ ဘီလူးမသည် သားတော်ကိုခေါ်ယူပြီး ယက္ခပူရပြည်သို့ စာတစ်စောင် ပို့ရန် တာ ဝန်ပေးသည်။ တာဝန်ကို ဆောင်ရွက်၍ တိုင်း ပြည်သို့ပြန်ရောက်လာလျှင်သူကောင်းပြု မည်။တာဝန်ကိုထမ်းဆောင်ရန် ငြင်းဆန်လျှင်

ကြီးလေးသော အပြစ်ဒဏ်ပေးမည် ဟုဆိုသဖြင့်သားတော်လည်း ငြင်းဆန်ရန် မဝံ့တော့သဖြင့် စာချွန်ကိုယူပြီး ချက်ခြင်းပင် မြင်းစီး၍ ခရီးနင်တော့သည်။ တောတောင် လျိုမြောင်အသွယ်သွယ် ဖြတ်သန်းပြီး ခရီးနင်ခဲ့ရာ မိုးချုပ်သွားသဖြင့် တောအုပ်တစ်နေရာ ရှိ ရသေ့တပါး၏ ကျောင်းသင်္ခန်းတွင်

တစ်ညတာအိပ်စက်နားခိုရန် ရှင်ရသေ့ထံ ခွင့်တောင်း သည် မင်းသားလေး မောမောပန်းပန်းနှင့်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်တွင် ရသေ့သည် မင်းသား၏ ပုံပန်းကို အကဲခပ်၍ ဘုန်းကံကြီးမည့်သူဖြစ်မည်ဟုကောက်ချက်ချ ကာ မင်းသားလေး ယူဆောင်လာသော စာကိုဖတ်ကြည့်ရာ

`အမေ့သမီး ဤသူငယ်လေး ညအချိန် ရောက်လျှင် မနက်စာ အဖြစ် သုံးဆောင်လိုက်ပါ၊ မနက်ရောက်လျှင် ညစာအဖြစ် သုံးဆောင်လိုက်ပါ´ ဟုရေးထားသည် ကိုတွေ့ရသည်။

ရှင်ရသေ့သည် မင်းသားလေး ကိုသနားသဖြင့် အမေ့သမီး ဤသူငယ်လေး ညအချိန် ရောက်လျှင် နံနက်အချိန် မင်္ဂလာဆောင်နှင်းပါ၊ နံနက်ရောက်လျှင် ညမင်္ဂလာ ဆောင်ပါ´ဟုပြင်ရေးလိုက်သည်။

မင်းသားသည် နံနက်မိုးလင်းသည်နှင့် ခရီးဆက်ရာ ယက္ခပူရ တိုင်းပြည်သို့ ဆိုက်မြိုက်စွာ ရောက်ရှိသွားသည်။ မိဖုရားခေါင် ဘီလူးမကြီး ပါးလိုက်သောစာချွန်လွှာကို ပေးအပ်ရာ ဘီလူးမသမီးဖတ်ရှုပြီး ဝမ်းသာစွာဖြင့် မင်းသားလေးကို ကြိုဆိုလျှက် ချက်ခြင်းပင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပ တော့သည်။

အတူနေထိုင် ပေါင်းသင်းသည့် ကာလကြာလာသည် နှင့်အမျှ ဘီလူးမင်းသမီး သည်မင်းသားလေး အပေါ်ယုံကြည်မှု ရှိလာသည်။ တနေ့သောအခါ ဘီလူးမင်း သမီးသည် မင်းသားလေးအား ဂေဟာအတွင်းရှိ ပစ္စည်း ပစ္စယများကို လိုက်လံပြသရာ

အသက် ဇီဝိန်စောင်း ဆေးရည်စိမ်ထား သောမျက် လုံး(၂၃)လုံး စသည်တို့ တွေ့ရသည်။ တဖန်ဥယျာဉ်တော် အတွင်း မီးဂမုံး၊ ရေဂမုံး ၊ရွှံ့ဂမုံး၊ သီတာရေစင် စသည်တို့ကို တွေ့ရှိပြီး စိတ်တွင် မှတ်သားထားသည်။
တနေ့တွင် မင်းသားသည်

ပရိယာယ်သုံးပြီး ဇီဝိန်စောင်း၊ မျက်လုံး သီတာရေစင်နှင့် ဂမုံးရွက်များကို ယူဆောင်လျှက် မဟာနာဂရ ပြည်ရှိရာ အရပ်သို့ထွက်ပြေးသည်။ ဘီလူးမင်းသမီးနှင့် နောက်လိုက် နောက်ပါများ မင်းသားလေးနောက် သို့ထပ်ချပ်မခွာ လိုက်နိုင်သော်လည်း မင်းသားလေး ပစ်ပေါက်သော ရေဂမုန်း ရွှံ့ဂမုံး အဟန့်အတားကိုသာ ဘီလူးများ

ခက်ခဲစွာ ကျော်ဖြတ်နိုင်ပြီး မီးဂမုံးကြောင့် ဖြစ်ပေါ်သော ထုထည်ကြီး မားသော မီးတောက်မီးလျှံကိုမူ ကျော်ဖြတ်ရန် မစွမ်းဆောင်နိုင် တော့သဖြင့် ဘီလူးမင်းသမီး သည် စိတ်ထိခိုက်၍ ငိုကြွေးမြည်တမ်းလျှက် ရင်ကွဲနာကျ သေဆုံးသွား ရှာသည်။

မင်းသားသည် မဟာနာဂရ တိုင်းပြည်သို့ ပြန်ရောက်သွားသောအခါ ဦးစွာ မိခင်နှင့် ကြီးဒေါ်များ နေထိုင်ရာဂူသို့ သွားရောက်ပြီး မိခင်နှင့်ကြီးဒေါ်တို့၏ မျက် လုံးများကို ပြန်လည်တပ်ဆင် ပေးကာ သီတာရေစင်ဖြင့် ပက်ဖြန်းပေးလိုက်သည်။

မျက်စိများ အကောင်းပကတိအတိုင်း အလင်းရကြ၍ မိခင်နှင့်ကြီးဒေါ်များ ဝမ်းသာကြသဖြင့် ပျော်ရွှင်ရယ် မောသံများ တစ်ဂူလုံးဆူညံသွားပြီး မင်းသားအတွက်လည်းဂုဏ်ယူကြသည်။ နောက်တစ်နေ့ ကူးသောအ ခါ မင်းသားသည် အသက်ဇီဝိန်စောင်းကိုပိုက်၍

နန်းတော်သို့ သွားရောက်ကာ မိဖုရားခေါင်က စာချွန်လွှာ ပို့ခိုင်းသည်မှ အစပြု၍ ဖြစ်ကြောင်းကုန်စင်ကို စတုရမ္မမင်းထံ သံတော်ဦးတင်သည်။ ထို့နောက်တွင် အသက် ဇီဝိန်စောင်းကြိုးကို လျှော့ပြရာ မိဖုရားခေါင် ဘီလူးမ၏ ရုပ်ရည်သည် မယုံနိုင်စရာ အိုမင်းရင့်ယော်ပြီး အစွယ်ငွားငွားနှင့် ဘီလူးမ ရုပ်သွင်သို့ ပြောင်း သွားသည်။

အသက်ဇီဝိန် စောင်းကြိုး ပြန်လည်တင်းရာ ငယ်ရွယ်နုပျို လှပသော အမျိုးသမီး ရုပ်သွင်သို့ ပြောင်းလဲသွား ပြန်သည်။ စောင်းကြိုးကို တင်းသည်ထက် တင်းအောင် တင်းလိုက်သောအခါ အစွယ်ငွားငွား နှင့်ကြီးမားသော ဘီလူးမခန္ဓာကိုယ် အသွင်ပြောင်းသွားသည်။ပြတ်သည်အထိ စောင်းကြိုး

ကိုတင်းလိုက်သောအခါ ဘီလူးမသည် လဲကျသေဆုံးသွားသည်။ထိုအဖြစ်အပျက်ကို တွေ့မြင်ရသော မင်း မှုထမ်းများနှင့် တိုင်းသူပြည်သားများ အဖြစ်မှန်ကိုသိရှိကြပြီး အံ့သြထိတ်လန့် သွားကြပါသည်။ စတုရမ္မမင်းက မင်းသားလေးသည် မိမိ၏သားတော်ဖြစ်ကြောင်း သိရှိရပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ချက်ခြင်းပင် အိမ်ရှေ့မင်းအရာ အပ်နှင်းပေးလိုက်သည်။

တဖန်လး ဂူတစ်လုံးတွင် စံမြန်းနေသောဒေဝီ(၁၂)ပါးကိုလည်း နန်းတော်အတွင်းသို့ ပြန်လည်ကြိုဆို ခေါ်ယူပြီး မိဖုရားအရာနှင့် အဆောင်အယောင် များပြန် လည် ပေးအပ်တော့သည်။ ထိုအချိန်မှစ၍ ဒေဝီ(၁၂) ပါးနှင့် မင်းသားလေးတို့ နန်းတော်တွင် ပျော်ရွှင်စွာနေထိုင် သွားကြပါသည်။

ဘီလူးမ၏ ခန္ဓာကိုယ်က အလွန်ကြီးမား လှသဖြင့်အပိုင်းပိုင်း ခုတ်ဖြတ်ကာ လှည်းဖြင့်တင်ဆောင်၍ မြို့ပြင်သို့ သွားရောက် စွန့်ပစ်သည်။ စွန့်ပစ်ရာလမ်းတစ် နေရာရှိ တောင်ကုန်း တစ်ခုတွင် ဘီလူးမ၏ အသားတုံး အချို့ဖိတ်ကျသဖြင့် ထိုနေရာကို (လွိုင်ဟေ)ဟုခေါ်ပြီး ကာလကြာသော် (လွိုင်ဝေ=လွိုင်မြေ) ဖြစ်လာသည်။

ဘီလူးမသွေး စီးကျ၍ ဖြစ်ပေါ်လာသော အင်း=နောင်ချောဝ်း၊ ကာလကြာသော် (နောင်ကျောဝ်း=နောင်ကျော့) ဖြစ်လာသည်။ ဘီလူးမအရိုး အသားသွေး စိမ်သောတောင်နှင့် အင်းကို (လွိုင်စယ်တောင်၊ လွိုင်စယ်အင်း)ဟုခေါ်သည်။ စာချွန်လွှာ ပြင်ဆင်ရေးသားသော တောင်ကုန်း (လွိုင်မဲတဲမ်)ကြာသော်(လွိုင်မြိုင်းတဲမ်)။

ဒေဝီ(၁၂)ပါးထဲမှ အထွေးဆုံး ဒေဝီမိဖုရားသည် သား စဉ်မြေးဆက် အသက်ရှည်ခဲ့သဖြင့် ယင်းမိဖုရားကို အကြောင်းပြု၍ (မိန်းနိုင်း)၊ မြန်မာအသံထွက် (မိုးနဲ) ဖြစ်သည်။ မိုးနဲမိဘုရားတွင် ရှိသောဒေဝီ (၁၂)ပါးလက်စွပ်ဖြစ်လေသတည်း Crd #စစ်သွေ

Tags: