လူချင်းတူပေမယ့် အသက်ရှင်ပုံ ချင်းကွဲပြားကြတယ် စာသင်ကျောင်းမှာ Quarantine ဝင်နေရတဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်လေးရဲ့ လေးစားစရာလုပ်ရပ်
စာသင်ကျောင်းမှာ Quarantine ဝင်နေရတဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်လေးရဲ့ လေးစားစရာလုပ်ရပ်
ယခု သတင်းကို ( မောင်မောင် ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်
လေးစားထိုက်သူ ဒီလူငယ်လေးရဲ့ အသက်က (၂၃) နှစ် (၂၆-၅-၂၀၂၀) ရက်နေ့က ထိုင်းကပြန်လာတာ။ အောင်ချမ်းသာ ရပ်ကွက်က လူငယ်လေးပါ။
အောင်ချမ်းသာ လခွဲ (၂) မှာ FQ ဝင်နေတာပါ။သူတစ်ယောက် တည်းပါ။ ကျောင်းတွေကလည်း ဖွင့်တော့မယ်ဆိုတော့ ကလေးတွေရဲ့ စာသင်ခုံတွေက ယိုင်နဲ့ ကျိုးပျက်နေကြတာ။
ကျောင်းဖွင့်ရင် ကလေးတွေ အတွက် စာသင်ခုံတွေက မလုံလောက်တော့ဘူး။ သူ့အတွက် အားလပ်နေတဲ့ အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချလိုက်တာ။
ကျောင်းဖွင့်ရင် ကျောင်းပြန်တက် ကြတော့မည့် ညီငယ် ညီမငယ်လေး တွေအတွက် စာရေးခုံတွေ ပြန် လည်ပြုပြင် ပေးနေတာ။
ကလေး (၄၅) ယောက် အသုံးပြုနိင် မည့်စာရေးခုံများ ကို FQ ဝင်ရောက်နေတဲ့ကာလအတွင်း ပြု ပြင်ဆောင် ရွက်ပေးခဲ့ပါတယ်။
ဒီလိုလူငယ်လေးတွေကျနော်တို့မြို့မှာ အများကြီး ပေါ်ထွန်းလာဖို့ အမှန်တကယ် လိုအပ်နေပါပြီ။ သ တင်း /ဓာတ်ပုံ – မောင်မောင်(ဆီဆိုင်)
Tags:
Add a Comment
Your email address will not be published. Required fields are marked *