လူနာအမွတ္ (၂၄၉)ကို ရင္ခြဲ႐ုံနားမွာ တေယာက္ထဲ ထားတယ္ ဆိုတဲ့ကိစၥနဲ႕ ပတ္သတ္ၿပီး တာဝန္ခံ ဆ ရာဝန္က ဒဲ့ျပန္ရွင္းလိုက္ၿပီ

လူနာအမွတ္ (၂၄၉) ကို ရင္ခြဲ႐ုံနားမွာ တေယာက္ထဲ ထားတယ္ ဆိုတဲ့ကိစၥကို တာဝန္ခံ ဆရာဝန္ ဒဲ့ျပန္ရွင္းလိုက္ၿပီ

ကိုဗစ္လူနာ အမွတ္ (၂၄၉) ကို ဗန္းေမာ္ ေဆး႐ုံက ရင္ခြဲ႐ုံနားမွာ တေယာက္ထဲ သီးျခားခြဲထား တယ္ဆိုတဲ့ သတင္းအေပၚ တာဝန္ခံ ဆရာဝန္ကိုယ္တိုင္ ဒဲ့ရွင္းတဲ့ အေၾကာင္းအရာကို ေဖာ္ျပလိုက္ပါတယ္-

(မူလသတင္း)မွာ လူနာအမွတ္စဥ္-၂၄၉၊ ကိုယ္ဝန္ ေဆာင္ သားဖြားဆရာမအား ဗန္းေမာ္ေဆး႐ုံႀကီး၏ ရင္ခြဲ႐ုံနားမွ အေဆာင္တြင္ သီးသန႔္ခြဲထားၿပီး ေဆး ကုသေပးေနသည္ဟု သိရပါသည္။ ထိုေနရာသည္ ညဘက္မဆိုႏွင့္ ေန႕ဘက္တြင္ပင္ ေျခာက္ျခားစရာ၊ ေက်ာခ်မ္းစရာ ေကာင္းလွသည္ဟု သိရပါသည္။

ျပည္ေတာ္ျပန္မ်ားကို နယ္စပ္မွ ေစာင့္၍ ေရာဂါစစ္ ေဆးေပးရင္း ကူစက္ခံရရွာ သည့္ က်န္းမာေရးဝန္ထမ္း အမ်ိဳးသမီးတစ္ဦးကို ထိုေနရာမွေန၍ ဤ ကူးစက္ ေရာဂါဆိုးႀကီးကို ရင္ဆိုင္‌ေစသည္မွာ မသင့္ေတာ္ဟု ထင္ျမင္မိပါသည္။ (Thein Naing Htun)

တာဝန္ခံ ဆရာဝန္ကေတာ့- ဗန္းေမာ္သူ /သားမ်ားခင္ဗ်ား အခုေဆး႐ုံမွာ တက္ေရာက္ ကုသေနတဲ့ ပိုးေတြ႕သူ (လူနာလို႔ မေခၚခ်င္လို႔ ပါေနာ္ တစ္ကယ္ကိုက်န္းမာၿပီး စိတ္ဓာတ္ခိုင္မာတဲ့ ညီမေလးပါ ခုလဲ႐ႊင္႐ႊင္ လန္းလန္းပါပဲ) ဟာ ကြၽန္ေတာ္တို႔ အလုပ္အကိုင္တူ ညီအစ္ကို ေမာင္ႏွမေတြပါ။

ကြၽန္ေတာ္တို႔ ဝန္ထမ္းထဲက ျဖစ္တာပါ အဲ့ဒီေတာ့ လူလူခ်င္းအေနနဲ႕ လူနာအေနနဲ႕ မိမိဝန္ထမ္း လုပ္ေဖာ္ကို င္ဖက္ ညီအစ္ကိုေမာင္ႏွမ အေနနဲ႕ ကြၽန္ေတာ္တို႔ ပိုၿပီးဂ႐ုစိုက္ ေပးပါတယ္ (အျခားသူမ်ားကို ဂ႐ုမစိုက္ဟု မဆိုလိုပါ ဝန္ထမ္းေမာင္ႏွမ ဆိုေတာ့ ပိုဂ႐ုစိုက္ မိတာေျပာခ်င္တာပါ)

ဒီဗန္းေမာ္ ေဆး႐ုံမွာ ထားဖို႔ကိစၥက ေနျပည္ေတာ္က ဆုံးျဖတ္ေပး တာပါ။ မနက္ အေစာႀကီး ကတည္းက (၃) ႀကိမ္တိုင္ပင္ ျငင္းၾကၿပီးမွ ပိုသင့္ေတာ္တဲ့ ေနရာမွာ ထားတာပါ (တစ္ဖက္က ၾကည့္ရင္ ဗန္းေမာ္ၿမိဳ႕အေနနဲ႕ ေဆး႐ုံအေနနဲ႕ ဂုဏ္ယူလို႔ ေတာင္ရပါတယ္ ငါတို႔ လုပ္ေပးနိုင္တယ္ ဆိုၿပီးေတာ့ေပါ့)။

ဒီအတြက္ ကြၽန္ေတာ္တို႔ အစစအရာရာ စနစ္တက် စီစဥ္ရပါတယ္ ဘာမဆိုလက္လြတ္ စပါယ္မလုပ္ပါ။ (မေန႕ကဆို တစ္ညေနလုံး ဌာနတိုင္းရဲ႕ ေခါင္းေဆာင္ေတြနဲ႕ ေဆြးေႏြးရ ပါတယ္) လာတက္တဲ့ ဆရာမအ တြက္ တစ္ျခား မေျပာနဲ႕

သြားပြတ္တံ သြားတိုက္ေဆး ၊တစ္ဘက္၊ေစာင္၊ ျခင္ ေထာင္ ေခါင္းဦးကစလို႔ အေသးစိတ္ လိုေလေသးမရွိ စီစဥ္ထား ေပးပါတယ္ (စားစရာပါ ေကြၽးေသးတာ လႉခ်င္သူမ်ား ရွိရင္လဲ ဖိတ္ေခၚပါတယ္)

အဲ့ဒီအေဆာင္က Isolation သီးသန႔္ ျပင္ထားတဲ့အ ေဆာင္ပါ ဒါေၾကာင့္ ေရ မီး WiFi, CCTV ကအစတပ္ၿပီး PPE ဝတ္နိုင္ ခြၽတ္နိုင္ေအာင္ ၿပီးရင္ဆရာ/မေတြပါ ေရခ်ိဳးျပန္လို႔ ရေအာင္ လုပ္ေပးရပါတယ္။ အဝတ္ေလွ်ာ္စက္ ပါထားထား ေပးရပါတယ္။

ဒါမွ ဝန္ထမ္းေတြလဲ အိမ္ကို စိတ္သန႔္သန႔္နဲ႕ ျပန္နိုင္မွာပါ (ၿပီးေတာ့ သူတို႔ေနဖို႔ အေဆာင္ သတ္သတ္ စီစဥ္ထား ေပးရပါတယ္) ဒီ COVID-19 နဲ႕ပါတ္သက္ၿပီး သုံးထားရ တဲ့အေဆာင္ (၃) လုံးရွိပါတယ္

အားလုံး သူ႕ ဆိုင္ရာ ဆိုင္ရာ မွာပဲ သူနဲ႕သက္ဆိုင္တဲ့လူနာေတြကို ထားရ ၾကည့္ရပါတယ္ (လူမ်ားတဲ့ေနရာဆိုသူမ်ားကိုကူးစက္လြယ္တဲ့အတြက္ ပိုဂ႐ုစိုက္ေ႐ြးရပါတယ္) ခုတက္ေနတဲ့ ဆရာမေကာ အျခားသူေတြေကာ ဘယ္သူ႕ကိုမွ ပစ္မထားပါဘူး

အခုလဲ ကိုဗစ္နဲ႕ ပတ္သက္တဲ့ အျခားလူနာ ေတြရွိေသး တာပါပဲ အားလုံးသက္ဆိုင္ရာ အေဆာင္ေတြမွာ သက္ ဆိုင္ရာ ဆရာဝန္ ဆရာမ technicians အလုပ္သမားေတြ အားလုံးရွိၾကပါတယ္ ဘယ္သူ႕ကိုမွ ပစ္မထား (တစ္ေယာက္ထဲလဲ မထားပါ) ဘူး ဒီၾကားထဲ CCTV က ေနလဲ အခ်ိန္ျပည့္ ၾကည့္ေပးေန ၾကတာပါ၊

ဒီေတာ့ ေျပာခ်င္တာက စိတ္ေအးေအး ထားၿပီးေစာင့္ၾကည့္ အားေပး ေပးၾကပါ (ဆရာမအတြက္ စိတ္ပူေပးတာကို အရမ္းကို ေက်းဇူးတင္ပါတယ္။ ဂုဏ္လဲယူပါတယ္ ၿမိဳ႕သူ/သားေတြရဲ႕ ျမင့္ျမတ္တဲ့ စိတ္ထားေတြအတြက္ ကြၽန္ေတာ္တို႔ လုပ္ရတာ ပိုအားတက္ရပါတယ္) အဓိက ကေတာ့ မိမိကိုယ္တိုင္ လုပ္စရာ ရွိတာ လုပ္ေပးျခင္းနဲ႕ ကူညီေပးၾကပါ။

မတ္စ္တပ္ လက္ေဆး ေဝါင္ေဝါင္ေရွး မေႏွးေနပါ ေျခာက္ေပကြာ ဧည့္သည္ မွန္သမွ် တုတ္ထိုးခ် ဧကစာရီ အားေပးသည္” ဆိုတာမ်ိဳး ေလးနဲ႕ ဆက္လက္ေနေပးၾကေစ လိုပါေၾကာင္း ေစတနာေရွ႕ ထားရ်္ တိုက္တြန္း ႏွိုးေဆာ္ အပ္ပါသည္။ ေမတၱာျဖင့္ – ေဒါက္တာမင္းေဇာ္ေအး

(ထိေတြ႕ သူမ်ားကိုလဲ သက္ဆိုင္ရာ ဌာနမ်ားႏွင့္ ပူး ေပါင္းၿပီး ဝိုင္းဝန္းရွာေဖြ ေဖာ္ထုတ္ေနၿပီ ျဖစ္ေၾကာင္း ထပ္ေလာင္း အသိေပးအပ္ပါသည္) ထပ္ဆင့္ၿပီးအ လႉရွင္မ်ားလဲ ဖိတ္ေခၚပါတယ္…။

(Unicode version) လူနာအမှတ် (၂၄၉) ကို ရင်ခွဲရုံနားမှာ တယောက်ထဲ ထားတယ် ဆိုတဲ့ကိစ္စကို တာဝန်ခံ ဆရာဝန် ဒဲ့ပြန်ရှင်းလိုက်ပြီ

ကိုဗစ်လူနာ အမှတ် (၂၄၉) ကို ဗန်းမော် ဆေးရုံက ရင်ခွဲရုံနားမှာ တယောက်ထဲ သီးခြားခွဲထား တယ်ဆိုတဲ့ သတင်းအပေါ် တာဝန်ခံ ဆရာဝန်ကိုယ်တိုင် ဒဲ့ရှင်းတဲ့ အကြောင်းအရာကို ဖော်ပြလိုက်ပါတယ်-

(မူလသတင်း)မှာ လူနာအမှတ်စဉ်-၂၄၉၊ ကိုယ် ဝန်ဆောင် သားဖွားဆရာမအား ဗန်းမော်ဆေးရုံကြီး၏ ရင်ခွဲရုံနားမှ အဆောင်တွင် သီးသန့်ခွဲထားပြီး ဆေးကုသပေးနေသည်ဟု သိရပါသည်။ ထိုနေရာသည် ညဘက်မဆိုနှင့် နေ့ဘက်တွင်ပင် ခြောက်ခြားစရာ၊ ကျောချမ်းစရာ ကောင်းလှသည်ဟု သိရပါသည်။

ပြည်တော်ပြန်များကို နယ်စပ်မှ စောင့်၍ ရောဂါစစ် ဆေးပေးရင်း ကူစက်ခံရရှာ သည့် ကျန်းမာ ရေးဝန်ထမ်း အမျိုးသမီးတစ်ဦးကို ထိုနေရာမှနေ၍ ဤ ကူးစက် ရောဂါဆိုးကြီးကို ရင်ဆိုင် ‌စေသည်မှာ မသင့်တော်ဟု ထင်မြင်မိပါသည်။ (Thein Naing Htun)

တာဝန်ခံ ဆရာဝန်ကတော့- ဗန်းမော်သူ /သားများခင်ဗျား အခုဆေးရုံမှာ တက်ရောက် ကုသနေတဲ့ ပိုးတွေ့သူ (လူနာလို့ မခေါ်ချင်လို့ ပါနော် တစ်ကယ်ကိုကျန်းမာပြီး စိတ်ဓာတ်ခိုင်မာတဲ့ ညီမလေးပါ ခုလဲရွှင်ရွှင် လန်းလန်းပါပဲ) ဟာ ကျွန်တော်တို့ အလုပ်အကိုင်တူ ညီအစ်ကို မောင်နှမတွေပါ။

ကျွန်တော်တို့ ဝန်ထမ်းထဲက ဖြစ်တာပါ အဲ့ဒီတော့ လူလူချင်းအနေနဲ့ လူနာအနေနဲ့ မိမိဝန်ထမ်း လုပ်ဖော်ကို င်ဖက် ညီအစ်ကို မောင်နှမ အနေနဲ့ ကျွန် တော်တို့ ပိုပြီးဂရုစိုက် ပေးပါတယ် (အခြားသူမျာ းကို ဂရုမစိုက်ဟု မဆိုလိုပါ ဝန်ထမ်းမောင်နှမ ဆိုတော့ ပိုဂရုစိုက် မိတာပြောချင်တာပါ)

ဒီဗန်းမော် ဆေးရုံမှာ ထားဖို့ကိစ္စက နေပြည်တော်က ဆုံးဖြတ်ပေး တာပါ။ မနက် အစောကြီး က တည်းက (၃) ကြိမ်တိုင်ပင် ငြင်းကြပြီးမှ ပိုသင့် တော်တဲ့ နေရာမှာ ထားတာပါ (တစ်ဖက်ကကြည့် ရင် ဗန်းမော်မြို့အနေနဲ့ ဆေးရုံအနေနဲ့ ဂုဏ်ယူလို့ တောင်ရပါတယ် ငါတို့ လုပ်ပေးနိုင်တယ် ဆိုပြီးတော့ပေါ့)။

ဒီအတွက် ကျွန်တော်တို့ အစစအရာရာ စနစ်တ ကျ စီစဉ်ရပါတယ် ဘာမဆိုလက်လွတ် စပါယ်မလုပ်ပါ။ (မနေ့ကဆို တစ်ညနေလုံး ဌာနတိုင်းရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရ ပါတယ်) လာတက်တဲ့ ဆရာမအ တွက် တစ်ခြား မပြောနဲ့

သွားပွတ်တံ သွားတိုက်ဆေး ၊တစ်ဘက်၊စောင်၊ ခြင် ထောင် ခေါင်းဦးကစလို့ အသေးစိတ် လိုလေသေးမရှိ စီစဉ်ထား ပေးပါတယ် (စားစရာပါ ကျွေးသေးတာ လှူချင်သူများ ရှိရင်လဲ ဖိတ်ခေါ်ပါတယ်)

အဲ့ဒီအဆောင်က Isolation သီးသန့် ပြင်ထားတဲ့အ ဆောင်ပါ ဒါကြောင့် ရေ မီး WiFi, CCTV ကအစတပ်ပြီး PPE ဝတ်နိုင် ချွတ်နိုင်အောင် ပြီးရင်ဆရာ/မတွေပါ ရေချိုးပြန်လို့ ရအောင် လုပ်ပေးရပါတယ်။ အဝတ်လျှော်စက် ပါထားထား ပေးရပါတယ်။

ဒါမှ ဝန်ထမ်းတွေလဲ အိမ်ကို စိတ်သန့်သန့်နဲ့ ပြန်နိုင်မှာပါ (ပြီးတော့ သူတို့နေဖို့ အဆောင် သတ် သတ် စီစဉ်ထား ပေးရပါတယ်) ဒီ COVID-19 နဲ့ပါတ်သက်ပြီး သုံးထားရ တဲ့အဆောင် (၃) လုံးရှိပါတယ်

အားလုံး သူ့ ဆိုင်ရာ ဆိုင်ရာ မှာပဲ သူနဲ့သက်ဆိုင်တဲ့လူနာတွေကို ထားရ ကြည့်ရပါတယ် (လူများတဲ့နေရာဆိုသူများကိုကူးစက်လွယ်တဲ့အတွက် ပိုဂရုစိုက်ရွေးရပါတယ်) ခုတက်နေတဲ့ ဆရာမကော အခြားသူတွေကော ဘယ်သူ့ကိုမှ ပစ်မထားပါဘူး

အခုလဲ ကိုဗစ်နဲ့ ပတ်သက်တဲ့ အခြားလူနာ တွေရှိသေး တာပါပဲ အားလုံးသက်ဆိုင်ရာ အဆောင်တွေမှာ သက် ဆိုင်ရာ ဆရာဝန် ဆရာမ technicians အလုပ်သမားတွေ အားလုံးရှိကြပါတယ် ဘယ်သူ့ကိုမှ ပစ်မထား (တစ်ယောက်ထဲလဲ မထားပါ) ဘူး ဒီကြားထဲ CCTV က နေလဲ အချိန်ပြည့် ကြည့်ပေးနေ ကြတာပါ၊

ဒီတော့ ပြောချင်တာက စိတ်အေးအေး ထားပြီးစောင့်ကြည့် အားပေး ပေးကြပါ (ဆရာမအတွက် စိတ်ပူပေးတာကို အရမ်းကို ကျေးဇူးတင်ပါတယ်။ ဂုဏ်လဲယူပါတယ် မြို့သူ/သားတွေရဲ့ မြင့်မြတ်တဲ့ စိတ်ထားတွေအတွက် ကျွန်တော်တို့ လုပ်ရတာ ပိုအားတက်ရပါတယ်) အဓိက ကတော့ မိမိကိုယ်တိုင် လုပ်စရာ ရှိတာ လုပ်ပေးခြင်းနဲ့ ကူညီပေးကြပါ။

မတ်စ်တပ် လက်ဆေး ဝေါင်ဝေါင်ရှေး မနှေးနေပါ ခြောက်ပေကွာ ဧည့်သည် မှန်သမျှ တုတ်ထိုးချ ဧကစာရီ အားပေးသည်” ဆိုတာမျိုး လေးနဲ့ ဆက်လက်နေပေးကြစေ လိုပါကြောင်း စေတနာရှေ့ ထားရျ် တိုက်တွန်း နှိုးဆော် အပ်ပါသည်။မေတ္တာဖြင့် – ဒေါက်တာမင်းဇော်အေး

(ထိတွေ့ သူများကိုလဲ သက်ဆိုင်ရာ ဌာနများနှင့် ပူး ပေါင်းပြီး ဝိုင်းဝန်းရှာဖွေ ဖော်ထုတ်နေပြီ ဖြစ်ကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်) ထပ်ဆင့်ပြီးအ လှူရှင်များလဲ ဖိတ်ခေါ်ပါတယ်…။

Tags:

Add a Comment

Your email address will not be published. Required fields are marked *