ကေမာၻဇရဲ႕ နာယကႀကီး နိုင္ငံေရး ေလာကထဲကို ဝင္ေရာက္ေတာ့မည္” ဆိုျခင္းအေပၚ နိုင္ငံေရး မလုပ္ဘဲ ထာဝရ အရပ္သားမိသားစု အျဖစ္နဲ႕ ေနသြားမယ္ဟု တုံ႕ျပန္ေျပာဆိုထား

ကေမာၻဇရဲ႕ နာယကႀကီး နိုင္ငံေရး ေလာကထဲကို ဝင္ေရာက္ေတာ့မည္” ဆိုျခင္းအေပၚ နိုင္ငံေရး မလုပ္ဘဲ ထာဝရ အရပ္သားမိသားစု အျဖစ္နဲ႕ ေနသြားမယ္ဟု တုံ႕ျပန္ေျပာဆိုထား

ဆိုရွယ္ မီဒီယာေပၚတြင္ ျပန႔္ႏွံ႕ေနေသာ KBZ Group နာယကႀကီး ဦးေအာင္ကိုဝင္း နိုင္ငံေရး ေလာက ဝင္ေရာက္ေတာ့ မည္ဆိုေသာ သတင္းႏွင့္ ပတ္သက္၍ လုံးဝ မဟုတ္မွန္ေၾကာင္း

KBZ Group ၏ အႀကီးတန္း မန္းေနးဂ်င္းဒါရိုက္တာ ဦးညိုျမင့္က ေျပာၾကားခဲ့သည္။ ဦးညိုျမင့္က “နာယ က ႀကီးတို႔ လႉဒါန္းေနတာဟာ နိုင္ငံေတာ္နဲ႕ ျပည္သူေတြအတြက္ လိုအပ္တဲ့အခ်ိန္မွာ

စိတ္ရင္း အမွန္နဲ႕ လႉဒါန္းတာျဖစ္တယ္။ အခုမွ လႉတာလည္း မဟုတ္ဘူး၊ နာဂစ္ကာလ ၂၀ဝ၈ ခုႏွစ္မွာ သားအဖႏွစ္ေယာက္ မိုးထဲေရထဲ သြားၿပီး အိမ္အလုံး (၂၀ဝဝ) စလႉခဲ့တယ္။

၂၀၁၅ ေရႀကီးေတာ့လည္း စစ္ကိုင္းတိုင္း မေကြး တိုင္း ၊ ခ်င္းျပည္နယ္နဲ႕ ရခိုင္ျပည္နယ္တို႔မွာ က်ပ္သိန္း (၄၀ဝဝဝ)ေက်ာ္လႉခဲ့တယ္။ အခုကိုဗစ္ 19 ကပ္ေရာဂါႀကီး ျဖစ္ေတာ့လည္း

က်န္းမာေရးနဲ႕ အားကစား ဝန္ႀကီးဌာနကို က်ပ္သိန္း တစ္ေသာင္းခြဲ စလႉခဲ့တယ္။ အဲဒီအျပင္ တိုင္းနဲ႕ျပည္ နယ္ သုံးခုကိုလည္း ကိုဗစ္ကာလအတြက္ တာဝန္ယူထားတယ္။ အခုအခ်ိန္ထိ

ကိုဗစ္ ကပ္ေရာဂါ အတြက္ ကြၽန္ေတာ္တို႔ ကုမၸဏီက အမ်ားဆုံး အျဖစ္ က်ပ္ (၄.၃)ဘီလီယံ လႉထားတယ္။ ကုမၸဏီတစ္ခုလုံးအေနနဲ႕ ၂၀ဝ၈ ခုႏွစ္ကစၿပီး အခုခ်ိန္ထိ နိုင္ငံသူနိုင္ငံသား ေတြအတြက္

လူမ်ိဳး ဘာသာ မခြဲျခားဘဲ က်ပ္ (၁၆၄) ဘီလီယံေက်ာ္ လႉဒါန္းၿပီးျဖစ္ပါတယ္။ မိသားစု တစ္စုလုံး ဟာ ဥပေဒေဘာင္ အတြင္းက စီးပြားရွာမယ္၊ ျပည္သူျပည္သား တာဝန္ေက်ေအာင္ အခြန္ေဆာင္မယ္၊

အလႉအတန္းလုပ္မယ္၊ မိသားစုတစ္စုလုံး ဘယ္ေတာ့မွ နိုင္ငံေရးမလုပ္ဘဲ ထာဝရ အရပ္သား မိသားစုအ ျဖစ္နဲ႕ ေနသြားမယ္။ ဒါဟာ နာယကႀကီးတို႔မိသားစုရဲ႕ စိတ္ေနသေဘာ ထားပါပဲ။

အခုေမးေနတဲ့ အခ်ိန္မွာလည္း နာယကႀကီးဟာ ရွမ္း ျပည္နယ္လႊတ္ေတာ္ ဥကၠ႒အပါအဝင္ ပါတီေပါင္းစုံက ျပည္နယ္ဝန္ႀကီးေတြ၊ ဌာနဆိုင္ရာေပါင္းစုံေတြနဲ႕ မိုင္းယုမွာ ပရဟိတအလႉ လုပ္ေနပါတယ္။

နာယကႀကီးမွာ သမၼတအဆက္ဆက္က ခ်ီးျမႇင့္ ခဲ့တဲ့ ဘြဲ႕ထူး ဂုဏ္ထူးေတြလည္း ရွိပါတယ္။ နိုင္ငံေရးကေတာ့ ဘယ္ေတာ့မွ လုပ္မွာမဟုတ္ပါဘူး၊ ပရဟိတ သက္သက္ကို သူ႕ရဲ႕ စိတ္ရင္းအမွန္နဲ႕ လုပ္ေနတာျဖစ္ပါတယ္” ဟု ေျပာၾကားသြားသည္။ crd : blacker

(Unicode version) ကမ္ဘောဇရဲ့ နာယကကြီး နိုင်ငံရေး လောကထဲကို ဝင်ရောက်တော့မည်” ဆိုခြင်းအပေါ် နိုင်ငံရေး မလုပ်ဘဲ ထာဝရအရပ် သား မိသားစုအဖြစ်နဲ့ နေသွားမယ်ဟု တုံ့ပြန်ပြောဆိုထား

ဆိုရှယ် မီဒီယာပေါ်တွင် ပြန့်နှံ့နေသော KBZ Group နာယကကြီး ဦးအောင်ကိုဝင်း နိုင်ငံရေး လောက ဝင်ရောက်တော့ မည်ဆိုသော သတင်းနှင့် ပတ်သက်၍ လုံးဝ မဟုတ်မှန်ကြောင်း

KBZ Group ၏ အကြီးတန်း မန်းနေးဂျင်းဒါရိုက်တာ ဦးညိုမြင့်က ပြောကြားခဲ့သည်။ ဦးညိုမြင့်က “နာယ က ကြီးတို့ လှူဒါန်းနေတာဟာ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့အချိန်မှာ

စိတ်ရင်း အမှန်နဲ့ လှူဒါန်းတာဖြစ်တယ်။ အခုမှ လှူတာလည်း မဟုတ်ဘူး၊ နာဂစ်ကာလ ၂၀ဝ၈ ခုနှစ်မှာ သားအဖနှစ်ယောက် မိုးထဲရေထဲ သွားပြီး အိမ်အလုံး (၂၀ဝဝ) စလှူခဲ့တယ်။

၂၀၁၅ ရေကြီးတော့လည်း စစ်ကိုင်းတိုင်း မကွေး တိုင်း ၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ကျပ်သိန်း (၄၀ဝဝဝ)ကျော်လှူခဲ့တယ်။ အခုကိုဗစ် 19 ကပ်ရောဂါကြီး ဖြစ်တော့လည်း

ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို ကျပ်သိန်း တစ်သောင်းခွဲ စလှူခဲ့တယ်။ အဲဒီအပြင် တိုင်းနဲ့ပြည် နယ် သုံးခုကိုလည်း ကိုဗစ်ကာလအတွက် တာဝန်ယူထားတယ်။ အခုအချိန်ထိ

ကိုဗစ် ကပ်ရောဂါ အတွက် ကျွန်တော်တို့ ကုမ္ပဏီက အများဆုံး အဖြစ် ကျပ် (၄.၃)ဘီလီယံ လှူထားတယ်။ ကုမ္ပဏီတစ်ခုလုံးအနေနဲ့ ၂၀ဝ၈ ခုနှစ်ကစပြီး အခုချိန်ထိ နိုင်ငံသူနိုင်ငံသား တွေအတွက်

လူမျိုး ဘာသာ မခွဲခြားဘဲ ကျပ် (၁၆၄) ဘီလီယံကျော် လှူဒါန်းပြီးဖြစ်ပါတယ်။ မိသားစု တစ်စုလုံး ဟာ ဥပဒေဘောင် အတွင်းက စီးပွားရှာမယ်၊ ပြည်သူပြည်သား တာဝန်ကျေအောင် အခွန်ဆောင်မယ်၊

အလှူအတန်းလုပ်မယ်၊ မိသားစုတစ်စုလုံး ဘယ်တော့မှ နိုင်ငံရေးမလုပ်ဘဲ ထာဝရ အရပ်သား မိသားစုအ ဖြစ်နဲ့ နေသွားမယ်။ ဒါဟာ နာယကကြီးတို့မိသားစုရဲ့ စိတ်နေသဘော ထားပါပဲ။

အခုမေးနေတဲ့ အချိန်မှာလည်း နာယကကြီးဟာ ရှမ်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအပါအဝင် ပါတီပေါင်းစုံက ပြည်နယ်ဝန်ကြီးတွေ၊ ဌာနဆိုင်ရာပေါင်းစုံတွေနဲ့ မိုင်းယုမှာ ပရဟိတအလှူ လုပ်နေပါတယ်။

နာယကကြီးမှာ သမ္မတအဆက်ဆက်က ချီးမြှင့် ခဲ့တဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေလည်း ရှိပါတယ်။ နိုင်ငံရေးကတော့ ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး၊ ပရဟိတ သက်သက်ကို သူ့ရဲ့ စိတ်ရင်းအမှန်နဲ့ လုပ်နေတာဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။ crd : blacker

Tags: