လွိုင္သာယာတြင္ ဘုရားမီးပူေဇာ္ ထားသည့္ဖေယာင္း တိုင္မီးမွတဆင့္ ေနအိမ္ မီးေလာင္၍ အမ်ိဳးသမီး ၂ ဦးေသဆုံး

လွိုင္သာယာတြင္ ဘုရားမီးပူေဇာ္ ထားသည့္ဖေယာင္း တိုင္မီးမွတဆင့္ ေနအိမ္ မီးေလာင္၍ အမ်ိဳးသမီး ၂ ဦးေသဆုံး

 

လွိုင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္တြင္ ေနအိမ္မီးေလာင္ရာမွ အမ်ိဳးသမီး ၂ ဦးေသဆုံးမႈ ယေန႕ ဇြန္ ၁၂ ရက္နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ရန္ကုန္းတိုင္း၊ လွိုင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္ ၉ ရပ္ကြက္ မိုးမခလမ္း မ/၉၈(ခ)ေန ဦးေက်ာ္ေဆြ၏ၿခံဝန္းအတြင္းရွိ

သြပ္မိုးအုတ္ညွပ္တစ္ထပ္တိုက္ေနအိမ္တြင္ဘုရား မီးပူေဇာ္ ရန္ ဖေယာင္းတိုင္ထြန္းထားရာမွ ေအာက္ခံအျဖစ္အသုံးျပဳေသာ သစ္သားျပားအားမီးစြဲေလာင္ရာမွ ေနအိမ္ကိုမီးကူးဆက္ ေလာင္းကြၽမ္းခဲ့ ျခင္းျဖစ္ ေၾကာင္း မီးသတ္ဦးစီး ထံမွသိရသည္။

အဆိုပါ မီးေလာင္းရာသို႔ ေျမာက္ပိုင္းခရိုင္မီးသတ္ဦးစီးမႉး ဦးျမင့္ဦးႏွင့္ လွိုင္သာယာ အေရွပိုင္း ၿမိဳ႕နယ္မီးသတ္ ဦးစီးမႉး ဦးစိုးသူတို႔ ေရာက္ရွိၿပီး မီသတ္တပ္ဖြဲ႕ဝင္ ၃၀ ဦးႏွင့္ မီးသတ္ယာဥ္ ၆ စီး၊ ေရသယ္ယာဥ္ ၂ စီး၊အုပ္ခ်ဳပ္မႈယာဥ္ ၁ စီး၊

 

ေ႐ႊလင္ပန္းစက္မႈဇုန္မွ မီးသတ္ယာဥ္ ၁ စီးတို႔ေရာက္ရွိမီးၿငိမ္းသတ္ခဲ့ရာ နံနက္ ၆ နာရီ အခ်ိန္ခန႔္ မီးၿငိမ္းခဲ့ေၾကာင္း သိရသည္။ မီးေလာင္မႈေၾကာင့္ သြပ္မိုးအုတ္ညွပ္ ႏွစ္ထပ္ေနအိမ္မီးေလာင္ပ်က္ဆီးခဲ့ၿပီး ၎ေန အိမ္ ေရခ်ိဳးခန္း အတြင္း၌

ေဒၚလုံး (ခ) ေဒၚၫႊန႔္ၫႊန႔္ရီ (၅၅)ႏွစ္ႏွင့္ မရွင္းသန႔္ (၁၆)ႏွစ္တို႔ ႏွစ္ဦး ေသဆုံးလွ်က္ေတြ႕ရွိရၿပီး ဦးေက်ာ္ေဆြတြင္ ဝဲ/ယာ လက္ဖ်ံပြန္းပဲ့ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း စုံစမ္းသိရသည္။

ေနအိမ္မီးေလာင္မႈ႕ေၾကာင့္ ပ်က္ဆီးဆုံးရႈံးမႈတန္ဖိုး ၁၅၃၇၅၀၀ က်ပ္ခန႔္ မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း သတင္းရရွိသည္။ ျဖစ္စဥ္ႏွင့္ပတ္သက္၍ လွိုင္သာယ(အေနာက္ပိုင္း)ၿမိဳ႕မ

ရဲစခန္းမွ (ပ)၂၄၄ /၂၀၂၀ ရာဇသတ္ႀကီး ပုဒ္မ ၂၈၅ /၃၀၄က ျဖင့္ အမႈဖြင့္အေရးယူထာ းေၾကာင္း စုံစမ္းသိရသည္။ ညီညီ(လွိုင္သာယာ) Top Phoenix Media Group

(Unicode version)

လှိုင်သာယာတွင် ဘုရားမီးပူဇော် ထားသည့်ဖယောင်း တိုင်မီးမှတဆင့် နေအိမ် မီးလောင်၍ အမျိုးသမီး ၂ ဦးသေဆုံး

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် နေအိမ်မီးလောင်ရာမှ အမျိုးသမီး ၂ ဦးသေဆုံးမှု ယနေ့ ဇွန် ၁၂ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန်းတိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၉ ရပ်ကွက် မိုးမခလမ်း မ/၉၈(ခ)နေ ဦးကျော်ဆွေ၏ခြံဝန်းအတွင်းရှိ

သွပ်မိုးအုတ်ညှပ်တစ်ထပ်တိုက်နေအိမ်တွင် ဘုရားမီးပူဇော်ရန် ဖယောင်းတိုင်ထွန်းထားရာမှ အောက်ခံအဖြစ်အသုံးပြုသော သစ်သားပြားအားမီးစွဲလောင်ရာမှ နေအိမ်ကိုမီးကူးဆက် လောင်းကျွမ်းခဲ့ ခြင်းဖြစ် ကြောင်း မီးသတ်ဦးစီး ထံမှသိရသည်။

အဆိုပါ မီးလောင်းရာသို့ မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးနှင့် လှိုင်သာယာ အရှေပိုင်း မြို့နယ်မီးသတ် ဦးစီးမှူး ဦးစိုးသူတို့ ရောက်ရှိပြီး မီသတ်တပ်ဖွဲ့ဝင် ၃၀ ဦးနှင့် မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၂ စီး၊အုပ်ချုပ်မှုယာဉ် ၁ စီး၊

ရွှေလင်ပန်းစက်မှုဇုန်မှ မီးသတ်ယာဉ် ၁ စီးတို့ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ အချိန်ခန့် မီးငြိမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် သွပ်မိုးအုတ်ညှပ် နှစ်ထပ်နေအိမ်မီးလောင်ပျက်ဆီးခဲ့ပြီး ၎င်းနေ အိမ် ရေချိုးခန်း အတွင်း၌

ဒေါ်လုံး (ခ) ဒေါ်ညွှန့်ညွှန့်ရီ (၅၅)နှစ်နှင့် မရှင်းသန့် (၁၆)နှစ်တို့ နှစ်ဦး သေဆုံးလျှက်တွေ့ရှိရပြီး ဦးကျော်ဆွေတွင် ဝဲ/ယာ လက်ဖျံပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

နေအိမ်မီးလောင်မှု့ကြောင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ၁၅၃၇၅၀၀ ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ် နှင့်ပတ် သက်၍ လှိုင်သာယ(အနောက်ပိုင်း)မြို့မ

ရဲစခန်းမှ (ပ)၂၄၄ /၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ /၃၀၄က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း စုံစမ်းသိရသည်။ ညီညီ(လှိုင်သာယာ) Top Phoenix Media Group

Tags: