






(Unicode version) လှိုင်သာယာမှာ ၇နှစ်အရွယ် ကလေးတစ်ဦး ကားအ နောက် အမိုးကိုင်းတွင် အတတ်ဆင်းလုပ်ရန် ချီထားသော ကြိုးအတွင်း ခေါင်းဝင်၍ ပြုတ်ကျကာ ကြိုးဆွဲချ သေဆုံးသလိုဖြစ်ပွား

ယခု သတင်းကို ( Lwin Oo ) စာမျက်နှာမှ တစ် ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

လှိုင်သာယာ ၁၆ ရပ်ကွက် မင်းတပ်လမ်းနှင့် ဇေယျသီရိ ၁ လမ်းထိပ် မြနန္ဒာဈေးဆိုင်ရှေ့တွင် ၁၁. ၆.၂၀၂၀ ညနေ ၄ နာရီခန့်က ရပ်ထားသော Light Truck အဖြူရောင်ကားပေါ်သို့

အနားရှိ ခလေးများ တတ်ရောက် ကစားကြရင်း ခလေးငယ်တဦး မှာ ကားနောက် အမိုးကိုင်းတွင် ခရီးသည်အတတ်အဆင်းပြုလုပ်ရန် ချီထားသော လက်ဆွဲ ကြိုးအတွင်း

ခေါင်းဝင်၍ ပြုတ်ကျ နေသည်တွင် တခြားလူများ မသိရှိခဲ့ပါ။ သိရှိချိန်တွင် အလျင်အမြန် ဖြုတ်၍ လှိုင်သာယာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။

သိုရာတွင် အသက်ဆုံးရှုံးသွားခဲ့ပါသည်။ ခလေးမှာ ၇ နှစ်သာသာ ယောင်္ကျားလေး ဖြစ်ပါသည်။

Tags: