ငယ္ငယ္က အေၾကာ္ေရာင္း ေကြၽးေမြး ခဲ့တဲ့မိဘ ေတြကို ယခုအခ်ိန္မွာ စိတ္ခ်မ္းသာ ေအာင္ထားနိုင္ၿပီ ဆိုတဲ့ ေအာင္သူ

ငယ္ငယ္က အေၾကာ္ေရာင္း ေကြၽးေမြး ခဲ့တဲ့မိဘ ေတြကို ယခုအခ်ိန္မွာ စိတ္ခ်မ္းသာ ေအာင္ထားနိုင္ၿပီ ဆိုတဲ့ ေအာင္သူ

ျမန္မာလက္ ေ႐ြးစင္အသင္း ရဲ႕ တိုက္စစ္မႉး ေအာင္သူကေတာ့ လက္ရွိမွာ ရတနာပုံ အသင္းမွာ ကစားလ်က္ရွိေနတဲ့ တိုက္စစ္မႉး တစ္ေယာက္ ျဖစ္ပါတယ္။ မင္းသ မီးေခ်ာေလး ပိုးအိအိခန႔္နဲ႕အတူ အိမ္ေထာင္သည္ဘဝကို တည္ေဆာက္ထားၿပီး

ခ်စ္စရာ ေကာင္းတဲ့ သားေလး တစ္ေယာက္ကိုလည္း ပိုင္ဆိုင္ ထားပါတယ္။ ယခုမွာေတာ့ ေအာင္သူတစ္ေယာက္ ေမေမကို ၾကည္ႏူးစရာ ေကာင္းလြန္းတဲ့ ေမြးေန႕ဆုမြန္ေကာင္း ေတာင္းေပး လာခဲ့တာပဲ ျဖစ္ပါတယ္။

ေအာင္သူကေတာ့” Happy Birthday ပါအေမ ဒီေမြးေန႕က စ ေနာက္ႏွစ္ေပါင္း မ်ားစြာကို စိတ္ခ်မ္း သာ ကိုယ္က်န္းမာ ပါေစလို႔ သား ဆုေတာင္းေပးပါတယ္ေနာ္ သဘာဝတိုင္း ျဖစ္ပ်က္ေနတဲ့ ဘဝေတြကို အေမခံစားၿပီး စိတ္မညစ္ပါနဲ႕ အေမ

ေပ်ာ္ေပ်ာ္ႀကီး ေနပစ္လိုက္ပါ ဟိုငယ္ငယ္ တုန္းက ရဲ စခန္း ထဲမွာ မိသားစုလိုက္ အေၾကာ္ ေရာင္းခဲ့တုန္းက အေမမွာ အားခ်ိန္ရွိလား နားခ်ိန္ရွိလား ေအးေဆးျဖစ္တဲ့ ခ်ိန္ဆိုတာ မရွိခဲ့ဘူးေလ

ေတာ္ၾကာ သစ္ပင္စိုက္ပါဦး ေတာ္ၾကာ ဘာၿပိဳင္ပြဲ ရွိလို႔ ေတာ္ၾကာ သန႔္ရွင္းေရး ေတာ္ၾကာ လိုင္းခန္းစစ္မယ္ ေတာ္ၾကာ အရာရွိေတြစားဖို႔ သားပစ္ အိမ္ပစ္နဲ႕ ထမင္းဟင္း လိုက္ခ်က္ေပးခဲ့ရတဲ့

စိတ္ညစ္စရာ ခ်ိန္ေတြကို အေမအမ်ားႀကီးျဖတ္သန္းၿပီၿပီေလ ခု အေဖနဲ႕အေမကို သားတို႔ေတြက ခ်မ္းခ်မ္း သာသာႀကီး မထားနိုင္ရင္ေတာင္ စိတ္ေအးေအး ခ်မ္းခ်မ္းရွိမဲ့ ေနရာမွာ သားတို႔ေတြ ထားနိုင္ၿပီ လို႔သားထင္တယ္ အေမ “ဆိုၿပီး ေရးသားထား ပါတယ္။

ေအာင္သူ ကေတာ့” အဲ့လိုေျပာလို႔ အေဖနဲ႕ အေမေပၚမွာ တာဝန္ေက်ၿပီလို႔ ေျပာခ်င္တာ မဟုတ္ပါဘူး သားေျပာခ်င္တာက အရင္တုန္းက အေမမွာ(၁) ေအးေဆးျဖစ္ခ်ိန္ဆိုတာမရွိဘူး (၂) ေငြေက်းအခက္ခဲ

အခု အဲ့ဒါေတြ အသင့္သင့္ရွိေနၿပီပဲ အေမ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ေနပါ။ အေမ ခ်စ္တဲ့သားမိုက္ႀကီး ေအာင္သူဗဒင္ဟိန္းမင္းကို ဆိုၿပီး သူရဲ႕လူမႈကြန္ယက္ စာမ်က္ ႏွာထက္မွာ ေရးသားထား ခဲ့တာပဲ ျဖစ္ပါတယ္။

ခ်စ္ပရိသတ္ ေတြအတြက္ ေအာင္သူတို႔ မိသားစုရဲ႕ ၾကည္ႏူးစရာ ပုံရိပ္ေလးေတြကို ျပန္လည္ ေဖာ္ျပေပး လိုက္ရပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ ႀကီးကို အထူးပဲ ေက်းဇူးတင္ ရွိပါတယ္ရွင္။ crd : pan pyoe lat

ငယ်ငယ်က အကြော်ရောင်း ကျွေးမွေး ခဲ့တဲ့မိဘ တွေကို ယခုအချိန်မှာ စိတ်ချမ်းသာ အောင်ထားနိုင်ပြီ ဆိုတဲ့ အောင်သူ

မြန်မာလက် ရွေးစင်အသင်း ရဲ့ တိုက်စစ်မှူး အောင်သူကတော့ လက်ရှိမှာ ရတနာပုံ အသင်းမှာ ကစားလျက်ရှိနေတဲ့ တိုက်စစ်မှူး တစ်ယောက် ဖြစ်ပါတယ်။ မင်းသ မီးချောလေး ပိုးအိအိခန့်နဲ့အတူ အိမ်ထောင်သည်ဘဝကို တည်ဆောက်ထားပြီး

ချစ်စရာ ကောင်းတဲ့ သားလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင် ထားပါတယ်။ ယခုမှာတော့ အောင်သူတစ်ယောက် မေမေကို ကြည်နူးစရာ ကောင်းလွန်းတဲ့ မွေးနေ့ဆုမွန်ကောင်း တောင်းပေး လာခဲ့တာပဲ ဖြစ်ပါတယ်။

အောင်သူကတော့” Happy Birthday ပါအမေ ဒီမွေးနေ့က စ နောက်နှစ်ပေါင်း များစွာကို စိတ်ချမ်း သာ ကိုယ်ကျန်းမာ ပါစေလို့ သား ဆုတောင်းပေးပါတယ်နော် သဘာဝတိုင်း ဖြစ်ပျက်နေတဲ့ ဘဝတွေကို အမေခံစားပြီး စိတ်မညစ်ပါနဲ့ အမေ

ပျော်ပျော်ကြီး နေပစ်လိုက်ပါ ဟိုငယ်ငယ် တုန်းက ရဲ စခန်း ထဲမှာ မိသားစုလိုက် အကြော် ရောင်းခဲ့တုန်းက အမေမှာ အားချိန်ရှိလား နားချိန်ရှိလား အေးဆေးဖြစ်တဲ့ ချိန်ဆိုတာ မရှိခဲ့ဘူးလေ

တော်ကြာ သစ်ပင်စိုက်ပါဦး တော်ကြာ ဘာပြိုင်ပွဲ ရှိလို့ တော်ကြာ သန့်ရှင်းရေး တော်ကြာ လိုင်းခန်းစစ်မယ် တော်ကြာ အရာရှိတွေစားဖို့ သားပစ် အိမ်ပစ်နဲ့ ထမင်းဟင်း လိုက်ချက်ပေးခဲ့ရတဲ့

စိတ်ညစ်စရာ ချိန်တွေကို အမေအများကြီးဖြတ်သန်းပြီပြီလေ ခု အဖေနဲ့အမေကို သားတို့တွေက ချမ်းချမ်း သာသာကြီး မထားနိုင်ရင်တောင် စိတ်အေးအေး ချမ်းချမ်းရှိမဲ့ နေရာမှာ သားတို့တွေ ထားနိုင်ပြီ လို့သားထင်တယ် အမေ “ဆိုပြီး ရေးသားထား ပါတယ်။

အောင်သူ ကတော့” အဲ့လိုပြောလို့ အဖေနဲ့ အမေပေါ်မှာ တာဝန်ကျေပြီလို့ ပြောချင်တာ မဟုတ်ပါဘူး သားပြောချင်တာက အရင်တုန်းက အမေမှာ(၁) အေးဆေးဖြစ်ချိန်ဆိုတာမရှိဘူး (၂) ငွေကျေးအခက်ခဲ

အခု အဲ့ဒါတွေ အသင့်သင့်ရှိနေပြီပဲ အမေ ပျော်ပျော်ရွှင်ရွှင်နဲ့နေပါ။ အမေ ချစ်တဲ့ သားမိုက်ကြီး အောင်သူဗဒင်ဟိန်းမင်းကို ဆိုပြီး သူရဲ့လူမှုကွန်ယက် စာမျက် နှာထက်မှာ ရေးသားထား ခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ် တွေအတွက် အောင်သူတို့ မိသားစုရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပြန်လည် ဖော်ပြပေး လိုက်ရပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ် ကြီးကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်ရှင်။ crd : pan pyoe lat

Tags:

Add a Comment

Your email address will not be published. Required fields are marked *