နတ္တလင္း ၿမိဳ႕နယ္မွာ အိမ္နီးခ်င္း အမ်ိးသားတစ္ ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ ရန္ျဖစ္ရာမွ အမ်ိဳးသမီးက အမ်ိဳးသားကို ငယ္ပါျပတ္ ေအာင္ကိုက္

အိမ္နီးခ်င္း အမ်ိဳးသမီးနဲ႕ ရန္ျဖစ္တဲ့ အမ်ိဳးသား ငယ္ပါ ျပဳတ္ေအာင္ အကိုက္ခံရ

ပဲခူးတိုင္း အေနာက္ျခမ္း၊ သာယာဝတီခရိုင္၊ နတ္တလင္းၿမိဳ႕နယ္ ထိပ္ပိတ္ အုပ္စုမွာ ၿခံႏွစ္ၿခံၾကား သစ္ပင္စိုက္လို႔ စကားမ်ား ရန္ျဖစ္ရာမွ အမ်ိဳးသမီးက တဘက္ၿခံမွ အမ်ိဳးသားရဲ႕ ငယ္ပါကို ျပဳတ္ထြက္ေအာင္ ကိုက္စြဲခဲ့လို႔ ဒီေန႕နံနက္က

တာပြန္ နယ္ေျမရဲစခန္းမွာ အမူဖြင့္ထား တယ္လို႔ သိရပါတယ္။ ျဖစ္စဥ္မွာ ထိပ္ပိတ္အုပ္စု၊ က်ီးပင္စာေရး ႐ြာမွာ ၿပီးခဲ့တဲ့ ဇြန္လ ၉ ရက္ေန႕ ညေနက ဦးလွစိုးအား တဘက္ၿခံရွိ အသက္ ၃၉ ႏွစ္အ႐ြယ္ မမာေလးမွ ၿခံႏွစ္ၿခံၾကား ကုကၠိဳပင္စိုက္တဲ့ ကိစၥနဲ႕ပတ္သက္ၿပီး ႏွစ္ဦးသား အခ်င္းမ်ားခဲ့ ၾကပါတယ္။

အဲဒီလို အခ်င္းမ်ားရာမွ မမာေလးက ဦးလွစိုး ၿခံထဲကို ဝင္ေရာက္ကာ ေခါင္းကို ဝါးလုံးနဲ႕ ရိုက္ခဲ့ရာလဲ က်သြားစဥ္ အနီးရွိ မတင္တင္ညို ဆိုသူကလည္း ဝါးလုံးနဲ႕ ထပ္မံရိုက္ႏွက္ခဲ့ၿပီး လဲက်ေနတဲ့ ဦးလွစိုးရဲ႕ ငယ္ပါနဲ႕ ေပါင္ကို ကိုက္ဆြဲေနစဥ္ ဇနီးျဖစ္သူမွ ေအာ္ ဟစ္ အကူအညီ

ေတာင္းဝင္ဆြဲရာ မတင္တင္ညိုမွ ဦးလွစိုးရဲ႕ ဇနီးျဖစ္သူကိုပါ ဝါးလုံးနဲ႕ ရိုက္ႏွက္ခဲ့လို႔ မ်က္ႏွာဝဲဘက္ မ်က္ ခုံးဖူးေယာင္ ဒဏ္ရာရရွိ ခဲ့တာျဖစ္တယ္ တာပြန္နယ္ ေျမ ရဲစခန္း တာဝန္ရွိသူထံက သိရပါတယ္။

ေဝွးေစ့(ငယ္ပါ) ျပဳတ္ပါသြားတဲ့ သူကေတာ့ အသက္ ၅၇ ႏွစ္အ႐ြယ္ ျဖစ္ပါတယ္။ အိမ္နီးခ်င္း ရန္ျဖစ္ၿပီး ကိုက္ဆြဲလို႔ ေဝွးေစ့ (ငယ္ပါ) ျပဳတ္ပါသြားတာပါ” လို႔ တာပြန္ နယ္ေျမရဲစခန္းမွ စခန္းမႉးရဲအုပ္ ေအာင္သေျပက ေျပာပါတယ္။

ဦးလွစိုးအား ျပည္ၿမိဳ႕ ျပည္သူ႕ေဆး႐ုံႀကီး သို႔ပို႔ေဆာင္ ကာ ေဆးဝါးကုသေနရၿပီး အမူနဲ႕ သက္ဆိုင္တဲ့ မမာေလး၊ မတင္တင္ညိုနဲ႕ အတူ အနီးအနားမွာ အားေပးကူညီခဲ့တဲ့ ေဒၚတင္တင္မွီတို႔ကို တာပြန္နယ္ေျမရဲစခန္းက (ပ)၇၇ /၂၀၂၀ ပုဒ္မ ၄၄၇/ ၃၂၃/ ၃၂၆ /၁၁၄ ပုဒ္မေတြနဲ႕ အမူဖြင့္ထားေၾကာင္း သိရပါတယ္။ Credit ေျမလတ္အသံ

(Unicode version) အိမ်နီးချင်း အမျိုးသမီးနဲ့ ရန်ဖြစ်တဲ့ အမျိုးသား ငယ်ပါ ပြုတ်အောင် အကိုက်ခံရ

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ထိပ်ပိတ် အုပ်စုမှာ ခြံနှစ်ခြံကြား သစ်ပင်စိုက်လို့ စကားများ ရန်ဖြစ်ရာမှ အမျိုးသမီးက တဘက်ခြံမှ အမျိုးသားရဲ့ ငယ်ပါကို ပြုတ်ထွက်အောင် ကိုက်စွဲခဲ့လို့ ဒီနေ့နံနက်က

တာပွန် နယ်မြေရဲစခန်းမှာ အမူဖွင့်ထား တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ထိပ်ပိတ်အုပ်စု၊ ကျီးပင်စာရေး ရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ညနေက ဦးလှစိုးအား တဘက်ခြံရှိ အသက် ၃၉ နှစ်အရွယ် မမာလေးမှ ခြံနှစ်ခြံကြား ကုက္ကိုပင်စိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နှစ်ဦးသား အချင်းများခဲ့ ကြပါတယ်။

အဲဒီလို အချင်းများရာမှ မမာလေးက ဦးလှစိုး ခြံထဲကို ဝင်ရောက်ကာ ခေါင်းကို ဝါးလုံးနဲ့ ရိုက်ခဲ့ရာလဲ ကျသွားစဉ် အနီးရှိ မတင်တင်ညို ဆိုသူကလည်း ဝါးလုံးနဲ့ ထပ်မံရိုက်နှက်ခဲ့ပြီး လဲကျနေတဲ့ ဦးလှစိုးရဲ့ ငယ်ပါနဲ့ ပေါင်ကို ကိုက်ဆွဲနေစဉ် ဇနီးဖြစ်သူမှ အော် ဟစ် အကူအညီ

တောင်းဝင်ဆွဲရာ မတင်တင်ညိုမှ ဦးလှစိုးရဲ့ ဇနီးဖြစ်သူကိုပါ ဝါးလုံးနဲ့ ရိုက်နှက်ခဲ့လို့ မျက်နှာဝဲဘက် မျက် ခုံးဖူးယောင် ဒဏ်ရာရရှိ ခဲ့တာဖြစ်တယ် တာပွန်နယ် မြေ ရဲစခန်း တာဝန်ရှိသူထံက သိရပါတယ်။

ဝှေးစေ့(ငယ်ပါ) ပြုတ်ပါသွားတဲ့ သူကတော့ အသက် ၅၇ နှစ်အရွယ် ဖြစ်ပါတယ်။ အိမ်နီးချင်း ရန်ဖြစ်ပြီး ကိုက်ဆွဲလို့ ဝှေးစေ့ (ငယ်ပါ) ပြုတ်ပါသွားတာပါ” လို့ တာပွန် နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် အောင်သပြေက ပြောပါတယ်။

ဦးလှစိုးအား ပြည်မြို့ ပြည်သူ့ဆေးရုံကြီး သို့ပို့ဆောင် ကာ ဆေးဝါးကုသနေရပြီး အမူနဲ့ သက်ဆိုင်တဲ့ မမာလေး၊ မတင်တင်ညိုနဲ့ အတူ အနီးအနားမှာ အားပေးကူညီခဲ့တဲ့ ဒေါ်တင်တင်မှီတို့ကို တာပွန်နယ်မြေရဲစခန်းက (ပ)၇၇ /၂၀၂၀ ပုဒ်မ ၄၄၇/ ၃၂၃/ ၃၂၆ /၁၁၄ ပုဒ်မတွေနဲ့ အမူဖွင့်ထားကြောင်း သိရပါတယ်။ Credit မြေလတ်အသံ

Tags: