ပုဏၰားကြၽန္းၿမိဳ႕ေပၚတြင္ တပ္မေတာ္ အရာရွိႀကီးတစ္ဦး ဓားထိုးခံရၿပီး တစ္ဦး ဖမ္းဆီးခံရ

ပုဏၰားကြၽန္းၿမိဳ႕ေပၚတြင္ တပ္မေတာ္ အရာရွိႀကီးတစ္ဦး ဓားထိုးခံရၿပီး တစ္ဦး ဖမ္းဆီးခံရ

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕ေပၚ ေဈးအနီးတြင္ ယ ေန႕ နံနက္ပိုင္း ၈ နာရီအခ်ိန္ တပ္မေတာ္သား အရာ ရွိႀကီးတစ္ဦး ဓားထိုးခံရၿပီး တစ္ဦးကို လူတခ်ိဳ႕က ဖမ္းဆီး ေခၚေဆာင္သြားေၾကာင္း ပုဏၰားကြၽန္းၿမိဳ႕ ေဒသခံမ်ားက ရန္ကုန္ ေခတ္သစ္ သတင္းဌာနသို႔ေျပာသည္။

မ်က္ျမင္ႀကဳံေတြ႕ရသူ ေဒသခံတစ္ဦးက “အဲဒီမွာ သူကဆိုင္ကယ္နဲ႕ လာတာ။ ၈ နာရီ ဝန္က်င္ေလာက္မွာျဖစ္မယ္။ ႏွစ္ေယာက္ပါ။ တစ္ေယာက္ကို ဓားနဲ႕ထိုးတယ္။ တစ္ေယာက္ကို ေခၚေဆာင္သြားတယ္။ ဓား ထိုးခံရၿပီးေတာ့ ဆိုင္ကယ္ကေတာ့ လဲေနတယ္။ ေသြးေတြကေတာ့

အမ်ားႀကီးပဲ က်ေနာ္တို႔ ေနာက္ပိုင္းသိရတာက ၅၅၀ တပ္မေတာ္ အရာရွိတေယာက္လို႔ သိရတယ္” ဟု ရန္ကုန္ေခတ္သစ္ သတင္းဌာနသို႔ ေျပာဆိုသည္။ ၿမိဳ႕ေပၚတြင္ပင္ တပ္မေတာ္အရာရွိတဦး ဓားထိုးခံရၿပီး တစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ပုဏၰားကြၽန္းၿမိဳ႕နယ္မွ

ေဈးဆိုင္မ်ားအားလုံးပိတ္လိုက္ၿပီး လမ္းမေပၚတြင္ လူသြား လူသြားလူလာ ကင္းမဲ့သြားသည္ဟု ပုဏၰားကြၽန္းၿမိဳ႕ခံမ်ားထံမွ သိရွိရသည္။ “သူ (တပ္မေတာ္အရာရွိ) က ဆိုင္ကယ္နဲ႕ လာတာ အဲဒီမွာ ေနာက္ကေနဓားနဲ႕ ထိုးတာ၊ ဆိုင္ကယ္ေရာ လူေရာလဲသြားတယ္။ ၿပီးေတာ့ သိပ္မၾကာဘူး။

လူ ၅ ေယာက္ေလာက္ သယ္သြားတယ္။ က်ေနာ္တို႔ ေနာက္ဆုံး ၾကားတာက ေသသြားၿပီလို႔ ၾကားတယ္။ လူေတြကေတာ့ ေၾကာက္လန႔္ၿပီး အျပင္မထြက္ၾကေတာ့ ဘူး။ ကိုယ္အိမ္ေအာက္မွာ ဝပ္ေနၾကတယ္” ဟု ပုဏၰားကြၽန္း ေဒသခံတစ္ဦးက ေျပာဆိုသည္။

တပ္မေတာ္ အရာရွိတစ္ဦး ဓားထိုးခံရၿပီး တစ္ဦး ဖမ္း ဆီးေခၚေဆာင္ခံရၿပီးေနာက္ ပုဏၰားကြၽန္းၿမိဳ႕အတြင္းပစ္ခတ္သံမ်ား ဆက္တိုက္ဆိုသလိုၾကားေနရကာ ေဒ သခံမ်ားမွာ စိုးရိမ္မႈမ်ား ျမင့္တက္လ်က္ရွိေၾကာင္း သိရွိရသည္။

ရန္ကုန္ေခတ္သစ္ သတင္းဌာနက တပ္မေတာ္ သ တင္း မွန္ျပန္ၾကားေရး အဖြဲ႕မွ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီကို ဆက္သြယ္ေမးျမန္းရာ အစည္းအေဝး သြားေနသျဖင့္ ေနာက္မွ ျပန္လည္ ဆက္သြယ္ရန္ ေျပာဆိုသည္။ Khit Thit Media

(Unicode version) ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တပ်မတော် အရာရှိကြီးတစ်ဦး ဓားထိုးခံရပြီး တစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ် ဈေးအနီးတွင် ယ နေ့ နံနက်ပိုင်း ၈ နာရီအချိန် တပ်မတော်သား အရာ ရှိကြီးတစ်ဦး ဓားထိုးခံရပြီး တစ်ဦးကို လူတချို့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ပုဏ္ဏားကျွန်းမြို့ ဒေသခံများက ရန်ကုန် ခေတ် သစ် သတင်းဌာနသို့ပြောသည်။

မျက်မြင်ကြုံတွေ့ရသူ ဒေသခံတစ်ဦးက “အဲဒီမှာ သူက ဆိုင်ကယ်နဲ့ လာတာ။ ၈ နာရီ ဝန်ကျင်လောက်မှာဖြစ်မယ်။ နှစ်ယောက်ပါ။ တစ်ယောက်ကို ဓားနဲ့ထိုးတယ်။ တစ်ယောက်ကို ခေါ်ဆောင်သွားတယ်။ ဓား ထိုးခံရပြီးတော့ ဆိုင်ကယ်ကတော့ လဲနေတယ်။ သွေးတွေကတော့

အများကြီးပဲ ကျနော်တို့ နောက်ပိုင်းသိရတာက ၅၅၀ တပ်မတော် အရာရှိတယောက်လို့ သိရတယ်” ဟု ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။ မြို့ပေါ်တွင်ပင် တပ်မတော်အရာရှိတဦး ဓားထိုးခံရပြီး တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်မှ

ဈေးဆိုင်များအားလုံးပိတ်လိုက်ပြီး လမ်းမပေါ်တွင် လူသွား လူသွားလူလာ ကင်းမဲ့သွားသည်ဟု ပုဏ္ဏားကျွန်းမြို့ခံများထံမှ သိရှိရသည်။ “သူ (တပ်မတော်အရာရှိ) က ဆိုင်ကယ်နဲ့ လာတာ အဲဒီမှာ နောက်ကနေဓားနဲ့ ထိုးတာ၊ ဆိုင်ကယ်ရော လူရောလဲသွားတယ်။ ပြီးတော့ သိပ်မကြာဘူး။

လူ ၅ ယောက်လောက် သယ်သွားတယ်။ ကျနော်တို့ နောက်ဆုံး ကြားတာက သေသွားပြီလို့ ကြားတယ်။ လူတွေကတော့ ကြောက်လန့်ပြီး အပြင်မထွက်ကြတော့ ဘူး။ ကိုယ်အိမ်အောက်မှာ ဝပ်နေကြတယ်” ဟု ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ပြောဆိုသည်။

တပ်မတော် အရာရှိတစ်ဦး ဓားထိုးခံရပြီး တစ်ဦး ဖမ်း ဆီးခေါ်ဆောင်ခံရပြီးနောက် ပုဏ္ဏားကျွန်းမြို့အတွင်းပစ်ခတ်သံများ ဆက်တိုက်ဆိုသလိုကြားနေရကာ ဒေ သခံများမှာ စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ် သတင်းဌာနက တပ်မတော် သ တင်း မှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်ချုပ် ထွန်းထွန်းညီကို ဆက်သွယ်မေးမြန်းရာ အစည်းအ ဝေး သွားနေသဖြင့် နောက်မှ ပြန်လည် ဆက်သွယ်ရန် ပြောဆိုသည်။ Khit Thit Media

Tags: