ပုဂံေရွးေဟာင္း ယဥ္ေက်းမႈ ေဒသမွာ ဌာပနာကို ဖြင့္ေဖာက္ခံ ထားရသည့္ ဘုရား ၃၃ ဆူအထိေတြ႕ရွိ ရၿပီဆိုေတာ့….

ပုဂံေရွးေဟာင္း ယဥ္ေက်းမႈ ေဒသမွာ ဌာပနာကို ဖြင့္ေဖာက္ခံ ထားရသည့္ ဘုရား ၃၃ ဆူအထိေတြ႕ရွိ ရၿပီဆိုေတာ့….

ပုဂံေရွးေဟာင္းယဥ္ေက်းမႈေဒသမွာ ဇြန္လ ၁၀ ရက္ေန႕အထိ ဌာပနာဖြင့္ေဖာက္ခံရတဲ့ ေစတီေပါင္းဟာ ၃၃ ဆူအထိ ေတြ႕ရွိလာရေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ)က စုံစမ္းသိရပါတယ္။

အမ်ိဳးသား ျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ) ၫႊန္ၾကားေရးမႉး ေဒါက္တာ သန္းထိုက္က “လတ္တေလာေတာ့လည္း မဟုတ္ဘူး။ အရမ္း ႀကီးလည္း မၾကာေသးဘူး။ က်ေနာ္ထင္တာေတာ့  အေပၚပိုင္း ဌာပနာတခ်ိဳ႕ပစၥည္း ရသြားၿပီးေတာ့ ေအာက္ပိုင္းေတြ ဆက္မလုပ္တာလားလည္း မေျပာတတ္ဘူး။

အခုက်န္ခဲ့ တာေတြကလည္း တန္ဖိုးရွိ ေ႐ႊထည္ပစၥ ည္းလိုဟာမ်ိဳး မဟုတ္ဘူး။ အဲဒီအထဲမွာလည္း ေကာက္ရိုးေတြနဲ႕ ငွက္သိုက္တို႔ ေႁမြအေရခြံတို႔လည္းေတြ႕ေတာ့ ေဖာက္ၿပီးပစ္ထားတာ သိပ္မၾကာ ေလာက္ေသးဘူး။  လပိုင္းေတြေလာက္ပဲ ရွိမလား၊ သိပ္ေသျခာေတာ့ မသိေသးဘူး” လို႔ ေျပာပါတယ္။

ပုဂံေရွးေဟာင္းေဒသမွာ ဘုရားဌာပနာကြမ္းေတာင္ေတြ ေပါက္ေနေၾကာင္း ဇြန္လ ၈ ရက္ေန႕က ၅ ဆူကို စတင္ေတြ႕ရွိၿပီး ေနာက္ ဇြန္ ၉ ရက္မွာ ေနာက္ထပ္  ၁၄ ဆူ၊ ဇြန္ ၁၀ ရက္မွာ  ၁၄ ဆူ ဆက္လက္ေတြ႕ရွိခဲ့တာေၾကာင့္ စုစုေပါင္း ၃၃ ဆူအထိ ရွိလာေၾကာင္းသိရပါတယ္။

ပုဂံေရွးေဟာင္းသုေတသနအဖြဲ႕နဲ႕ ပူေပါင္းၿပီး ေစတီပုထိုးမ်ား ေစာင့္ေရွာက္ေရးကို ကူညီ ေပးေနတဲ့ ပုဂံေဒသ ဧည့္လမ္းၫႊန္ အသင္းက အလုပ္အမႈ ေဆာင္ ကိုျမင့္နိုင္က “ေတြ႕ေနဦးမွာပဲ၊  ရိပ္စားမိသြားၿပီဆိုေတာ့ကာ။  ဒီေန႕ေတြ႕တဲ့ တစ္ဆူမွာ ေရွးေဟာင္းနဲ႕ သြားေတာ့ သူယူမသြားဘဲ က်န္ခဲ့တဲ့ ဌာပနာပစၥည္းကိုေတြ႕တာပဲ။

သူတို႔က အုပ္စုေလးနဲ႕ လုပ္ေနတဲ့သေဘာ။ ကြမ္းေတာက္မွာ အေပါက္ေသးေလးေဖာက္ၿပီး လက္နဲ႕ ႏွိုက္ယူတယ္။  ႀကီးတဲ့ပစၥည္း ေတြၾကေတာ့ ခ်န္ထား ခဲ့တယ္။ ထပ္ေတြ႕ဦးမယ္ေတာ့ ယူဆတယ္” လို႔ ေျပာပါတယ္။

ေစတီေတြ ဌာပနာေဖာက္ခံရတဲ့ကိစၥ  မေန႕က ခရိုင္အဆင့္ အစည္းအေဝးျပဳလုပ္ခဲ့ၿပီး လုံၿခဳံေရးလုပ္ငန္းေတြ တိုးျမႇင့္ေဆာင္႐ြက္သြားဖို႔ စီစဥ္ေနပါတယ္။ ဌာပ နာေဖာက္ထြင္းခံရတဲ့ ျဖစ္စဥ္အားလုံးကိုလည္း ပုဂံနယ္ေျမရဲစခန္းမွာ အမႈဖြင့္ထား တယ္လို႔

ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ)က သိရပါတယ္။ ပုဂံေရွးေဟာင္းယဥ္ ေက်းမႈအေမြအႏွစ္ ဇုန္ဟာ ၄၃ ကီလိုမီတာေလာက္ အက်ယ္အဝန္းရွိၿပီး ဘုရားေစတီေပါင္း ၃၀၀၀ ေက်ာ္ေလာက္  ရွိတာပါ။ သတင္း- ကိုလင္း(ေခ်ာက္)

(Unicode version) ပုဂံရှေးဟောင်း ယဉ်ကျေး မှု ဒေသမှာ ဌာပနာကို ဖွင့်ဖောက်ခံ ထားရသည့် ဘုရား ၃၃ ဆူအထိတွေ့ရှိ ရပြီဆိုတော့….

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ ဇွန်လ ၁၀ ရက်နေ့အထိ ဌာပနာဖွင့်ဖောက်ခံရတဲ့ စေတီပေါင်းဟာ ၃၃ ဆူအထိ တွေ့ရှိလာရကြောင်း ရှေးဟောင်း သု တေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က စုံစမ်းသိရပါတယ်။

အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က “လတ်တ လောတော့လည်း မဟုတ်ဘူး။ အရမ်းကြီးလည်း မကြာသေးဘူး။ ကျနော်ထင်တာတော့  အပေါ်ပိုင်း ဌာပနာတချို့ပစ္စည်း ရသွားပြီးတော့ အောက်ပိုင်းတွေ ဆက်မလုပ်တာလားလည်း မပြောတတ်ဘူး။

အခုကျန်ခဲ့ တာတွေကလည်း တန်ဖိုးရှိ ရွှေထည်ပစ္စည်း လိုဟာမျိုး မဟုတ်ဘူး။ အဲဒီအထဲမှာလည်း ကောက်ရိုးတွေနဲ့ ငှက်သိုက်တို့ မြွေအရေခွံတို့လည်းတွေ့တော့ ဖောက်ပြီးပစ်ထားတာ သိပ်မကြာ လောက်သေးဘူး။  လပိုင်းတွေလောက်ပဲ ရှိမလား၊ သိပ်သေခြာတော့ မသိသေးဘူး” လို့ ပြောပါတယ်။

ပုဂံရှေးဟောင်းဒေသမှာ ဘုရားဌာပနာကွမ်းတောင်တွေ ပေါက်နေကြောင်း ဇွန်လ ၈ ရက်နေ့က ၅ ဆူကို စတင်တွေ့ရှိပြီး နောက် ဇွန် ၉ ရက်မှာ နောက်ထပ်  ၁၄ ဆူ၊ ဇွန် ၁၀ ရက်မှာ  ၁၄ ဆူ ဆက်လက်တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ၃၃ ဆူအထိ ရှိလာကြောင်းသိရပါတယ်။

ပုဂံရှေးဟောင်းသုတေသနအဖွဲ့နဲ့ ပူပေါင်းပြီး စေတီပုထိုးများ စောင့်ရှောက်ရေးကို ကူညီ ပေးနေတဲ့ ပုဂံဒေသ ဧည့်လမ်းညွှန် အသင်းက အလုပ်အမှု ဆောင် ကိုမြင့်နိုင်က “တွေ့နေဦးမှာပဲ၊  ရိပ်စားမိသွားပြီဆိုတော့ကာ။  ဒီနေ့တွေ့တဲ့ တစ်ဆူမှာ ရှေးဟောင်းနဲ့ သွားတော့ သူယူမသွားဘဲ ကျန်ခဲ့တဲ့ ဌာပနာပစ္စည်းကိုတွေ့တာပဲ။

သူတို့က အုပ်စုလေးနဲ့ လုပ်နေတဲ့သဘော။ ကွမ်းတောက်မှာ အပေါက်သေးလေးဖောက်ပြီး လက်နဲ့ နှိုက်ယူတယ်။  ကြီးတဲ့ပစ္စည်း တွေကြတော့ ချန်ထား ခဲ့တယ်။ ထပ်တွေ့ဦးမယ်တော့ ယူဆတယ်” လို့ ပြောပါတယ်။

စေတီတွေ ဌာပနာဖောက်ခံရတဲ့ကိစ္စ  မနေ့က ခရိုင်အဆင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး လုံခြုံ ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ ဌာပ နာဖောက်ထွင်းခံရတဲ့ ဖြစ်စဉ်အားလုံးကိုလည်း ပုဂံနယ်မြေရဲစခန်းမှာ အမှုဖွင့်ထား တယ်လို့

ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က သိရပါတယ်။ ပုဂံရှေး ဟောင်းယဉ် ကျေးမှုအမွေအနှစ် ဇုန်ဟာ ၄၃ ကီလိုမီတာလောက် အကျယ်အဝန်းရှိပြီး ဘုရားစေတီပေါင်း ၃၀၀၀ ကျော်လောက်  ရှိတာပါ။ သတင်း- ကိုလင်း(ချောက်)

Tags: