စားသောက်ဆိုင်ကို အတူလာပြီးမှ ခွဲထိုင်ရတဲ့ကိစ္စဟာ အကျိုးရှိမယ့် ကိစ္စမဟုတ်ဘူးလို့ အတိုင်ပင်ခံပြော
|စားသောက်ဆိုင်ကို အတူလာပြီးမှ ခွဲထိုင်ရတဲ့ကိစ္စဟာ အကျိုးရှိမယ့် ကိစ္စမဟုတ်ဘူးလို့ အတိုင်ပင်ခံပြော
ကားတစ်စီးထဲ၊ ဆိုင်ကယ်တစ်စီးထဲ အတူလာပြီးမှ စားသောက်ဆိုင် ရောက်တဲ့အချိန် အတူမထိုင် ရဘူးဆိုတာဟာ လက်တွေ့ အကျိုးရှိမယ့် စည်းကမ်းမ ဟုတ်လို့ အဲဒီလို
မလုပ်သင့်ဘူးလို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါကြောင့် သူစိမ်းတွေနဲ့ ထိတွေ့မှုမရှိစေဖို့ ခွာထားတဲ့ စားပွဲခုံတွေကြား
အကာတွေ ကာဖို့ပဲ လိုတယ်လို့လည်း အတိုင်ပင်ခံက သူ့ရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။ အခုအချိန် မှာတော့ မိသားစုတွေ၊ သူငယ်ချတွေ မိတ် ဆွေတွေ
အတူတူလာပြီးမှ စားသောက်ဆိုင်ရောက်တဲ့အချိန် ခုံတွေခွဲပြီးထိုင်နေရတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေတာဖြစ် ပါတယ်။