Covid-19 ကပ္ေရာဂါေၾကာင့္ ေလာ့ခ္ေဒါင္း ကာလတြင္ အလုပ္လက္မဲ့ ျဖစ္သြားသည့္ မိဘမ်ားက ႏွစ္ပါက လသားအ႐ြယ္ ကေလးငယ္အား ေရာင္းစားခဲ့ၾက

Covid-19 ကပ္ေရာဂါေၾကာင့္ ေလာ့ခ္ေဒါင္း ကာလတြင္ အလုပ္လက္မဲ့ ျဖစ္သြားသည့္ မိဘမ်ားက ႏွစ္ပါက လသားအ႐ြယ္ ကေလးငယ္အား ေရာင္းစားခဲ့ၾက

အိႏၵိယနိုင္ငံ၊ အေနာက္ဘဂၤလားျပည္နယ္က ဟိုရာၿမိဳ႕မွာ Covid-19ကပ္ေရာဂါေၾကာင့္ ေလာ့ခ္ေဒါင္းခ်ထား ခဲ့ခ်ိန္အလုပ္လက္မဲ့ျဖစ္သြားခဲ့တာေၾကာင့္ မိဘေတြက လသားကေလးငယ္ကို ေရာင္းစားခဲ့ၾကတယ္လို႔ သိရပါတယ္။

မိခင္ျဖစ္သူက အိမ္အကူ အျဖစ္ လုပ္ကိုင္သူ ျဖစ္ၿပီး ကပ္ေရာဂါ ကူးစက္မွာကို စိုးရိမ္တဲ့အတြက္ အိမ္ရွင္ေတြက အိမ္ကိုမလာနဲ႕ေတာ့လို႔ သူ႕ကို ေျပာလိုက္တဲ့ေနာက္ ေလာ့ခ္ေဒါင္း ကာလနဲ႕လည္း ႀကဳံႀကိဳက္သြားခဲ့ရၿပီး ဘယ္ေနရာမွာမွ

အလုပ္မရေတာ့ဘဲ သုံးလၾကာတဲ့အထိ အလုပ္လက္ မဲ့ ျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။ ခင္ပြန္း ျဖစ္သူလည္း ေန႕စား အလုပ္သမား ျဖစ္ၿပီး ေလာ့ခ္ေဒါင္း ကာလမွာ အလုပ္လက္မဲ့ ျဖစ္ၿပီး ဝင္ေငြလည္း မရွိေတာ့တာေၾကာင့္ သူတို႔ရဲ႕

ႏွစ္လခြဲအ႐ြယ္ သမီးငယ္ေလးကို ႐ူပီးေငြ ၃၀၀၀ (ေဒၚလာ ၄၀) နဲ႕ ေရာင္းစားဖို႔ ဆုံးျဖတ္ခဲ့တာလို႔ သိရပါတယ္။ အိမ္နီးခ်င္းေတြက သူတို႔စုံတြဲ ကေလးေရာင္း စားတဲ့အေၾကာင္းကို သတိျပဳမိခဲ့ ၾကရာကေန ရဲကိုတိုင္ၾကားခဲ့ တဲ့အတြက္

စုံစမ္းစစ္ေဆး ခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔အေနနဲ႕ ကေလးကို ဆက္ၿပီးေကြၽးေမြး ေစာင့္ေရွာက္ နိုင္ဖို႔အခက္အခဲ အက်ပ္အတည္း ႀကဳံလာရခ်ိန္မွာ ရပ္ေဝးက စုံတြဲဆီကို ေရာင္းခဲ့တာလို႔ သိရွိခဲ့တာျဖစ္ပါတယ္။

ကေလးကို ေရာင္းစားတာက တရားဥပေဒနဲ႕ ၿငိစြန္းတဲ့ လုပ္ရပ္ျဖစ္ တာေၾကာင့္ မိဘေတြကို ဥပေဒအတိုင္းအေရး ယူေဆာင္႐ြက္ သြားမယ္လို႔ သိရပါတယ္။ခရိုင္ကေလးသူငယ္ ကာကြယ္ေရးဌာနက ကေလးကို ျပန္ေခၚထားနိုင္ခဲ့ၿပီး ကေလးကို

ေဆး႐ုံမွာ လိုအပ္တဲ့ ကုသမႈေတြ လုပ္ေဆာင္ ေပးေနၿပီျဖစ္ကာ သုံး၊ ေလးရက္ၾကာၿပီးတာနဲ႕ အစိုးရရဲ႕ ကေလးသူငယ္ ေစာင့္ေရွာက္ေရး ေဂဟာဆီကို ပို႔ ေဆာင္ၿပီး ေစာင့္ေရွာက္ ထားမယ္လို႔ ကေလးသူငယ္ ကာကြယ္ေရး အရာရွိ ဆန္ဒစ္ကူးမားဘို႔စ္က ေျပာၾကား ခဲ့ပါတယ္။

(Unicode version) Covid-19 ကပ်ရောဂါကြောင့် လော့ခ်ဒေါင်း ကာလတွင် အလုပ်လက်မဲ့ ဖြစ်သွားသည့် မိဘများက နှစ်ပါက လသားအရွယ် ကလေးငယ်အား ရောင်းစားခဲ့ကြ

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်က ဟိုရာမြို့မှာ Covid-19ကပ်ရောဂါကြောင့် လော့ခ်ဒေါင်းချထား ခဲ့ချိန်အလုပ်လက်မဲ့ဖြစ်သွားခဲ့တာကြောင့် မိဘတွေက လသားကလေးငယ်ကို ရောင်းစားခဲ့ကြတယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူက အိမ်အကူ အဖြစ် လုပ်ကိုင်သူ ဖြစ်ပြီး ကပ်ရောဂါ ကူးစက်မှာကို စိုးရိမ်တဲ့အတွက် အိမ်ရှင်တွေက အိမ်ကိုမလာနဲ့တော့လို့ သူ့ကို ပြောလိုက်တဲ့နောက် လော့ခ်ဒေါင်း ကာလနဲ့လည်း ကြုံကြိုက်သွားခဲ့ရပြီး ဘယ်နေရာမှာမှ

အလုပ်မရတော့ဘဲ သုံးလကြာတဲ့အထိ အလုပ်လက် မဲ့ ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူလည်း နေ့စား အလုပ်သမား ဖြစ်ပြီး လော့ခ်ဒေါင်း ကာလမှာ အလုပ်လက်မဲ့ ဖြစ်ပြီး ဝင်ငွေလည်း မရှိတော့တာကြောင့် သူတို့ရဲ့

နှစ်လခွဲအရွယ် သမီးငယ်လေးကို ရူပီးငွေ ၃၀၀၀ (ဒေါ်လာ ၄၀) နဲ့ ရောင်းစားဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ အိမ်နီးချင်းတွေက သူတို့စုံတွဲ ကလေးရောင်း စားတဲ့အကြောင်းကို သတိပြုမိခဲ့ ကြရာကနေ ရဲကိုတိုင်ကြားခဲ့ တဲ့အတွက်

စုံစမ်းစစ်ဆေး ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကလေးကို ဆက်ပြီးကျွေးမွေး စောင့်ရှောက် နိုင်ဖို့အခက်အခဲ အကျပ်အတည်း ကြုံလာရချိန်မှာ ရပ်ဝေးက စုံတွဲဆီကို ရောင်းခဲ့တာလို့ သိရှိခဲ့တာဖြစ်ပါတယ်။

ကလေးကို ရောင်းစားတာက တရားဥပဒေနဲ့ ငြိစွန်းတဲ့ လုပ်ရပ်ဖြစ် တာကြောင့် မိဘတွေကို ဥပဒေအတိုင်းအရေး ယူဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ခရိုင်ကလေးသူငယ် ကာကွယ်ရေးဌာနက ကလေးကို ပြန်ခေါ်ထားနိုင်ခဲ့ပြီး ကလေးကို

ဆေးရုံမှာ လိုအပ်တဲ့ ကုသမှုတွေ လုပ်ဆောင် ပေးနေပြီဖြစ်ကာ သုံး၊ လေးရက်ကြာပြီးတာနဲ့ အစိုးရရဲ့ ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာဆီကို ပို့ ဆောင်ပြီး စောင့်ရှောက် ထားမယ်လို့ ကလေးသူငယ် ကာကွယ်ရေး အရာရှိ ဆန်ဒစ်ကူးမားဘို့စ်က ပြောကြား ခဲ့ပါတယ်။

Tags: