(Unicode version) ယနေ့ ပုဂံတွင် လောကထိပ်ပန်ဘုရား မီးရှို့ခံရပြီး စူဌာမဏိ ဘုရား နှင့် ဓမ္မရံကြီး ဘုရားနှစ်ဆူကြားရှိ ဘုရားသုံးဆူ ထပ်မံ ဖောက်ထွင်းခံရ
ယခု သတင်းကို ( Bagan Tourist Guide Association ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်
ယနေ့ စူဌာမဏိ ဘုရား နှင့် ဓမ္မရံကြီး ဘုရားနှစ်ဆူကြားရှိ ဘုရားသုံးဆူ ထပ်မံ ဖောက်ထွင်းခံရ
ယနေ့ (၉/၆/၂၀၂၀) ပုဂံညောင်ဦးဧည့်လမ်းညွှန်များ အသင်း မနက်ပိုင်း ကင်းပတ် လှည့်လည်ရာတွင် စူဌာမဏိ ဘုရား နှင့် ဓမ္မရံကြီး ဘုရားနှစ်ဆူကြားရှိ ဘုရားသုံးဆူ(၇၅၃/၇၅၁/၇၅၁(က)) အစရှိသော
ဘုရားများတွင် ဖောက်ထွင်းထားသည်ဟု သံသယရှိ၍ ရှေးဟောင်းသုတေသနဦးစီး ဌာန နှင့် တာဝန်ရှိအဖွဲ့အစည်းများသို့ ဆက်သွယ် အကြောင်းကြား၍ စစ်ဆေးခဲ့ကြရာတွင်
ဖောက်ထွင်းထား ကြောင်းထပ်မံ တွေ့ရှိခဲ့ရပါသည်။ (အလုပ်အမှုဆောင် ကော်မတီ ပုဂံညောင်ဦး ဧည့်လမ်းညွှန် များအသင်း)
(9.6.2020 -) 7 :45 am အချိန်ခန့် ပုဂံမြို့ဟောင်း လောကထိပ်ပန်ဘုရား အဝင်တံခါး မီးလောင်နေ သည်ကို
အနီးအနား ဖြတ်သန်းသွားလာ သူများမှ တွေ့ရှိ၍ အမြန်ဆုံး ငြိမ်းသတ်နိုင်ခဲ့။ ဓါတ်ပုံ – ကိုဆော် (ပုဂံ)
Tags: