အမ်ိဳးသမီး ငယ္တစ္ဦးကို ရပ္ကြက္ ရာအိမ္မႈးဆိုသူက အမႈကိစၥ ရွင္းလင္းရန္ဟု ဆိုကာ မိမိေနအိမ္သို႔ ေခၚယူၿပီး မုဒိမ္းက်င့္ရန္ ႀကံစည္မႈျဖစ္ပြား

အမ်ိဳးသမီး ငယ္တစ္ဦးကို ရပ္ကြက္ ရာအိမ္မႈးဆိုသူက အမႈကိစၥ ရွင္းလင္းရန္ဟု ဆိုကာ မိမိေနအိမ္သို႔ ေခၚယူၿပီး မုဒိမ္းက်င့္ရန္ ႀကံစည္မႈျဖစ္ပြား

အမႈတစ္ခု ျဖစ္ေနေသာ အမ်ိဳးသမီးငယ္ တစ္ဦးကို ကဒါရပ္ကြက္မွ ရာအိမ္မႈး တစ္ဦးက ညွိႏွိုင္းေပးရန္ ရွိသည္ဟု ဖုန္းျဖင့္ေခၚယူၿပီး မိမိေနအိမ္၌ သားမယားျပဳက်င့္ရန္ ႀကံစည္မႈ ျဖစ္ပြားခဲ့သည္။

ဇြန္လ ၇ ရက္ မနက္ ၆နာရီေက်ာ္အခ်ိန္ခန့္က ေပါင္ၿမိဳ႕ ကဒါရပ္ကြက္ ၿမိဳ႕သစ္ ၈ လမ္းေန ရပ္ကြက္ ရာအိမ္မႈးဆိုသူ ဦးအရစ္ မွ မိမိကို ဖုန္းျဖင့္ အမႈ ကိစၥေျဖရွင္းရန္ ဟုေခၚသျဖင့္ မိမိခင္ပြန္းနဲ႕ အတူသြား ေရာက္ခဲ့ေၾကာင္း

ထိုေနအိမ္၌ ဦးအရစ္ တစ္ဦးတည္း ရွိေနၿပီး မိမိခင္ ပြန္းအား ၿခံအျပင္မွာ သြားေနဟု ၎က ေျပာဆိုသျဖင့္ ခင္ပြန္းထြက္ သြားရစဥ္ မိမိအား လင္မယား အိပ္ပုံအိပ္နည္း မ်ားအား

ယုတ္ယုတ္မာမာ ညစ္ညစ္ညမ္း ေမးျမန္းခဲ့ ေၾကာင္းအမႈကိစၥ ေျပလည္ခ်င္ရင္ သူနဲ႕တစ္ည အိပ္ေပးရမည္ဟုေျပာဆိုကာ မိမိအားတြန္းလွဲ တက္ခြၿပီး ေဘာင္းဘီဆြဲခြၽတ္ေနသျဖင့္ ႐ုန္းကန္ေနရစဥ္

ခင္ပြန္းထံက ဖုန္းေခၚသံ ဝင္လာသျဖင့္ အတင္း႐ုန္း ကန္လိုက္မွ လြတ္ေျမာက္ လာခဲ့ေၾကာင္း ထိုကိစၥအား ငိုၿပီး ခင္ပြန္းအား ေျပာျပၿပီး ေနာက္ ဖခင္ျဖစ္သူအားထပ္၍တိုင္ေျပာၿပီး ရဲစခန္းသို႔

အမႈလာတိုင္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း ကဒုံစီးရပ္ ကြက္ စကားဝါေခ်ာင္ပိုင္းေန အသက္ ၂၄ႏွစ္ အ႐ြယ္ မxxxx၏ ရဲစခန္းတိုင္ခ်က္ အရသိရသည္

အဆိုပါ အမႈျဖစ္စဥ္အား ေပါင္ၿမိဳ႕မ ရဲစခန္းမ (ပ) ၃၆ ၉ /၂၀၂၀ ရာဇသတ္ႀကီးဥပေဒပုဒ္မ၃၇၆/၅၁၁အရ ကဒါၿမိဳ႕သစ္ ၈ လမ္းေနသူ ရာအိမ္မႈး ဆိုသူ အရစ္အား အမႈဖြင့္အေရးယူ ထားသည္။ ဝရဇိန္ ေပါင္

အမျိုးသမီး ငယ်တစ်ဦးကို ရပ်ကွက် ရာအိမ်မှုးဆိုသူက အမှုကိစ္စ ရှင်းလင်းရန်ဟု ဆိုကာ မိမိနေအိမ်သို့ ခေါ်ယူပြီး မုဒိမ်းကျင့်ရန် ကြံစည်မှုဖြစ်ပွား

အမှုတစ်ခု ဖြစ်နေသော အမျိုးသမီးငယ် တစ်ဦးကို ကဒါရပ်ကွက်မှ ရာအိမ်မှုး တစ်ဦးက ညှိနှိုင်းပေးရန် ရှိသည်ဟု ဖုန်းဖြင့်ခေါ်ယူပြီး မိမိနေအိမ်၌ သားမယားပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့သည်။

ဇွန်လ ၇ ရက် မနက် ၆နာရီကျော်အချိန်ခန့်က ပေါင်မြို့ ကဒါရပ်ကွက် မြို့သစ် ၈ လမ်းနေ ရပ်ကွက် ရာအိမ်မှုးဆိုသူ ဦးအရစ် မှ မိမိကို ဖုန်းဖြင့် အမှု ကိစ္စဖြေရှင်းရန် ဟုခေါ်သဖြင့် မိမိခင်ပွန်းနဲ့ အတူသွား ရောက်ခဲ့ကြောင်း

ထိုနေအိမ်၌ ဦးအရစ် တစ်ဦးတည်း ရှိနေပြီး မိမိခင် ပွန်းအား ခြံအပြင်မှာ သွားနေဟု ၎င်းက ပြောဆိုသဖြင့် ခင်ပွန်းထွက် သွားရစဉ် မိမိအား လင်မယား အိပ်ပုံအိပ်နည်း များအား

ယုတ်ယုတ်မာမာ ညစ်ညစ်ညမ်း မေးမြန်းခဲ့ ကြောင်းအမှုကိစ္စ ပြေလည်ချင်ရင် သူနဲ့တစ်ည အိပ်ပေးရမည်ဟုပြောဆိုကာ မိမိအားတွန်းလှဲ တက်ခွပြီး ဘောင်းဘီဆွဲချွတ်နေသဖြင့် ရုန်းကန်နေရစဉ်

ခင်ပွန်းထံက ဖုန်းခေါ်သံ ဝင်လာသဖြင့် အတင်းရုန်း ကန်လိုက်မှ လွတ်မြောက် လာခဲ့ကြောင်း ထိုကိစ္စအား ငိုပြီး ခင်ပွန်းအား ပြောပြပြီး နောက် ဖခင်ဖြစ်သူအားထပ်၍တိုင်ပြောပြီး ရဲစခန်းသို့

အမှုလာတိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကဒုံစီးရပ် ကွက် စကားဝါချောင်ပိုင်းနေ အသက် ၂၄နှစ် အရွယ် မxxxx၏ ရဲစခန်းတိုင်ချက် အရသိရသည်

အဆိုပါ အမှုဖြစ်စဉ်အား ပေါင်မြို့မ ရဲစခန်းမ (ပ) ၃၆ ၉ /၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၆/၅၁၁အရ ကဒါမြို့သစ် ၈ လမ်းနေသူ ရာအိမ်မှုး ဆိုသူ အရစ်အား အမှုဖွင့်အရေးယူ ထားသည်။ ဝရဇိန် ပေါင်

Tags:

Add a Comment

Your email address will not be published. Required fields are marked *