






(Unicode version) “မိခင်ဖြစ်သူ ပျောက်သွားလို့ ရင်ကွဲနာကျပြီး ဘာမှကျွေးမရ ဖြစ်နေတဲ့ ၂နှစ်သားအရွယ် သမီးလေး”

လူပျောက် ကြော်ညာ ၂၀၂၀ ဇွန် ( ၇ ) စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုမြို့နယ် သရက်ပင်ဝန်း ကျေးရွာနေ ဦမျိုးသန့် + ဒေါ်ခင်ဝင်းတို့၏ သမီး မခင်စောမျိုး ( ၂၃ ) နှစ်သည် ၄.၆.၂၀၂၀ နေ့က ပျောက်ဆုံး သွားပါသည်။


မခင်စောမျိုး ၌ ( ၂ ) နှစ်အရွယ် သမီးကလေး တစ်ဦးရှိပါသည်။ ၄.၆.၂၀၂၀ နေ့က ညောင်ပင်သာရွာမှ အောင်နိုင်မန်း ( မနက် ၆.၃၀ ) ထွက်သောကားဖြင့် လိုက်ပါသွားပြီး ရွှေဘိုမြို့ ရွှေစံပြလမ်းခွဲ၌ ဆင်းကာ ယောက်ျားလေး တစ်ဦးက

လာခေါ်သွား သည်ဟုလည်း သတင်းရရှိ ထားပါ သည်။ မိဘများမှ စိတ်ပူနေပြီး သမီးကလေးမှာလည်း ရင်ကွဲနာ ကျသည့်ပုံစံ ဖြစ်နေကာ ဘာမျှ ကျွေးမရဘဲ ယနေ့စတင်ဖျားနာနေပြီ ဖြစ်ပါသည်။

ညောင်ပင်သာ ရဲစခန်း၌လည်း လူပျောက် တိုင် ကြားထားပါသည်။ လက်ခံထား သူများကိုလည်း တရားစွဲ ဆိုပါမည်။

တွေ့ရှိသူများ အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် အကြောင်းကြားပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (၀၉ ၄၀၀ ၆၃၀ ၉၉၅/၀၉ ၇၆၉ ၄၄၆ ၄၄၂)

Tags: