ဘုရားဌာပနာ ေဖာက္ထြင္းသူေတြ မသိလိုက္တဲ့ ပုဂံဘုရားေတြမွာ က်ိန္ဆိုထားတဲ့ က်ိန္စာမ်ား

ဘုရားဌာပနာ ေဖာက္ထြင္းသူေတြ မသိလိုက္တဲ့ ပုဂံဘုရားေတြမွာ က်ိန္ဆိုထားတဲ့ က်ိန္စာမ်ား

ပုဂံက ဘုရားေတြ ဒီတေလာ အေဖါက္ခံရတယ္။ ေဖါက္တဲ့လူက နားမလည္တာ လားေတာ့ မသိဘူး၊ ပုဂံေခတ္ ေရွးေဟာင္း ပစၥည္းေတြေတာ့ မရသြားပါဘူး၊ ဘုရားေတြက ၂၀၀၅ ခုႏွစ္ ပါတ္ဝန္းက်င္က အထြဋ္တင္ ျပဳျပင္ထားတဲ့ ေစတီပုထိုး

အသစ္ေတြ ျဖစ္ေနတယ္။ ဘာပဲျဖစ္ျဖစ္ ဌာပနာထည့္လႈထားတဲ့ ျပဳျပင္မြမ္းမံအလႈရွင္ေတြ စိတ္မခ်မ္းမသာ ျဖစ္ရပါတယ္။ ခရီးသြားေတြမရွိ ေျခာက္ကပ္ေနတဲ့အခ်ိန္၊ ညမထြက္ရအမိန႔္ကို အခြင့္ေကာင္းယူသြားတဲ့ လူလြန္မ သားေတြပဲ။

ပုဂံေခတ္က က်ိန္စာတခုမွာ သူ႕ရဲ႕ဘုရားကို ပ်က္စီးေအာင္ ႀကိဳးပမ္းသူကို ပုဂံနဲ႕ ေညာင္ဦးၾကား မဟာပ ထဝီေျမႀကီးရဲ႕ ေျမမႈံတမႈံ ကို တႏွစ္ႏႈန္းနဲ႕ မဟာအဝီစိမွာ က်ပါေစလို႔ က်ိန္ဆိုထားခဲ့ဖူးတယ္ ပုဂံၿမိဳ႕ေဟာင္း နဲ႕ ေညာင္ဦးက ၃ မိုင္ေဝးတယ္။

အလွ်ား ၃ မိုင္ x ေျမထု ၇၉၁၇ မိုင္ ဆိုတဲ့ ကိန္းဂဏန္းေပၚက ေျမမႈံတမႈံ တႏွစ္နဲ႕ ႏွစ္အေရအတြက္ဟာ မဟာကုေဋေပါင္းမ်ားစြာ ငရဲခမွာ…. မေရမတြက္နိုင္ဘူး။ အလြန္ေၾကာက္ဖို႔ ေကာင္းတယ္။

က်ိန္စာ အမ်ားစုမွာေတာ့ ဖ်က္ဆီးသူဟာ အရိေမတၱ ယ်ဘဳရားရွင္ကို ဖူးခြင့္ မရပါေစနဲ႕ လို႔ က်ိန္ဆိုတယ္။ အဓိပၸါယ္က ဒီဘဒၵကမာၻႀကီးရဲ႕ ေနာက္ဆုံးေသာဘု ရားရွင္ ၿပီးေတာင္ သံသရာဝဋ္ ဆင္းရဲက မကြၽတ္ပါေစနဲ႕ ဆုေတာင္းတာပဲ။

ပထမက်ိန္စာထက္ ေၾကာက္စရာေကာင္းတယ္။ ဘယ္ကမာၻအထိ သံသရာလည္ၾကရမယ္မသိ။ ေမာင္မင္း ႀကီးသားမ်ား ယာမတန္ခိုးလား ကိုဗစ္တန္ခိုးလား ေတာ့မသိဘူး မေၾကာက္မ႐ြံ သတၱိ ေကာင္းၾက ပါေပတယ္။

(Unicode version) ဘုရားဌာပနာ ဖောက်ထွင်းသူတွေ မသိလိုက်တဲ့ ပုဂံဘုရားတွေမှာ ကျိန်ဆိုထားတဲ့ ကျိန်စာများ

ပုဂံက ဘုရားတွေ ဒီတလော အဖေါက်ခံရတယ်။
ဖေါက်တဲ့လူက နားမလည်တာ လားတော့ မသိဘူး၊ ပုဂံခေတ် ရှေးဟောင်း ပစ္စည်းတွေတော့ မရသွားပါဘူး၊ ဘုရားတွေက ၂၀၀၅ ခုနှစ် ပါတ်ဝန်းကျင်က အထွဋ်တင် ပြုပြင်ထားတဲ့ စေတီပုထိုး

အသစ်တွေ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ဌာပနာထည့်လှုထားတဲ့ ပြုပြင်မွမ်းမံအလှုရှင်တွေ စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ခရီးသွားတွေမရှိ ခြောက်ကပ်နေတဲ့အချိန်၊ ညမထွက်ရအမိန့်ကို အခွင့်ကောင်းယူသွားတဲ့ လူလွန်မ သားတွေပဲ။

ပုဂံခေတ်က ကျိန်စာတခုမှာ သူ့ရဲ့ဘုရားကို ပျက်စီးအောင် ကြိုးပမ်းသူကို ပုဂံနဲ့ ညောင်ဦးကြား မဟာပ ထဝီမြေကြီးရဲ့ မြေမှုံတမှုံ ကို တနှစ်နှုန်းနဲ့ မဟာအဝီစိမှာ ကျပါစေလို့ ကျိန်ဆိုထားခဲ့ဖူးတယ် ပုဂံမြို့ဟောင်း နဲ့ ညောင်ဦးက ၃ မိုင်ဝေးတယ်။

အလျှား ၃ မိုင် x မြေထု ၇၉၁၇ မိုင် ဆိုတဲ့ ကိန်းဂဏန်းပေါ်က မြေမှုံတမှုံ တနှစ်နဲ့ နှစ်အရေအတွက်ဟာ မဟာကုဋေပေါင်းများစွာ ငရဲခမှာ…. မရေမတွက်နိုင်ဘူး။ အလွန်ကြောက်ဖို့ ကောင်းတယ်။

ကျိန်စာ အများစုမှာတော့ ဖျက်ဆီးသူဟာ အရိမေတ္တ ယျဘုရားရှင်ကို ဖူးခွင့် မရပါစေနဲ့ လို့ ကျိန်ဆိုတယ်။ အဓိပ္ပါယ်က ဒီဘဒ္ဒကမ္ဘာကြီးရဲ့ နောက်ဆုံးသောဘု ရားရှင် ပြီးတောင် သံသရာဝဋ် ဆင်းရဲက မကျွတ်ပါစေနဲ့ ဆုတောင်းတာပဲ။

ပထမကျိန်စာထက် ကြောက်စရာကောင်းတယ်။ ဘယ်ကမ္ဘာအထိ သံသရာလည်ကြရမယ်မသိ။
မောင်မင်း ကြီးသားများ ယာမတန်ခိုးလား ကိုဗစ်တန်ခိုးလား တော့မသိဘူး မကြောက်မရွံ သတ္တိ ကောင်းကြ ပါပေတယ်။

Tags: