ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕မ ရဲစခန္းေရွ႕ ဝင္ ေပါက္အနီး ည ၈ နာရီ ၁၅ အခ်ိန္တြင္ ဗုံးေပါက္ ကြဲမႈ ျဖစ္ပြားၿပီး သုံးဦးထိခိုက္ ဒါဏ္ရာရ

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕မ ရဲစခန္းေရွ႕ ဝင္ ေပါက္အနီး ည ၈ နာရီ ၁၅ အခ်ိန္တြင္ ဗုံးေပါက္ ကြဲမႈ ျဖစ္ပြားၿပီး သုံးဦးထိခိုက္ ဒါဏ္ရာရ

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕မ ရဲစခန္းေရွ႕ ဝင္ ေပါက္ အနီး ေမလ ၈ ရက္ ည ၈ နာရီ ၁၅  မိနစ္ေလာက္က ဗုံးေပါက္ကြဲမႈ ျဖစ္ပြားၿပီး လူ ၃ ဦးေလာက္ ဒဏ္ရာရ သြားတယ္လို႔ မ်က္ျမင္ေဒသခံေတြက ေျပာပါတယ္။

ဗုံးေပါက္ကြဲမႈ ျဖစ္စဥ္ကို သက္ဆိုင္ရာက စုံစမ္းစစ္ေဆးေနၿပီး  ေပါက္ကြဲမႈေၾကာင့္ အနီးအနားမွာ  ထီေရာင္းေနသူတစ္ဦး၊ ဖုန္းဆိုင္က တစ္ဦးနဲ႕ ရဲတပ္ဖြဲ႕ မိသားစုဝင္တစ္ဦး  စုစုေပါင္း ၃ ဦး ဗုံးေပါက္ကြဲလြင့္စင္တဲ့ အစေတြထိမွန္တဲ့အတြက္  မစိုးရိမ္ရ  ဒဏ္ရာနဲ႕  ေကာ့ကရိတ္ေဆး႐ုံသို႔ ပို႔ေဆာင္ကုသ ေပးေနပါတယ္။

အဆိုပါ ရဲစခန္းေရွ႕လမ္းမကို ယာယီ ပိတ္ထားၿပီး ရဲတပ္ဖြဲ႕၊ နယ္ေျမခံ  တပ္မေတာ္ စစ္ဘက္တာဝန္ရွိသူေတြက  အနီးပတ္ဝန္းက်င္ နယ္ေျမ ရွင္းလင္းေရးနဲ႕ ျဖစ္စဥ္ကို စုံစမ္း စစ္ေဆးေနတယ္လို႔   ေကာ့ကရိတ္ၿမိဳ႕ခံေတြရဲ႕ ေျပာစကားအရ သိရပါတယ္။

ဒါ့အျပင္ မေပါက္ကြဲေသးတဲ့ ဗုံးတလုံး  ထပ္မံ ေတြ႕ရွိတယ္လို႔လည္း    ကနဦးသတင္းအရ သိရွိရၿပီး ဒီျဖစ္စဥ္နဲ႕ ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကေတာ့ မသိရေသးပါဘူး။

(Unicode version) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မ ရဲစခန်းရှေ့ ဝင်ပေါက်အနီး ည ၈ နာရီ ၁၅ အချိန်တွင် ဗုံးပေါက် ကွဲမှု ဖြစ်ပွားပြီး သုံးဦးထိခိုက် ဒါဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မ ရဲစခန်းရှေ့ ဝင် ပေါက် အနီး မေလ ၈ ရက် ည ၈ နာရီ ၁၅  မိနစ်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၃ ဦးလောက် ဒဏ်ရာရ သွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပြီး  ပေါက်ကွဲမှုကြောင့် အနီးအနားမှာ  ထီရောင်းနေသူတစ်ဦး၊ ဖုန်းဆိုင်က တစ်ဦးနဲ့ ရဲတပ်ဖွဲ့ မိသားစုဝင်တစ်ဦး  စုစုပေါင်း ၃ ဦး ဗုံးပေါက်ကွဲလွင့်စင်တဲ့ အစတွေထိမှန်တဲ့အတွက်  မစိုးရိမ်ရ  ဒဏ်ရာနဲ့  ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ကုသ ပေးနေပါတယ်။

အဆိုပါ ရဲစခန်းရှေ့လမ်းမကို ယာယီ ပိတ်ထားပြီး ရဲတပ်ဖွဲ့၊ နယ်မြေခံ  တပ်မတော် စစ်ဘက်တာဝန်ရှိသူတွေက  အနီးပတ်ဝန်းကျင် နယ်မြေ ရှင်းလင်းရေးနဲ့ ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးနေတယ်လို့   ကော့ကရိတ်မြို့ခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

ဒါ့အပြင် မပေါက်ကွဲသေးတဲ့ ဗုံးတလုံး  ထပ်မံ တွေ့ရှိတယ်လို့လည်း    ကနဦးသတင်းအရ သိရှိရပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကတော့ မသိရသေးပါဘူး။

Tags:

Add a Comment

Your email address will not be published. Required fields are marked *